Saturday, December 19, 2015

မြန်မာ့ကျပ်ငွေ

• မြန်မာနိုင်ငံမှာ အသပြာငွေကို ၁၈၅၂ ခုနှစ်ကည်းကသုံးခဲ့တယ်။ ပဌမဆုံးငွေက ၁၈၅၂ ကနေ ၁၈၈၉ အထိဖြစ်တယ်။
• ငွေဒင်္ဂါးခေါ်တဲ့အကြွေငွေကို ၁၈၅၂ ခုနှစ် မင်းတုန်းမင်းလက်ထက်က စသုံးတယ်။ ပြင်သစ်က အကူအညီပေးခဲ့တယ်။
• ၁၉၄၃ ကနေ ၁၉၄၅ အတွင်းသုံးခဲ့တာက ဂျပန်ငွေစက္ကူတွေဖြစ်တယ်။
• ၁-၇-၁၉၅၂ မှာ အသစ်တွေစသုံးတယ်။
• ၁၉၅၆ ခုနှစ်ကစပြီး ၁၊ ၅၊ ၁ဝ၊ ၂၅ နဲ့ ၅ဝ ပြားအကြွေတွေထုတ်တယ်။ ၁၉၄၄ ခုနှစ်မှာ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ် စက္ကူတွေထုတ်တယ်။ ၁၉၄၄ မှာ ၁ဝဝ တန်ထုတ်တယ်။

• ၁၂-၂-၁၉၅၂ နေ့မှာ ပြည်ထောင်စုဘဏ်ကနေ ငွေစက္ကူသစ် ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ်စက္ကူတွေထုတ်တယ်။
• ၂၁-၉-၁၉၅၈ မှာ ၂ဝ တန်နဲ့ ၅ဝ တန်တွေထုတ်တယ်။
• ၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို တရားမဝင်ကြေညာလိုက်ပါတယ်။ အဲတာကပဌမဆုံးအကြိမ်ပါ။
• ၁၉၇၂ ခုနှစ်မှာ မြန်မာကျပ်ငွေတွေကို ဝါဇီစက်ရုံကနေရိုက်ထုတ်ပါတယ်။ ဂျာမဏီ Giesecke & Devrient ကနေ ကူညီခဲ့တာဖြစ်တယ်။
• ၃-၁၁-၁၉၈၅ နေ့မှာ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင်ကြေညာလိုက်တယ်။
• ၁ဝ-၁၁-၁၉၈၅ နေ့မှာ ၇၅ ကျပ်တန်ငွေစက္ကူစထုတ်တယ်။ ဦးနေဝင်းရဲ့ ၇၅ နှစ်မြောက်မွေးနေ့အတွက်လို့ ယူဆရပါတယ်။
• ၁-၉-၁၉၈၆ နေ့မှာ ၁၅ ကျပ်နဲ့ ၃၅ ကျပ်တန်တွေထုတ်ပါတယ်။
• ၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင်ကြေညာလိုက်ပါတယ်။
• ၂၂-၉-၁၉၈၇ နေ့မှာ ၄၅ ကျပ်တန်နဲ့ ၉ဝ ကျပ်တန်ငွေစက္ကူတွေထုတ်ပါတယ်။ ဦးနေဝင်းရဲ့ ကံကောင်းတဲ့နံပါတ် ၉ အရလို့ ယူဆကြပါတယ်။
• ၂ဝ-၆-၁၉၈၈ နေ့မှာ ငွေစက္ကူသစ်တွေရိုက်ပါတယ်။
• ၁-၃-၁၉၉ဝ နေ့မှာ ၁ ကျပ်တန်နဲ့ ၂၇-၃-၁၉၉ဝ နေ့မှာ ၂ဝဝ ကျပ်တန်ငွေစက္ကူတွေရိုက်ပါတယ်။
• ၂၇-၃-၁၉၉၄ နေ့မှာ ပြား ၅ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ နဲ့ ၅ဝဝ ကျပ်တန်ငွေစက္ကူတွေရိုက်နှိပ်ပါတယ်။
• ၁-၅-၁၉၉၅ နေ့မှာ ၅ ကျပ်တန်နဲ့ ၁ဝ တန်တွေရိုက်နှိပ်ပါတယ်။
• ၁၉၉၈ ထဲမှာ ၁ဝဝဝ တန်ငွေစက္ကူတွေရိုက်ပါတယ်။
• ၂ဝဝ၄ ခုနှစ်ထဲမှာ ၂ဝဝ၊ ၅ဝဝ နဲ့ ၁ဝဝဝ တန်တွေကို အရွယ်အစားသေးလိုက်ပါတယ်။
• ၁-၁ဝ-၂ဝဝ၉ နေ့မှာ ၅ဝဝဝ တန်ငွေစက္ကူသစ်တွေထုတ်တယ်။
• ၁၅-၆-၂ဝ၁၂ နေ့မှာ ၁ဝဝဝဝ တန်ငွေစက္ကူတွေထုတ်တယ်။
Foreign Exchange Certificates (FEC)
• FEC ခေါ်တဲ့ ဒေါ်လာတုငွေစက္ကူတွေကို ၁၉၉၃ မှာစထုတ်ပါတယ်။ အဲဒီတုန်းက တရားဝင်ငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာ = ၆ မြန်မာကျပ်သာဖြစ်ပါတယ်။
• ၂ဝ-၃-၂ဝ၁၂ နေ့မှာ FEC တွေကို တဖြေးဖြေးရုပ်သိမ်းမယ်လို့ကြေညာခဲ့တယ်။
• မှောင်ခိုဈေးကွက်မှာ ၇၅ဝ ကနေ ၁၃၃၅ ကျပ်အထိပေးရတယ်။ နိုင်ငံခြားသားတိုင်း ဒေါ်လာ ၂ဝဝ မလဲမနေရ ၂ဝဝ၃ အထိလုပ်ခဲ့တယ်။
• ၂-၄-၂ဝ၁၂ နေ့မှာ ငွေလဲတာကို အရှင်လုပ်လိုက်တယ်။ ၁ ဒေါ်လာကို ၈၁၈ ကျပ်ထားတယ်။
• ၂ဝ-၃-၂ဝ၁၃ နေ့မှာ FEC ကိုရုပ်သိမ်းလိုက်တယ်။
(ကွဲလွဲချက်တွေ့လာပါရင် ရေးထားတာကိုပြင်ပါမယ်။)
ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂ဝ၁၅
ပုံ = ၁၉၄၅ ခုနှစ်သုံးငွေစက္ကူ

No comments: