Friday, December 25, 2015

Carnberry Cutie Mocktail





ဒီ Carnberry Cutie Mocktail လေးကတော့ အဓိကအားဖြင့် Carnberry Juice, Orange Juice ရယ်၊ သံပရာသီး ရယ်။ ပူစီနံတို့နဲ့ ပြုလုပ်ထားတာပါ။ ဒီ Mocktail လေးက သောက်လိုက်ရင် သောက်သုံးသူကို စိတ်ရွှင်လန်းဆန်းသွားစေမှာပါ။ ပူစီနံလေးလည်းပါတော့ ညဖက်သောက်သုံးရင် အိပ်ရေးဝဝ အိပ်ပျော်စေမှာဖြစ်တယ်။ အရသာလည်းရှိပြီး သောက်လို့ကောင်းတဲ့ Mocktail လေးတစ်ခွက်ပါ။

   ပါဝင်ပစ္စည်း
   Carnberry Juice   –   90 ml
   Orange Juice   –   90 ml
   Lime Juice   –   20 ml
   Mint Leaves (ပူစီနံရွက်)   –   အနည်းငယ်
   Sugar Syrup (သကြားရည်)   –   10 ml
   ပြုလုပ်ပုံ
          ပထမဆုံး Carnberry Juice, Orange Juice, Sugar Syrup, ရေခဲတို့ကို အချိုးကျ Shaker ထဲထည့် Shake ပြီး ရေခဲကိုစစ်ထုတ်ပါ။ နောက် ပူစီနံရွက်နဲ့ Lime Juice တို့ကို ရေခဲအနည်းငယ်ထည့်ပြီး Blander ထဲထည့်မွှေပြီး အဖတ်များကို စစ်ထုတ်ကာ Glass ထဲသို့ လောင်းထည့်ပါ။ ထို့နောက် ပထမ Shake ထားသော Carnberry Juice, Orange Juice တို့ကို လောင်းထည့်ပြီးပါက စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို လန်းဆန်းတက်ကြွစေနိုင်သော Cranberry Juice Mocktail လေးကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
          Garnish အတွက်ကတော့ လိမ္မော်သီးစိတ်၊ ချယ်ရီသီး၊ ပူစီနံရွက်တို့ဖြင့် အလှဆင်နိုင်ပါတယ်။

No comments: