Monday, December 21, 2015

ရွှံပေနေတဲ့ ပတ္တမြား


ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့သူတွေ၊ ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့တထောင်းထောင်းနဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ်။
............................................
ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့ လာရပ်တယ် ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ်။ ဆိုင်အလုပ်သမားတစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲကနေလည်း မောင်းထုတ်တော့တယ်။

..................................
ဒါပေမဲ့ သူတောင်းစား က ကမန်းကတန်းရှင်းပြရှာတယ် “ကျွန်တော် လာတောင်း စား တာ မဟုတ်ပါဘူးခင်ဗျာ ပေါက်စီလာဝယ်တာပါ ” လို့ ကြောက်ကြောက်လန့်လန့် နဲ့ပြောရှာ ယင်း လက်ထဲ မှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကိုဖြန့်ပြရှာတယ် ဆိုင်အလုပ်သမားက နားမထောင်ပဲ အမြင်ကတ်ကတ်နဲ့ သူတောင်းစားလက်ကို ပုတ်ထုတ်ပစ်တော့ ပိုက်ဆံတွေ ကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေ ရော။
................................
သူတောင်းစားလေးလဲ ကမန်းကတန်း နဲ့ အလန့်တကြားသူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာတယ်။ ဒါပေမဲ့သူ့ပိုက်ဆံ က ၅၀ တန်တစ်ရွက်လို နေရော၊ အောက်အကျမှာ သူ့ငါးဆယ်ကျပ်တန်လေးတစ်ရွက်က ဆိုင်ထဲ လွင့်ပါသွားတာ သူဘယ်လို ကုန်း ရှာ၇ှာ မတွေ့ ဘူးဖြစ်နေရော။
အဲ့အချိန်မှာပဲ..
“ဒါ သင့်ရဲ့ ပိုက်ဆံ ဟုတ်ပါသ လားခင်ဗျာ ”
သူမော့ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင် ဦးလေး သဌေးကြီး ကိုယ်တိုင်ဖြစ်နေရော။ သူတောင်းစားလေးလဲ ဘာမှပြန်မပြောရဲတဲ့အပြင် သူ့ပိုက်ဆံ တောင်သူပြန် မယူရဲတော့ပဲ ဆိုင်ထဲ ကနေလှည့်ထွက်ပြေးမ လို့ပြင်ရှာတယ်။ ဒါပေမဲ့ သဌေးက သူ့ကို ရပ်ခိုင်းပြီး
“ ဝမ်းသာကြို ဆိုပါတယ်။ ဘာအဆာသွပ်ပေါက်ဆီများ ရချင်ပါသလဲ ခင်ဗျာ ” လို့ ချိသာပြုံးရွင်စွာနဲ့ ကြိုဆိုရင်း ပြောတယ် ...
.............................
သူတောင်းစားလည်း အံ့သြစွာ နဲ့ကြောင်နေရှာတယ်။ ပြီးတော့မှမဝံ့မရဲနဲ့ “ ကျွန်တော် ဝက်သားပေါက်စီတစ်လုံးရချင်လို့ပါခင်ဗျာ ” လို့ပြောရော သဌေး ကြီးက
“ အော်ရပါတယ် ခင်ဗျာ ခဏစောင့်ပါ ”ဆိုပြီ ပေါင်းအိုးထဲ ကပေါက်စီတစ်လုံးကို ယူပြီး သူတောင်းစားကို ထုတ်ပိုးပေးလိုက်ပါတယ်။
....................
ပြီးတော့မှ သူ့ရဲ့ အလုပ်သမားဖက်လှည့်ပြီးပြောတာ “ ဒါလား မင်းရဲ့ဖောက်သည်အပေါ် ဆက်ဆံ တဲ့ပုံစံ ???
“ သူက သူတောင်းစား လေ ခင်ဗျာ ” “ သူ့ဖာသာသူတောင်းစားမက လို့ ဘာပဲဖြစ်ဖြစ်ပေါ့။ ငါတို့ ဆိုင်လာဝယ်ရင်ငါတို့ ရဲ့ဧည့်သည် ဖောက်သည်ပဲ ကွ ...မင်းကို ငါ အလုပ်ဖြုတ်တယ် ဆိုပြီး ..တန်းအလုပ်ထုတ်ပစ်တယ်။
.........................
အဲ့ဒီနောက်တော့ နောက်နေ့ တွေ မှာ ဆိုင်ကဖောက်သည်တွေ အံ့သြ လန့် ဖြန့်ကုန် စေတာကတော့ သဌေးကြီးဟာ အဲ့ဒီသူတောင်းစားလေးကို ဆိုင်အလုပ်သမားခန့်ထားလိုက်တာပါပဲ
ပြီးတော့ သူတောင်းစား လူငယ်လေးဟာ ဆံပင်မုတ်ဆိတ် တွေ ရှင်းပြီး သန့်သန့် ပြန်ပြန့်လေး ဝတ်စားဆင်ယင်လိုက်တော့ ခန့်ညား ကြည့်ကောင်းတဲ့ လူငယ်လေးဖြစ်နေယုံတင်မက ဘူး အရမ်းရိုးသားကြိုးစားပြီး ဆိုင်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အလုပ်သမားဖြစ်နေတော့တာပါပဲ။
.....................
ဒါနဲ့ ဖောက်သည်တွေက နောက်ကျတော့ ဆိုင်ရှင်သဌေးကြီးကိုမေးကြတာ “ ဒီကောင်လေး ဟာ ပတ္တမြားနွံနှစ် လေးပဲဖြစ်တယ် ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အကဲဖြတ် တာလဲ ” မီးခဲပြာဖုံး ဆိုတာ ဘယ်လိုသိနေတာလည်း ? ဆိုတော့ သဌေးကပြောတာ...
“တကယ်တမ်းတော့ အရမ်းကိုလွယ်ပါတယ် သူဟာပေါက်စီကို လာတောင်းစားတာမဟုတ်ဘူး ပိုက်ဆံတွေ ခက်ခက်ခဲခဲ စုလာပြီး ပိုက်ဆံရှိတော့မှ ငါ့ ပေါက်စီ ကို လာဝယ်စား ကတည်းက သူ့ကိုယ်သူ လေးစားတဲ့သူဖြစ်တယ် ဆိုတာ သိနေ နိုင်တာပါပဲ” တဲ့။
.............................
-----------------------
တစ်ပါးသူကို လေးစားတတ်တာဟာ မိမိ ကိုယ်ကိုယ်လေးစားတတ်ခြင်းပါပဲ။
ကိုယ့်ကိုယ် ကို လေးစားတဲ့ သူမျှ သာလျှင် ကိုယ်လုပ် တဲ့ အလုပ်ကိုလေးစားတတ်မှာပဲ ဖြစ်ပါတယ် ခင်ဗျား။
+++++++++++++++
Credit to Original Writer

No comments: