Monday, December 21, 2015

သင်္ကြန်ရေသဘင်ပွဲဖြစ်ပေါ်လာပုံ

မြန်မာတို့၌ လတပေါင်း ၁၂-လ ပွဲတော်ပေါင်း၁၂ ပွဲဟု
သတ်မှတ်ချက်ရှိခဲ့ရာ သင်္ကြန်ပွဲတော်သည် နှစ်ဟောင်းကုန်ဆုံးသော နှစ်ဦးအချိန်၌ ကျင်းပသည့်
ပွဲတော်ဖြစ်၍ လူတိုင်းစိတ်ဝင်စားသော ပွဲတော် ဖြစ်ပါ
သည်။ ရှေးမင်းတို့လက်ထက်တော်အခါက သင်္ကြန်
ပြောင်းချိန် အတာတက်ချိန်တို့ကို ဗေဒင်ပညာရှိတို့က
သေချာစွာ တွက်ချက်၍ ဘုရင်မင်းမြတ်ထံ လျှောက်
ထားကြရသည်။ထိုအခါ ဘုရင်မင်းမြတ်က သက်ဆိုင်
ရာသို့ အမိန့်ထုတ်ပြန်၍ သင်္ကြန်ပြောင်းချိန် အတာတက်ချိန်တို့၌ အဆန်မပါသော အမြောက်သံ
များ ပေးစေရသည်။အခါတော် သုံးရက်အတွင်း၌ သန့်
စင်သော ရေကို အသိုက်အဝန်းတို့ဖြင့် ခပ်စေပြီးလျင်
စေတီ ပုထိုး ရုပ်ပွားတော်နှင့် ဗောဓိပင်ကို ညောင်ရေ
သွန်းကြရသည်။နန်းတွင်းသူ နန်းတွင်းသားများနှင့်တ
ကွ တိုင်းသူပြည်သားများလည်း တစ်ဦးပေါ်တစ်ဦး
မေတ္တာရေစင်ဖျန်း၍ သင်္ကြန်ပွဲသဘင် ဆင်နွှဲကြရ
သည်။
ရေသဘင်အစ
~~~~~~~~~~
ဤသင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံ၌သာ
မဟုတ် အိမ်နီးချင်းများ ဖြစ်ကြသော အိန္ဒိယပြည်
တရုတ်ပြည်တို့၌လည်းရှိလေသည်။
မြန်မာတို့၏ ရေကစားသော ဓလေ့သည် အိန္ဒိယမှ ကူး
စက်ဟန်တူသည်။အိန္ဒိယများ ရေကစားကြသည်ကား
ရေရိုးရိုးဖြင့် ပက်ဖြန်းကစားကြသည်မဟုတ် အနီရောင် ပန်းဆီရေဖြင့် ပက်ဖြနကစားကြခြင်းဖြစ်
လေသည်။ပန်းဆီရေဖြင့် ပက်ဖြန်းကစားကြခြင်းအ
ကြောင်းကို ကဝါလမိုင်းပုံပြင်၌ ဤသို့ဆိုလေသည်။
တစ်ရံရောအခါ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့သည်
ဝါထပ်ရက်ငင်နှင့် ပက်သက်၍ အငြင်းအခုံ ဖြစ်ပွားကြ
ရာ တစ်ဦးနှင့်တစ်ဦး အလျှော့မပေးဘဲ ပြင်းထန်သော
အဆင့်သို့ ငြင်းခုံမှု ဆိုက်ရောက်လာကြသည်။
ထိုအခါ နှစ်ဦးသဘောတူ တိုင်ပင်၍ ဗေဒင်အကျော်
ကဝါလမိုင်ထံ အဆုံးအဖြတ်ကို ခံကြရသည်။
ရှုံသောသူက လက်ခံစတမ်းဟု ကတိကဝတ်ပြု၍
ကဝါလမိုင်းထံ မေးကြသောအခါ ဗြဟ္မာမင်း ရှုံးနိမ့်၍
ဗြဟ္မာမင်း လည်ဖြတ်ခံရလေသည်။
သို့သော် ပြတ်သွားသော ဗြဟ္မာမင်း ဦးခေါင်းကို
ကောင်းကင်သို့ ပစ်ပါက ကမ္ဘာ၌ မိုးဆိတ်သုဉ်းသွား
လိမ့်မည်။ကုန်း၌ပစ်ပါက မြေသြဇာခန်းခြောက်လိမ့်
မည်။ထို့ကြောင့် ဗြဟ္မာမင်း၏ ဦးခေါင်းကို နန္ဒာဒေဝီ
စသော နတ်သမီးများက အလှည့်ကျ ကိုင်ထားကြရ
သည်။ ဗြဟ္မာမင်း၏ ကိုယ်မှလည်း သွေးများယိုစီး
လျက်ရှိရာ ဤအတိုင်းထားပါက ကမ္ဘာကြီး သွေးဗွက်
အတွင်း နစ်မြုတ်သွားရန် ရှိသောကြောင့် သင့်လျှော်
သော ဦးခေါင်းကို တပ်ဆင်ရန် ဦးခေါင်းကို ရှာဖွေသောအခါ မဟာပိန္နဲဆင်မင်း အိက်ပျော်နေ
သည်ကို တွေ့သဖြင့် ဦးခေါင်းကို ဖြတ်ယူပြီး ဗြဟ္မာ
မင်း၏ကိုယ်၌တက်လိုက်ရသည်။ထိုဗြဟ္မာမင်း၏
ကိုယ်နှင့်  ဆင်းဦးခေါင်းနတ်မင်းကို မဟာပိန္နဲနတ် ဟူ
သော အမည်ဖြင့် လူတို့ကိုးကွယ်ခဲ့ရာဖြစ်ခဲ့သည်။
ဗြဟ္မာကိုယ်မှကျသော သွေးများကိုလည်း အန္တရာယ်ကင်း၍ သိဒ္ဓိမြောက်သည်ဟူသော ယူဆ
ချက်ဖြင့် လူသားများ မိမိနှင့်တကွ ချစ်ခင်သောသူများ
အပေါ် ပက်ဖြန်းကြလေသည်။ထိုအစဉ်အလာဖြင့်
ဟိန္ဒူလူမျိုးတို့သည် နီသောရေဖြင့် သင်္ကြန်ပွဲ ဆက်နွှဲ
ကြသည်ဟု ဆိုလေသည်။
မဟာပိန္နဲနတ်
~~~~~~~~~~~
လူခန္ဓာကိုယ်နှင့် ဆင်ဦးခေါင်းရှိသော နတ်ကို မဟာပိ
န္နဲနတ်ဟု သိကြသည်။မဟာပိန္နဲဟူသည်မှာ မဟာဝိနာ
ယက ဟူသော မဂဓ အက္ခရာကို မဟာဗိနာယကဟု
ရွတ်ဆိုရာမှ ဗိနာယကို  ဗိနာယ် ဗိန္နဲ ပိန္နဲဟုရွတ်ဆိုလာ
ကြခြင်းဖြစ်သည်။မဟာပိန္နဲဖြစ်လာပုံ အယူအဆသည်
တစ်ကျမ်းနှင့် တစ်ကျမ်းမတူညီပါချေ။ကဝါလမိုင်း ပုံ
ပြင်က ဗြဟ္မာကိုယ်နှင့် ဆင်ဦးခေါင်းကို မဟာပိန္နဲနတ်
ဟုဆိုသော်လည်း ကျမ်းတစ်စောင်၌မူကား ပရမေသွာ
ခေါ်သော သျီဝနတ်ဘုရား၏ ကြင်ယာတော် ပါရဝတီ
ခေါ် ပဗ္ဗတီဒေဝီသည် သျီဝ ခရီးသွားခိုက် မိမိကိုကိုယ်ကို ပွတ်သတ်လိုက်ရာ ချေးညှော်အမှုန့်
များထွက်လာသည်။ထိုအမှုန့်များကို စုပေါင်း၍ အရုပ်
လုပ်၏။အရုပ်ဖြစ်လာသောအခါ အသက်သွင်းလိုက်
ရာ သားတော်ဂဏေသျှ ဖြစ်လာသည်။ထိုသားတော်
ဂဏေသျှကို တံခါးးစောင့်ထား၍ ပဗ္ဗတီဒေဝီ ရေချိုးနေ
စဉ် သျှီဝခရီးထွက်ရာမှ ပြန်လာသည်။
ဂဏေသျှသည် ဖခင်ဖြစ်မှန်း မသိ၍ အိပ်ခန်းအတွင်းမ
ဝင်ရန် တားမြစ်ရာမှ သျှီဝ အမြတ်ထွပ်၍ မိမိတန်းခိုး
ဖြင့် ဂဏေသျှကို ခေါင်းဖြတ်လိုက်၏။ထိုခဏ၌ ပဗ္ဗတီ
ဒေဝီသည် ရေချိုးရာမှ ထွက်လာရာ သားဖြစ်သူ ခေါင်း
ပြတ်နေသည်ကို မြင်၍ မိမိသားဖြစ်ကြောင်း ပြောဆို၍
ငိုလေသည်။ထိုအခါ သျှီဝသည် မိမိသားမှန်းသိလျှင်
ဦးခေါင်းအစားတပ်ပေးရန် ရှာဖွေရာ ဆင်ကြီးကို ဦးစွာ
တွေ့သဖြင့် ဆင်ဦးခေါင်းကိုဖြတ်၍ ဆက်ပေးလိုက်ရာ
လူကိုယ်နှင့် ဆင်ခေါင်း မဟာပိန္နဲဖြစ်လာသည်ဟု ဆို
လေသည်။ဂဏေသျှဟူသည် မဟာပိန္နဲနတ်၏ အမည်
တစ်မျို့းဖြစ်လေသည်။
ကျမ်းတစ်စောင်အဆို ကျမ်းတစ်ကျမ်း၏ အလိုမှာ
မဟာပိန္နဲနတ်၏ မိခင် ပဗ္ဗတီဒေဝီသည် ယခင်ဘဝက
ပဇာပတိနတ်မင်းဖြစ်လေသည်။တစ်ရံရောအခါ ပဇာပတိနတ်မင်း ယဇ်ပူဇော်ပွဲကျင်းပရာသို့ အခြားသ
မတ်များကို ဖိတ်ကြားသော်လည်း ပဗ္ဗင်္ံတီ၏လင်ဖြစ်သူ
သျှီဝကိုမူကား ကြမ်းတမ်းသောကြောင့် မဖိတ်ကြား
ချေ။ထို့ကြောင့် သျှီဝအမြတ်ထွက်၍ ယဇ်ပွဲကို ဖြတ်ဆီးပြီလျှင် ယောက္ခမကြီး ပဇာပတိကို သတ်
လိုက်သည်။ပဇာပတိ သေသော်လည်း သမီး ပဗ္ဗတီ
လည်း စိတ်ဆင်းရဲ၍ မိမိကိုယ်ကို သတ်သေရာ ဟိမဝ
န္တာတောင်၌ သန္ဓေတည်ကာ ဖွားမြောက်လာသည်။
လည်းကောင်းကိုယ်ရောင်သည် အောင်မဲညိုပွင့်ရောင်
ရှိ၍ ဥမ္မာဟူ၍လည်းကောင်း ကာလီဟူ၍လည်းကောင်း ကြမ်းတမ်းသောကြောင့်
စဏ္ဍီဟူ၍လည်းကောင်း စစ်ပွဲများ၌ ဦးစီးတက်သော
ကြောင့် ဒူရဂါမယ်တော်ကြီးဟူ၍လည်းကောင်း ခေါ်
လေသည်။တစ်ရံရောအခါ ဒူရဂါ မယ်တော်ကြီးနှင့်
သျှီဝနတ်မင်းတို့သည် လက်တွဲ၍ ဟိမဝန္တာအတွင်း
လှည့်လည်ကြစဉ် ဆင်များပျော်မြူးနေသည်ကို မြင်ရာမှ ဒူရဂါမယ်တော်ကြီးသည် ဆင်အပေါ် အာရုံ
တိမ်းညွှတ်မိသည်ဟု ဆိုသည်။ထို့သို့ အာရုံတိမညွှတ်
မိခြင်းကြောင့် သားတော်ဖွားမြင်လာသောအခါ သွေး
တစ်ပမာ နီမြန်းသောအဆင်းရှိ၍ ဝက်ကဲ့သို့ ဝမ်းဗိုက်
သဏ္ဍာန်ရှိသော ဆင်းဦးခေါင်းလူကိုယ်နှင့် မဟာပိန္နဲ
နတ်ဖြစ်လာသည်ဟု ဆိုပြန်သည်။မဟာပိန္နဲနတ်သည်
ဟိန္ဒူဘာသာတွင် သျှီဝနတ်ဘုရား၏ သားတော်ဖြစ်
သောကြောင့် အလွန်တန်းခိုးကြီးသည်။ပညာပေး
တက်သောနတ်ဖြစ်သည်ဟု အမှုတစ်စုံတရာ ပြုလုပ်
ခါနီးတွင် ဥုံ--သီရိဂဏေသာယ နမော ဟုဆိုကာ ရှိခိုး
ခဲ့လျှင် အမှုကိစ္စပြီးသည်ဟု ယူဆကြသည်။ထိုအယူ
အဆဖြင့် ဆင်ခံဘုရားများကို ဗုဒ္ဓဘာသာဝင် မြန်မာ
တို့ပင်လျှင် အမြတ်တနိုးပြုလုပ်ကိုးကွယ်နေကြလေ
သည်။
မဟာပိန္နဲပူဇော်ပွဲ
မဟာပိန္နဲနတ်ကို ဘုရားအဖြစ် မဟုတ်ပဲ သာမန်နတ်
အဖြစ်ဖြင့် မြန်မာလူမျိုးများ ကိုးကွယ်ခြင်းပြုခဲ့ကြ
သည်။မြန်မာတို့၌ ဆယ်နှစ်လ ဆယ့်နှစ်ပွဲရှိခဲ့ရာ နတ်
တော်လသည် ရှေးယခင်က မဟာပိန္နဲနတ်ပွဲ ဆင်နွှဲ
သော လဖြစ်လေသည်။အင်းဝမင်များ လက်ထက်
တော်ကာလက မဟာပိန္နဲနတ်ပူဇော်ပုံကို လောကဗျူ
ဟာကျမ်း၌---ရွှေစည်ခုံဘုရား ဇရပ်တွင် အစဉ်ထား
သည့် မဟာပိန္နဲဆင်းတုကို နတ်တော်လဆန်း ၁၃ ရက်နေ့က မြန်မာ ပတ် တဆိုင်း တလိုင်းပတ် တဆိုင်း
ကလူတို့နှင့် သဘင်ခံရသည်။ အတွင်းတော်ကလည်း
အချို အဆိမ့် နွားနို့ ထောပတ် ပူဇော်ပွဲကို အတွင်း
တော်မြဲတို့က ကြပ်မတ်၍ ပူဇော်ရသည်။မင်းသား မင်း
မြေး မှူးတော် မတ်တော်တို့ကို မဟာပိန္နဲမှာ ပူဇော်စေ
ရမည့်အကြောင်း နှိုးဆော်၍ ပူဇော်စေရသည်။
လပြည့်နေ့ကို ရထားတွင်တင်၍ အတွင်းတော်မှာပြု
ရသည်။လပြည့်ကျော် ၁ ရက်နေ့မှာ မင်းသား မင်းမြေး
မှူးတော်မတ်တော်တို့ အိမ်မှာပြ၍ အပူဇော်ခံရသည်
ဟု မှတ်တမ်းတင်ထားလေသည်။မဟာပိန္နဲနတ်သည်
အလွန်တန်းခိုးကြီးမား၍ အောင်ဆုကိုပေးနိုင်စွမ်းရှိ
သော နတ်မငအဖြစ် ယုံကြည်ကြသောကြောင့် မဟာ
ပိန္နဲနတ် ဦးခေါင်းမြတ်မှ ယိုစီးသော သွေးသည်လည်း
လူတို့အား ကျန်းမားရေး ချမ်းသာရေး ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြသည်။ ထိုယုံကြည်
ချက်ဖြင့် ဟိန္ဒူလာသာဝင်တို့သည် သွေးအဆင်းရှိ
သော ပန်းဆီဖြင့်  ပက်ဖြန်း ရေကစားကြခြင်းဖြစ်လေ
သည်။******
တရုတ်ရေသဘင်
ဟိန္ဒုတို့၏ ရေသဘင်အစဉ်အလာသည် နီးစပ်ရာ
နိုင်ငံများသို့ အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ကူးစက်ခဲံ့
လေသည်။တရုတ်ပြည် ရှစ်ဆောင်ပန္နားပြည်နယ်ရှိ
တိုင်လူမျိုးတို့သည် နှစ်သစ်အချိန်တွင် ရေဖြန်းကစား
လေ့ရှိကြသည်။လည်းကောင်း ရေဖြန်းကစားလေ့ရှိ
သော ပုံပြင်သသည်လည်း ကဝါလမိုင်း ပုံပြင်နှင့်တူသ
ယောင် ရှိလေသည်။
ရှေးသရောအခါက မိစ္ဆာကောင်ကြီးတစ်ကောင်သည်
လူကိုယ်မှထွက်သော မီးတို့ဖြင့် လူတို့ကို နှိပ်စက်နေ
သည်။သူ့ကို လူတို့က အန်တုကြသော်လည်း မနိုင်ကြ
ချေ။ထို့ကြောင့် သူ့အား အရက်သေစာတို့ဖြင့် ပူဇော်
ကြရသည်။တစ်ရက်တွင် သူသည် အရက်အလွန်မူး
ဖြင့် ကမ္ဘာပေါ်မှာ ငါ့ကိုသတ်နိုင်သူမရှိ။ငါ့ကို သတ်လို
လျှင် ငါ၏ ဆံပင်တစ်မျှင်ဖြင့် ငါ၏လည်ပင်းကို ရစ်ပတ်
နိုင်မှ သေလိမ့်မည်ဟု ကြိမ်းဝါ၏။သူ့ကြိမ်းသံကို ကြားသဖြင့် လူတို့သည် သူ၏ အလုပ်အကျွေး ကညာ
ခုနစ်ဖော်တို့အား လာတ်ပေး၍ မိစ္ဆာကောင်ကြီးကို သတ်ပေးပါရန် တောင်းပန်ကြလေသည်။
ကညာခုနစ်ဖော်တို့သည် မိစ္ဆာကောင်ကြီး အိပ်ပျော်
နေခိုက် သူ့ဦးခေါင်းမှ ဆံပင်တစ်မျှင်ကို နုတ်၍ သူ၏
လည်ပင်ကို ရစ်ပတ်လိုက်ရာ ဦးခေါင်းပြတ်၍ မြေ၌
လိမ့်သွားလေသည်။ဦးခေါင်းလိမ့်ရာတစ်လျှောက်
မီးဟုန်းဟုန်းတောက်သဖြင့် သစ်ပင် မြက်ပင်များ မီး
လောင်ကျွမ်းသဖြင့် မြစ်ရေများပါ ခန်းခြောက်သွားရာ
ကညာခုနစ်ဖော်တို့သည် ထိုမိစ္ဆာ ဦးခေါင်းကြီးကို တစ်
လှည့်စီ ကိုင်ဆောင်ကြရသည်။မိစ္ဆာဦးခေါင်းကို ကိုင်
ဆောင်ကြသော ကညာခုနစ်ဖော်တို့ အလွန်ပူ
လောင်လှသဖြင့် ထိုအပူမှ သက်သာစေရန် လူတို့က
ရေများဖြင့် ပက်ဖြနပေးကြရသည်ဟုဆိုသည်။
ဤပုံပြင်သည် ကဝါလမိုင်းပုံပြင်၌ လာသော ပရမီသွာ
နတ်မင်း၏ သား အာသီဗြဟ္မာမင်း၏ ဦးခေါင်းကို အ
လှည့်ကျ ကိုင်ဆောင်ကြရသော နန္ဒာဒေဝီ စံသီဒေဝီ
ပြောက္ကာဒေဝီ ရဿဏဒေဝီ ကညာဒေဝီ မဟောရဏ
ဒေဝီ ဃောရဿဒေဝီ နတ်သမီး ခုနစ်ဖော်တို့နှင့်တူ
လေသည်။***
ထိုင်းရေသဘင်~~~
နှစ်စဉ်ရေဖြန်းပွဲ အစဉ်အလာသည် ထိုင်းနိုင်ငံ၌လည်း
ကျင်းပလေသည်။ထိုရေဖြန်းပွဲကို ထိုင်းတို့က
'ဆင်ကရန်'ပွဲဟုခေါ်လေသည်။ဆင်ကရန် သင်္ကရန်
သင်္ကြန်တို့သည် သင်္ကန္တ ဟူသော မဂဓပုဒ်၌ ရ'ဟူ
သော 'ရေဖ' ရောက်၍ စကားလုံးပြောက်လည်းလာ
ခြင်းဖြစ်သည်။သင်္ကန္တ ဟူသော မဂဓ အဓိပ္ပာယ်ကား
နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်း ဟူသော အနက်ကို ဟောလေသည်။
သင်္ကြန်ပွဲသည် အမှန်သော်ကား ဗုဒ္ဓဘာသာ ပွဲတော်
မဟုတ်ပါချေ သို့ရာတွင် ဗုဒ္ဓဘာသာ နိုင်ငံများတွင
ဘာသာရေးဘက်သို့ သွတ်သွင်း၍ ပွဲတော်ရက်များ
အတွင်း ဥပုဒ်စောင့် ခြင်း လှူဒါန်းခြင်း တရားထိုင်ခြင်း
ငါးလွှတ်ခြင်း ငှက်လွှတ်ခြင်း စသော ဓလေ့ကောင်း
များကို ပြုလုပ်ခဲ့ကြသည်။ ထိုင်းနိုင်ငံသည် ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်သောကြောင့် သင်္ကြန်ရက်အ
တွင်း မြန်မာတို့ကဲ့သို့ ကောင်းမှုကုသိုလ်များ ပြုလုပ်
ကြလေသည်။အထူးအားဖြင့် သင်္ကြန်အကြိုနေ့တွင်
နေအိမ်ကို သန့်ရှင်း၍ မင်္ဂလာမရှိသော အဟောင်း
အမြင်းများကို မီးရှို့ဖျက်ဆီးကြရသည်။
သင်္ကြန်အကျနေ့တွင် ဗုဒ္ဓရုပ်ပွားတော်အား အမွှေးနံ့
သာတို့ဖြင့် ရေသပ္ပာယ်ကြသည်။ ထို့နောက် အသက်
အရွယ်ကြီးရင့်သူတို့အား လက်ပေါ်သို့ အမွှေးနံ့သာ
များ ဆွတ်ဖျန်းပေးကြသည်။အဝတ်သစ်များဖြင့် ရှိခိုး
ကန်တော့ကြသည်။သင်္ကြန်ရက်အတွင်း ငါးလွှတ်ပွဲ
များ ငှက်လွှတ်ပွဲများကို တပျော်တပါး ပြုလုပ်ကြသည်။ သင်္ကြန်ရက်အတွင်း ထင်းခွေ ရေခတ်မှစ၍ အလုပ်အကိုင် ရှောင်ကြဉ်၍ ကောင်းမှု
ကုသိုလ်ကိုသာ အများဆုံးပြုလုပ်တက်ကြလေသည်။
*မြန်မာရေသဘင် ရည်ရွယ်ချက်
မြန်မာနိုင်ငံတော်၌လည်း အလွန်ရှည်ဝေးသော ခောတ်ဟောင်းမှစ၍ သင်္ကြန်ရေပွဲ ဆင်နွှဲခဲ့ကြပေ
သည်။မြန်မာတို့၏ သင်္ကြန်ရေပွဲသည် ဟိန္ဒူတို့ရေပွဲမှ
ကူးစက်လာခြင်း ဖြစ်နိုင်ပါသည်။သို့သော် မြန်မာတို့
ကမူ ဟိန္ဒူတို့ကဲ့သို့ မဟာပိန္နဲနတ်၏ နတ်၏သွေး
ဖြင့် ပက်ဖြန်းသည်ဟု မယူဆပါ။ရိုးရိုးရေဖြင့် ပက်ဖြန်း
သည်ဟု ယူဆပါသည်။ရိုးရိုးရေသည်----
၁-ကြည်လင်သည်။
၂-အေးမြသည်။
၃-အညစ်အကြေးကို ပယ်သည်။
၎-ခွန်အားကို ဖြစ်စေနိုင်သည်။
၅-ဓားဖြင့် ခုတ်ပိုင်း ခြားနားသော်လည်း မကွဲမပြား
တစည်းတလုံးတည်း တည်သည်။
ဤတန်းခိုး ငါးပါးရှိသကဲ့သို့ နှစ်ဟောင်းကွယ်ပျောက်
နှစ်သစ်သို့ ရောက်ချိန်မှစ၍ လူတိုင်းလူတိုသည်---
၁-စိတ်နှလုံးကြည်လင်ပါစေ။
၂-ကိုယ်ရောစိတ်ပါ အေးမြချမ်းသာကြပါစေ။
၃-ကိလေသာ အညစ်အကြေးများကို ပယ်ခွာနိုက်ပါစေ။
၎-ကာယအင်အား ဥာဏအင်အား ဓနအင်အာှးုဥာတိ
အင်အား ပညာအင်အား တိုးပွားပါစေ။
၅-ရေကိုတားသော် အကြားမရှိသကဲ့သို့ လူအချင်းချငးလည်း မေတ္တာခိုင်မြဲကြပါစေ ဟူသော
ရည်ရွဟ်ချက်ဖြင့် သင်္ကြန်တော် ရေသဘင်ပွဲ ဆင်နွှဲ
ကြခြင်းဖြစ်ပါသည်-***
ဓမ္မပန်းချီ -၆-'၁၉၈၃-ပေဖူးလွှာမဂ္ဂဇင်း နှာ ၃၁ မှ ၄၁
ကူးယူဖော်ပြအပ်ပါသည်။်

No comments: