Thursday, December 17, 2015

အပါတ်စဉ်(50)ဧည့်လမ်းညွှန်သင်တန်း

ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းအမှတ်စဉ်(၅၀)ဝင်ခွင့်စာမေးပွဲအတွက် လေ့လာရန် ထုတ်ပြန်ထားပါတယ်။ဧည့်လမ်းညွှန်သင်တန်းကျောင်း ဝင်ခွင့်စာမေးပွဲ၃နာရီမေးခွန်းတွင် မြန်မာစာဗဟုသုတမေးခွန်းတွင် စာစီစာကုံးတစ်ပုဒ် နဲ့ အင်္ဂလိပ်စာမေးခွန်းတွင် အက်ဆေးတစ်ပုဒ် မဖြစ်မနေ ဖြေဆိုရပါမယ်။အခု အမှတ်စဉ်၅၀မှစပြီး မြန်မာစာဗဟုသုတအတွက် လေ့လာရန် ထုတ်ပြန်ပေးတာ ပထမဆုံးပါ။အရင်တုန်းက Unseen ပါ။အင်္ဂလိပ်စာမေးခွန်းကတော့ Unseenဆိုတော့ Grammar ပိုင်နိုင်ကျွမ်းကျင်လေ့လာထားပါ။ခရီးသွားဗဟုသုတများကို မေးပါတယ်။စာစီစာကုံးနဲ့အက်ဆေး ကျက်မဖြေပါနဲ့ ကိုယ်ပိုင်အတွေးဖြင့် စုတုပြု လေ့ကျင့်ရေးသားထားကြပါ။ဝင်ခွင့်စာမေးပွဲ အောင်မြင်ကြပါစေ။

လျှောက်လွှာများကို (၁၄.၁၂.၂၀၁၅ မှ ၂၄.၁၂.၂၀၁၅) အတွင်းခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းကျောင်းတွင် လျောက်ထားနိုင်ပါသည်။ ။
လိပ်စာ-အမှတ် ၄၅၈/၄၆၀ ရသာကွန်ဒို(ဒုထပ်) မဟာဗန္ဓုလလမ်းနှင့် (၃၁) လမ်းဒေါင့်
ဆူးလေဘုရားအနီး ရန်ကုန်မြို့ (၀၁-၃၈၀၆၂၁)
လျောက်လွှာတင်ရန်အတွက်
-တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်(သို့)ဘွဲ့လက်မှတ် (မိတ္တူနှင့်မူရင်း)
-နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ နှင့်မူရင်း
-ရဲစခန်းထောက်ခံစာ
-ရပ်ကွက်ထောက်ခံစာ
စာမေးပွဲဖြေဆိုရက်-၃.၁.၂၀၁၆
မနက် ၈ နာရီအရောက်လာရန်
နေရာ-အထက (၃) ဗိုလ်တစ်ထောင်

No comments: