Thursday, December 17, 2015

စကားပြောခြင်းအကြောင်း ပြောပုံပြောနည်း





ကျွန်ုပ်တို့ အများစုသည် စကားပြောခြင်းအတွက် အချိန်တော်တော်များများ အသုံးပြုကြပါသည်။ တကယ်တမ်းအားဖြင့် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာချက်က သာမာန်ဗြိတိသျှ လူမျိုးတစ်ယောက်သည် သူ့ဘ၀၏ အချိန်(၆)လကို ရာသီဥတုအကြောင်းပြောခြင်းသက်သက်ဖြင့် ကုန်လွန်စေပါသည်ဟု ဖော်ပြထားပါသည်။ ဒါကြောင့် စကားပြောခြင်းကို ဖော်ပြရန် ဝေါဟာရနည်းလမ်းများရှိခြင်းမှာ မဆန်းပါပေ။

ဝမ်းနည်းစရာကောင်းတာကတော့ speak, talk နှင့် tell ကဲ့သို့သော ရိုးရိုးကြိယာများက အင်္ဂလိပ်စာကို သင်ယူသူများ အတွက် အခက်အခဲများစွာဖြစ်စေခြင်းဖြစ်ပါသည်။ ဒီသင်ခန်းစာမှာ အသုံးများတဲ့ "talking verb" (စကားပြောခြင်း ကြိယာ) ၂ ခုဖြစ်သော say နှင့် tell ကို လေ့လာပြီး ၄င်းတို့ကို မှန်ကန်စွာ အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍ အကြံပြု သွားမှာဖြစ်ပါသည်။ 
Say ကို တစ်စုံတစ်ယောက်ပြောခဲ့သော စကားကို တဆင့် ပြန်ပြောရာ၌ 'that-clause' ကို သုံး၍ အသုံးပြုပါသည်။ ပုံမှန်အားဖြင့်တော့ "that" ကို ချန်ခဲ့၍ ရပါသည်။ 
  • She said (that) she was thirsty. (သူမက ရေဆာတယ်ဟု ပြောပါတယ်။)
  • He says (that) he's a friend of yours. (သူက ခင်ဗျားရဲ့ သူငယ်ချင်းဟု ပြောပါတယ်။) 
အသေးစိတ်သိလိုပါ http://dictionaryblog.cambridge.org/2014/08/13/reported-speech-how-... လေ့လာနိုင်ပါသည်။ 
Say ကို အသုံးပြုသောအခါ အပြောခံရသူကို လက်ခံပြပုဒ် (indirect object) အဖြစ် အသုံးမပြုကြောင်းကို သတိပြုရန် အရေးကြီးပါသည်။ 
  • He said he was a teacher. (သူက သူဟာ ဆရာတစ်ဦးဖြစ်တယ်ဟု ပြောပါတယ်။)
  • He said me he was a teacher. (ဤဝါကျမှာ မှားပါသည်။ လက်ခံပြပုဒ် "me" မပါရပါ။ 
အပြောခံရသူအကြောင်းပြောလိုပါက ၀ိဘတ် "to" ကို အသုံးပြုရပါမည်။ 
  • What did he say to you? (သူ ခင်ဗျားကို ဘာပြောသလဲ။)
  • She said something to her friend. (သူမက သူမရဲ့သူငယ်ချင်းကို တစ်ခုခုပြောလိုက်တယ်။)
  • "Tell" နှင့် ကျတော့ ပြောင်းပြန်ဖြစ်ပါသည်။ Tell နှင့်ဆိုလျှင် အပြောခံရသူကို လက်ခံပြပုဒ်အဖြစ် သုံးကို သုံးရမှာ ဖြစ်ပါသည်။

  • He told us (that) he was from Canada. (သူက ကျွန်တော်တို့ကို သူဟာ ကနေဒါက ဖြစ်ပါတယ်ဟု ပြောပါတယ်။)
  • "Tell" ၏ နောက်တွင် ၀ိဘတ် "to" ကို အသုံးမပြုပါ။ 
  • Can you tell me what time it is? (ကျွန်တော့်ကို ဘယ်နှစ်နာရီရှိပြီလဲဆိုတာ ပြောပြနိုင်ပါမလား။)
  • Can you tell to me what time it is? (ဤဝါကျမှာ မှားပါသည်။ "to" မပါရပါ။) 
ဒါတွေအားလုံးက အရေးကြီးဆုံးသော သဒ္ဒါအချက်တွေဖြစ်ပါသည်။ သို့ရာတွင် ဘယ်အခါမှ say ကို သုံးပြီး ဘယ်အခါမှာ tell ကို သုံးရမလဲဆိုတာကို ဘယ်လို သိနိုင်ပါသလဲ။ 
တစ်စုံတစ်ယောက်က သင့်အားပြောခဲ့သော စကားကို တစ်ဆင့် ပြန်ပြောပါက နှစ်ခုထဲက တစ်ခု မဟုတ်တစ်ခုကို သုံးနိုင်ပါသည်။ သို့သော မတူညီသော သဒ္ဒါများကို မမေ့ပါနှင့်။ 
  • She said (that) she was thirsty. (သူမက ရေဆာတယ်လို့ ပြောပါတယ်။)
  • She told me (that) she was thirsty. (သူမက ကျွန်တော့်ကို ရေဆာတယ်လို့ ပြောပါတယ်။) 
ယေဘုယျကျသော ဘာသာရပ်နယ်ပယ်အကြောင်းပြောရတွင် "tell" ("say" မဟုတ်ပါ) ကို ၀ိဘတ် "about" နှင့် မကြာခဏ တွဲ၍ သုံးပါသည်။ 
  • My dad told me about his childhood. (ကျွန်တော့်အဖေက ကျွန်တော့်ကို သူ့ရဲ့ ခလေးဘ၀အကြောင်း ပြောပြပါတယ်။)
  • My Dad said me about his childhood. (ဤဝါကျမှာ မှားပါသည်။ said နှင့် about တွဲမသုံးရပါ။) 
သတင်းအချက်အလက်စုံစမ်းရာတွင် "tell"ကို အသုံးပြုပါသည်။ 
  • Can you tell me where to buy a ticket? (လက်မှတ်ဘယ်မှာ ၀ယ်ရမယ်ဆိုတာကို ပြောပြနိုင်ပါသလား) 
တစ်စုံတစ်ယောက်ကို ညွှန်ကြားချက်ပေးတဲ့အကြောင်းပြောရာတွင်လည်း "tell" ကို to-infinitive နှင့် တွဲသုံးပါသည်။ 
  • The pilot told us to fasten our seatbelts. (လေယာဉ်မှူးက ကျွန်တော်တို့ကို ထိုင်ခုံ ခါးပတ်များတပ်ထားရန် ပြောကြားပါသည်။) 
ထို့အပြင် say နှင့် တွဲသုံး၍ မရသော်လည်း tell နှင့် တွဲသုံးသော အသုံးများသော စကားလုံးအတွဲ (collocations) အများအပြားရှိပါသည်။ ဥပမာ - ကျွန်ုပ်တို့သည် tell the truth (အမှန်ကို ပြောသည်။)၊ tell lies(လိမ်ပြောသည်)၊ tell jokes (သာသပြောသည်)၊ tell stories (ပုံပြောသည်)၊ tell secrets (လျှို့ဝှက်ချက်ပြောသည်)၊ tell someone news (တစ်စုံတစ်ယောက်ကို သတင်းပြောသည်) ဟု သုံးလေ့ရှိပါသည်။

No comments: