Sunday, December 6, 2015

မင်းလှခံတပ်

မင်းလှ ခံတပ်...
မင်းလှခံတပ်ကို ခရစ်နှစ်(၁၈၆၀)ခုနှစ်တွင်
မင်းတုန်းမင်းကြီး၏ ညီတော်..ကနောင်မင်းသားကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြစ် တည်ဆောက်ခဲ့ပါသည်။
ပြင်သစ်နှင့် အီတာလျံ လူမျိုး အင်ဂျင်ယာများဖြစ်ကြပါသည် ကိုမိုတိုဝယ်ရီနှင့်
မိုလီနာရီ တို့မှ အကူအညီဖြင့် နိုင်ငံခြား
ပညာတော်သင် ပြန်အင်ဂျင်နီယာများနှင့်
ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ခံတပ်ကြီးမှာ အရှေ့အနောက်အလျား(၁၈၄)ပေနှင့် တောင်မြောက်အလျား(၂၇၁)ပေ အမြင့်ပေ(၂၆)ပေရှိပီး
ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းပါးတွင်
တည်ဆောက်ထားခြင်းဖြစ်ပါသည်၊

ခံတပ်ကြီး၏...ပန္နက်ဖွဲ့စည်ပုံအနေအထားမှာ အနောက်ဘက်တွင် ဝင်ပေါက်တစ်ခုရှိပြီး ခံတပ်၏ အလယ်တွင်
ကွက်လပ်ချန်ထား၍ နံရံလေးဘက်တွင်
စစ်သည်တော်များနေထိုင်ရန် ရိက္ခာတို
လှောင်ရန် စသည့်အခန်းများဖြစ်ပါသည်၊
အခန်းအရေအတွက်မှာ ..
အရှေ့ဘက်ခြမ်းတွင် ၇ ခန်း အနောက်ဘက်
တွင် ၄ ခန်းတောင်ဘက်တွင် ၆ ခန်း မြောက်ဘက်တွင် ၄ ခန်း စုစုပေါင်း(၂၁) ခန်း ရှိသည့် ခံတပ်၏ အတွင်းဝိုင်းတွင်
အပေါ်တို့ တန်ရောက်ရန် တောင်ဘက်နံရံ
တွင် လှေကား ၂ စင်း ထပ်ဆင့်ထားပါသည်
ထိုအတွင်းခံတပ်၏ အနောက်ဘက်ဝင်ပေါက်၏ လက်ဝဲခံတပ်အပေါ်တို့အမြှောက်များတင်ရန် အတွက် ဆင်ခြေလျောလမ်းပြု
လုပ်ခါ အပေါ်ထပ်တွင် တံခါးပြုလုပ်ထားပါသည်။
အမြှောက်ဒဏ်ခံနိုင်ရန် တည်ရှိစေရန်
နံရံအထူးကြီး နှစ်ခုကြား၌ မြေသားများဖို့၍
တည်ဆောက်ခဲ့ပါသည်၊...
စသည်ပေါ့..
၁၈၈၅ ခုနစ်တွင် နယ်ချဲ ဗြီထိသျှ တပ်များ
ဝင်ရောက်တိုက်ခိုက်စဉ် မင်းလှခံတပ်မှ
မင်းထင်မင်းလှ ရဲခေါင်သုရိန်နှင့် တပ်သား
(၅၀၀) ကျော်တို့က အမြှောက်ကြီး(၃၅)လက် ဓား သေနက် မီးပေါက်စသည်တို့ဖြင့် ကြံကြံခံကာခုခံတိုက်ခိုက်ခဲ့ကြပါသည်။
ခံတပ်ကြီး၏ မြောက်ဘက်အနီးတွင် မြန်မာ
ဘုရင်ခေတ်ကြေးနန်းရုံးငယ် တစ်ခု ယနေ့ထိ ထိန်းသိမ်းထားပါသည်၊ သုတေသနမှ
ထိန်းသိမ်းဆောင့်လျောက်ထားပါသည်
မင်းလှခံတပ်ကိုဇယာဝင်အဆောက်အအုံဖြစ် သက်မှတ်၍ (၁၉၅၇)ခုနှစ်ယခု
အချိန်ထိ ရှေ့ဟောင်းသုတေသနမှ အမျိုးသားပြတိုက်နှင့် စာကြည်တိုက်ဦးစီဌာနမှ ပြုပြင်ထိန်းသိမ်းစောင့်လျောက်ခဲ့ပါသည်ဟုတင်ပြလိုက်ပါသည်။.....
BTO မှ လေ့လာသူ...

No comments: