Monday, December 21, 2015

ဘုရားစေတီတွေရဲ့ မုခ်ဝမှာ ခြသေ့င်္ရုပ်တွေ ထုလုပ်ထားတဲ့ အဓိပ္ပါယ်


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားစေတီပုထိုး တိုင်းလိုလိုရဲ့
မုခ်ဝတွေမှာ ခြသေ့င်္ရုပ်တွေ ရှိနေတာကို အားလုံးတွေ့ရမှာပါ။ ဘာ
ကြောင့် ခြသေ့င်္ရုပ်တွေ ထားရတာလဲ ၊ ဘာအဓိပ္ပါယ်နဲ့လဲ....
ထိုအဖြေကို ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင်
နေတဆူလတပါးထင်ရှားကျော်ကြားသော မုန်တိုင်ဆရာတော်ဘု
ရားကြီးက-
"ငါတို့ဂေါတမဘုရားလောင်းလျာသည် သုမေဓာရှင်ရသေ့ ဘ၀မှ
ဗျာဒိတ်ခံခဲ့သည်။ ၂၄ ဘ၀ ဖြစ်တော်မူရာ ပဒုမဘုရားရှင်လက်ထက်
တွင် ကေသရာဇာ ခြသေ့င်္မင်းဖြစ်ခဲ့ဖူးသည်။

တစ်နေ့သောအခါ အလောင်းတော်ခြသေ့င်္မင်းသည် တောထဲသို့ အ
စာရှာထွက်စဉ် တော်အုပ်အလယ်၌ ပဒုမမြတ်စွာဘုရားရှင်သည် နိ
ရောဓ သမာပတ် ၀င်စားလျက်ရှိနေသည်ကို ရုတ်တရက်ဖူးတွေ့လိုက်
ရသည်။ ခြသေ့င်္မင်းသည် လွန်စွာမှ ကြည်ညိုလှသဖြင့် ဘုရားဂုဏ်ကို
အာရုံပြုလျှက် ခုနှစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ ဘုရားရှင်ရှေ့
မှောက်တွင် ရိုသေ၀ပ်တွား ပူဇော်ဆည်းကပ်နေခဲ့သည်။
ပဒုမဘုရားရှင်သည် နိရောဓ သမာပတ်မှ ထတော်မူသည့်အခါ ခုနှစ်
ရက်ပတ်လုံး အစာမစားပဲ ကြည်ညိုသဒ္ဒါထက်သန်စွာ ၀ပ်တွားဆည်း
ကပ်နေသည့် ခြသေ့င်္မင်းအား နောင်အခါ 'ငါကဲ့သို့ပင် ဘုရားစင်စစ် ဧ
ကန် ဖြစ်လတ္တံ' ဟု ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
ထိုကဲ့သို့ ဘုရားလောင်းခြသေ့င်္မင်းကို အကြောင်းပြုပြီး နှောင်းလူတို့
သည် ဘုရားစေတီပုထိုးတို့အား ဖူးမျှော်ကန်တော့ရန် ရောက် ရှိသည့်
အခါ အလောင်းတော်ခြသေ့င်္မင်းကဲ့သို့ စူးစူးနစ်နစ် ကြည်ညိုသဒ္ဒါကြ
ရန် ခြသေ့င်္ရုပ်များ တည်ထားခဲ့သည်။ " ဟူ၍ ရှင်းလင်းမိန့်ကြားခဲ့
ကြောင်း မှတ်သားဖူးပါတယ်။

No comments: