Thursday, December 3, 2015

သင်ဟာ ဧည့်သည်ပါ


တစ်ခါတော့ ဂျပန်နိုင်ငံက ဘုရင့်နန်းတော်ထဲကို ဘုန်းကြီးတစ်ပါးဝင်လာတယ်။ ဘုရင့်ရဲမက်တွေက နန်းတော်ထဲမ၀င်အောင် တားနေတာကို ဘုရင်ကြီးကတွေ့သွားတော့ ဘုန်းကြီးကို အထဲကိုခေါ်စေတယ်။
အထဲရောက်တော့ ဘုရင်ကြီးက " ဘုန်းဘုန်း ဘာဖြစ်လို့ နန်းတော်ထဲကို ၀င်လာတာပါလဲ " လို့မေးလိုက်တယ်။
ဘုန်းကြီးကတော့ " ငါ့ကို ဒီနန်းတော်က အကောင်းဆုံး အခန်းတစ်ခန်းပေး မနက်ဖြန်ကျရင် ငါပြန်မယ် " လို့ပြောလိုက်တယ်။
ဘုရင်ကြီးက ရယ်လိုက်ပြီး " အရှင်ဘုရား ဒါနန်းတော်ပါ တည်းခိုခန်းမဟုတ်ပါဘူး " လို့ပြောတယ်။

ဘုန်းတော်ကြီးကတော့ " ကောင်းပြီ မင်းကို ငါမေးမယ် ဒီနန်းတော်ကို မင်းအရင်က ဘယ်သူတွေ နေခဲ့လဲ
ဘုရင်ကြီးကတော့ " ကျွန်တော်ရဲ့ ဖခင်ဘုရင် နေထိုင်သွားပါတယ် "လို့ပြန်ဖြေတယ်။
ဘုန်းကြီးကပဲ " မင်းအဖေရဲ့ ရှေ့မှာကော ဘယ်သူနေထိုင်သွားလဲ "
ဘုရင်ကတော့ " အဖိုးဘုရင်ကြီး နေထိုင်သွားပါတယ် "
ဒီလိုနဲ့ ဘုန်းကြီးကမေးလိုက် ဘုရင်ကဖြေလိုက်နဲ့ ဘိုးဘေးတွေအထိရောက်တဲ့အခါမှာတော့ ဘုန်းတော်ကြီးက
" မင်းတို့ နန်းတော်ဟာ တစ်ယောက်နေလိုက် ထွက်သွားလိုက် နောက်တစ်ယောက်နေလိုက် ထွက်သွားလိုက်နဲ့ တည်းခိုခန်းသာသာပါပဲ။မင်းလဲ မင်းအဖေလို မင်းအဖိုးလို ထွက်သွားရဦးမှာပါပဲ ဒီတော့ ငါပြောတဲ့ တည်းခိုခန်းဟာ မှားသလားကွ တကယ်ဆိုရင် ငါတို့အားလုံးဟာ ဧည့်သည်တွေပါ"
မောင်စိုင်း
Posted By-နည်းစနစ်ကျကျအတွေးအခေါ်

No comments: