Saturday, February 13, 2016

Valentine day ဘယ်ကနေ ဘယ်လိုဖြစ်လာလဲ


***Valentine's day ဆိုပါလား။ ကျုပ်တို့နဲ့တော့ ဆက်ဆံရေးကခပ်ကျဲကျဲပါ။ သို့သော်လည်း ခပ်ပျစ်ပျစ်ဆက်ဆံရေးရှိကြသူများလည်း အများသားဗျ။
ဒါကြောင့် သိသလောက်လေး သူငယ်ချင်းများ ကို share ချင်လို့ ရေးလိုက်မိတယ်။
အကြောင်းကြောင်းကြောင့် ဒီ Valentin's day မှာ ကိုယ်က လက်ဆောင်လေးသွားပေးမိလို့ ကိုယ့်ချစ်သူက ဘာလဲ ဘာအထိမ်းအမှတ်လဲလို့မေးလာရင် နည်းနည်းပါးပါး ရွှီးနိုင်အောင်လို့ပါ သူငယ်ချင်း။

တကယ်တော့ Valentine's day ဆိုတာ ဘုန်းကြီးတပါး သေးဆုံးရာကနေ အစပြုလာတာဖြစ်တယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးဆိုရင်တော့ ပြန်လွန်တော်မူတဲ့နေပေါ့။ ခုဟာက ခရစ်ယာန်ဘုန်းကြီး Saint Valentine သေးဆုံးတာပါ။ ခရစ်တော်က ခေါ်တာလို့လည်း ပြောမယ်ထင်တယ်။ ဒါကြောင့် သူသေဆုံးသွားတဲ့ နေ့ ဖေဖေါ်ဝါရီ ၁၄ ကို saint Valentin's day လို့လည်းခေါ်ကြပါတယ်။
ပါးစပ် ရာဇ၀င်အရ history က အမျိုးမျိုး ပြောကြတယ်။ အဲ့ဒီလို သိပ်အခြေအမြစ်မရှိလို့လည်း holiday အဖြစ်မသတ်မှတ်ခဲ့ကြလို့ ခုကျုပ်တို့ အလုပ်ဆင်းနေရတာပေါ့။

Most popular အဖြစ်ဆုံး history ကိုပြောရမယ်ဆိုရင် စောစောက ဘုန်းကြီးရဲ့ အကြောင်းပါပဲ။ အဲ့ဒီဘုန်းကြီး Valentine က ရောမအင်ပါယာကြီးရဲ့ ဘုရင် Claudius ရဲ့ စစ်သားတွေ လက်မထပ်ရ အမိန့်  ကိုဖီဆန်ပြီး ချစ်သူစုံတွဲတွေကို တိတ်တခိုးလေး သူ့အိမ်မှာ လပ်ထပ်ပေးရာကနေ သတင်းပေါက်ပြီး ဘုရင်သိတော့ အချုပ်သွင်းစေပြီး အဆုံးစီရင်လိုက်တယ်။
သူထောင်နန်းစံနေချိန်အတောအတွင်းမှာ သူက ထောင်မှူးကြီးရဲ့ သမီးကိုဆေးကုသပေးခဲ့သေးသတဲ့။ အချုပ်အတွင်း ကျနေတဲ့အချိန်မှာ တတိုင်းပြည်လုံးရှိတဲ့ လူငယ်တွေက Valentine လုပ်ရပ်ကို ထောက်ခံကြောင်း ဆိုင်းဘုဒ်တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ကြတယ်။
အဲ့လိုထောက်ခံမှုတွေအပြည့်အ၀ ရခဲ့တဲ့ Valentine ဟာ အသတ်ခံရခါနီးမှာ ရင်ထဲက mode အပြည့်နဲ့ heart ထိအောင်ရေးပြီး ထောင်မှုးရဲ့သမီးလေးကို ပေးသွားတဲ့ စာက From your Valentine ဆိုတဲ့စာကြောင်းလေးကြောင့်လည်း ခု ကမ္ဘာနိုင်ငံအသီးသီးက လူငယ်တွေကြားမှာ sweet ဖြစ်နေပြီး Valentine's day, valentine's day နဲ့ ရေပန်းစားနေတာပေါ့။ ချစ်လွန်းကြီးအားကြီးလို့ နာမည် တောင် အဖျားစွတ်ခေါ်တော့ ရှေ့က Saint ဆိုတဲ့နာမည်တောင် ကျန်ခဲ့ပါရောလား။ နာမည်အဖျားစွတ်ခေါ်ရင် ချစ်လွန်းလို့လို့မှတ်
အဲ့ဒီဟာကို ရာစုအဆက်ဆက် အချစ်ကဗျာဆရာတွေ၊ ပိုစ့်ကဒ် ရောင်းတဲ့သူတွေ ၊ ချောကလက်ရောင်းတဲ့သူတွေ၊ စက္ကူလှလှရောင်းတဲ့သူတွေ၊ အချစ်ကိုကိုးကွယ်တဲ့သူတွေ စတဲ့သူတွေက သူချဲ့ကိုယ်ချဲ့ ချဲ့ခဲ့ကြလို့ ခုလိုကမ္ဘာကျော်သွားရတာပါ။ အချစ်က နုညံ့တယ် အထိအခိုက်မခံဘူး၊ အချစ်ကြောင့် အရာရာကို အောင်နိုင်နိုင်တယ်၊ အချစ်ကြောင့် စစ်ပွဲတွေ လည်းဖြစ်ခဲ့ကြတယ်။ ဒီတော့ အချစ်က ရှိလည်းမကောင်း မရှိလည်း မကောင်း။
ဒီနေရာမှာ Claudius ဘုရင်အကြောင်းထည့်ပေးရဦးမယ်။ သူဟာ ရောမအင်ပါယာကြီးကို ချဲ့နိုင်သမျှချဲ့နိုင်အောင် စစ်သားအင်းအားအများကြီးလိုတယ်။ တကယ်လို့ သူ့စစ်သားတွေ မိန်မယူလိုက်ရင် မိန်းမနား ကပ်ချင်တဲ့သူကများပြီး စစ်အင်အားလျော့သွားနိုင်တယ်လို့ ထင်လို့ပါတဲ့ အမှန်တကယ် စစ်ပွဲတွေနိုင်ပြီးတဲ့နောက် သူ့စစ်သည်တော်တွေကို မိန်းမ ၂ ယောက် သို့မဟုတ် ၃ ယောက်ယူစေသတဲ့။ ကဲ ဘယ်နှယ်ရှိစ။
*** တခြားဇာတ်လမ်းတခုကတော့
Claudius ဘုရင်ဟာ Saint Valentine ကိုအရမ်းသဘောကျဆိုပဲ။ ဒါနဲ့ နန်းတွင်းအခစားဝင်စေပြီး ၂ ယောက်တည်း ဆွေးနွေးကြသတဲ့။ ဘာတွေဆွေးနွေလဲတော့မသိ။ သားရေးသမီးရေးတော့ မဟုတ်လောက်ပါဘူး။
ဆွေးနွေးပွဲပြီးတော့ Valentine ကို ခရစ်ယာန် ဘာသာကနေ ဗာဟီရ၀ါဒ (roman paganism) ကို ပြောင်းခိုင်းသတဲ့။ မပြောင်းရင် သတ်ပစ်မယ်လို့လည်းပြောသတဲ့။ Valentine ကလည်း မပြောင်းတဲ့အပြင့် Claudius ကိုတောင် ခရစ်ယာန် ဘာသာပြောင်းဖို့ပြောသတဲ့။ ဘယ်ရမလဲ ပွင့်လင်းမြင်သာတဲ့ခေတ် ရောက်နေပြီလေ။
ဒါနဲ့ဘုရင်ကသတ်စေပေါ့။ မသတ်ခင်တရက်မှာ Valentine က ထောင်မှူးကြီးရဲ့ သမီး မျက်မမြင်လေးကို မျက်စိမြင်ရအောင် ဆေးကုသခွင့်ရသတဲ့။ သမီးလေးက မျက်စိမြင်ရရင် ပထမဆုံး valentine ရဲ့စာကို ဖတ်ချင်တယ်လို့ ပူစာသတဲ့။
Valentine ရဲ့ မသေခင်စပ်ကြား နှလုံးသားနဲ့ ရေးသွားတဲ့စာလွှာလေးရဲ့ နောက်ဆုံး စားလုံးလေး From your Valentine က ထောင်မှူးကြီးရဲ့ သမီး လေးကို မေတ္တာသက်ဝင်စေတဲ့အတွက် ၄၄ ယောက်သော ထောင်မှူးကြီးရဲ့ မိသားစုနဲ့ အစေခံများဟာ ခရစ်ယာန် ဘာသာသို့ပြောင်းသွားပြီး Valentine သေးဆုံးသွားခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ ကို လွမ်းဆွတ် အောက်မေ့ပြီး Valentine's day အဖြစ်ကျင်းပရာကနေ တစတစ ယုံကြည်လာကြပြီး ခုလိုရေပန်စားနေရခြင်းပါနဲ့ခင်ဗျာ။
*** ပုံပြင် ၂ ခုစလုံးမှာတော့ ဆေးကုနေတာပဲ။ သေချာတာကတော့ ဆေးဆရာဖြစ်လိမ့်မယ်။
*** အချုပ်ပြောရရင် ကိုယ်တွေနဲ့ ဘာမှမဆိုင်။ Valentine's day မှာ ချစ်သူရည်းစားမရှိတော့ ဘာဖြစ်လဲ ကိုယ်နဲ့မှမဆိုင်တာ။ ဆိုင်ချင်သပဆိုရင်လည်း Valentine's day လို့ ဆိုလိုက်တာနဲ့ ဘုန်းကြီးဆုံးပါးသွားတဲ့နေ့လို့ မြင်ယောင်လိုက်ပေါ့။ အေးယင်ကြူးတွေ ဟန်ဆောင်အငိုတွေပါ ထည့်မြင်လိုက် မြင်သာ ထင်သာရှိသွားအောင်ပါ။ တော်ပါပြီ။

No comments: