Friday, December 25, 2015

Frozen Melon Mix





အပြင်မှာ ရာသီဥတုပူချိန် စိတ်ဖိစီးမှုများချိန်နှင့် နေ့လယ်စာစားပြီး အနားယူချိန်တို့မှာ ဆို ပိုပြီးသောက်ရတာ အဆင်ပြေစေမှာပါ။ ဖရဲသီးနှင့် ပန်းသစ်တော်သီးတို့က ရင်ကိုအေးမြမှု၊ ဝမ်းကို အေးမှု၊ ခန္ဓာကိုယ်အပူကို ပျော့ချစေတဲ့ ဓာတ်အာနိသင်တွေရှိခြင်းကြောင့် နွေရာသီတွင်မက ရာသီတိုင်းမှာ ကျန်းမာရေးကို အထောက်အကူပေးပါတယ်။ ဖျော်ကြည့်ရအောင်နော်။ Glass tae အနေဖြင့် Long Mix အဖြစ် ဖျော်စပ်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
  • Watermelon (ဖရဲသီး) –        1/2 Half (အစိတ်ကြီး ၁ စိတ်)
  • Pear (ပန်းသစ်တော်) –        1 pcs၁ လုံး
  • Watermelon Syrup –        ၁၅ာူ (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)
  • Water (ရေ) –       အနည်းငယ် (သို့မဟုတ်)
Ice (ရေခဲ)          –       ရေခဲဇွန်း ၁ ဇွန်း (၄ တုံး၊ ၅ တုံး ခန့်)

ပြုလုပ်နည်း
ပြုလုပ်မှုအနေဖြင့် ဖရဲသီး၊ ပန်းသစ်တော်သီးတို့ကို အထက်တွင် ဖော်ပြသည့်အတိုင်း စိတ်ထားပါ။ Blander ကို အသုံးပြုပါ။ အသီးများ Blander ထဲသို့ ထည့်ပြီးလျှင် Watermelon Syrup ကို လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့် ရေခဲကို Frozen ဖြစ်စေဖို့ ခဲပြီး ကြေနေအောင် 1 ice coop၊ ရေခဲ Cube ၄ သို့ ၅ တုံးမျှထည့်ပြီး Bland ပါ မွှေပါ။ ရေခဲကျသည်အထိ ရေခဲမသုံးချင်ပါက ရေကိုလည်း အနည်းငယ် ထည့်ပြီး သုံးနိုင်ပါတယ်။ အသီးများက အရည်ရွှမ်းသောကြောင့် လိုအပ် မှ သုံးပေးပါ။ Garnish အလှဆင်ခြင်းအနေဖြင့် ဖရဲသီးစိတ်အသေးတစ်ခု ပန်းသစ်တော် အစိတ် တစ်ခုဆို လှပပြီး အေးမြတဲ့ Frozen Melon Mix ကို ရရှိပါပြီ။

No comments: