Monday, February 8, 2016

ကွန်ဖြူးရှပ်



CONFUCIUS
(ဘီစီ ၅၅၁ - ဘီစီ ၄၇၉)
ကွန်ဖြူးရှပ်သည် တရုတ် ပြည်၌ အကျော်ကြားဆုံး ဒဿန ဆရာကြီး၊ သင်ကြားပို့ချသူ (အာစရိ)၊ နိုင်ငံရေး သဘော တရားဆရာ၊ ပညာရှင်ကြီး ဖြစ် လေသည်။ သူ့ကို လု Les (ယခု အခါ ရှန်ဒေါင်းပြည်နယ်)၊ Qufu ကျူဖု့ရပ်တွင် မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ Kong Qiu ဖြစ် သည်။ ထို့ကြောင့် သူ့ကို ဆရာကြီးကောင်း Master Kong (တရုတ်လို Kangfuzi ဟု ခေါ်ကြသည်။) Confucius မှာ လက်တင်စကား ဖြစ်သည်။ အများစုက သူ့ကို ဘီစီ ၅၅၁ စက်တင်ဘာ ၂၈ တွင် မွေးဖွားသည်ဟု လက်ခံကြသည်။ ထိုနေ့ကို ဆရာများနေ့ဟု သတ်မှတ်ကာ တိုင်ပေ (ထိုင်ဝမ်)တွင် ရုံးပိတ်ရက်အဖြစ် ကြေငြာထားသည်။ သူသုံးနှစ်သားတွင် ဖခင်ကွယ်လွန်သွားသဖြင့် ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသည်။ အရွယ်ရောက် စဉ်က အစိုးရရာထူးငယ်လေးများမှာ အမှုထမ်းခဲ့ကာ၊ ၁၉ နှစ်အရွယ်တွင် လက်ထပ်ခဲ့သည်။

အသက်သုံးဆယ်အရွယ်တွင် သူ့ဒဿနကို လှည့်လည်ဟောပြော ပို့ချရာ၊ အထူးအောင်မြင်ခဲ့သည်။ သူပို့ချသည့် ဘာသာရပ်ခြောက်မျိုးမှာ ထုံးတမ်းဓလေ့၊ မြားပစ်၊ ဂီတ၊ စစ်ရထားအတတ်၊ လက်ရေးလက်သား ပညာနှင့် ဂဏာန်းသင်္ချာတို့ ဖြစ်သည်။ အသက်ငါးဆယ်အရွယ်တွင် နိုင်ငံ တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသော်လည်း တာရှည်မခံ။ အုပ်စိုး သူများနှင့် သဘောခြင်းမတိုက်ဆိုင်သဖြင့် ပြည်နှင်ဒဏ်အပေးခံရလေ သည်။ ထိုနှစ်(၁၃)နှစ်အတွင်း သူသည် နယ်လှည့်ကာ သူ့အယူဝါဒများကို ဟောပြောပို့ချခဲ့သည်။ ၆၇ နှစ်မှာ သူ့ဇာတိသို့ပြန်လာကာ စာပေပို့ချ သင်ကြားပေးရင်း (၇၃) နှစ်အရွယ်မှာ ကွယ်လွန်လေသည်။ ချင်မင်းဆက် ရှီဟွန်တီဘုရင်လက်ထက်မှာ တစ်ကြိမ်၊ တရုတ်ပြည်မှာ ကွန်ဖြူးရှပ်၏ အယူဝါဒများမှ ခေတ္တမှောမှိန်ခဲ့ရသော်လည်း ယနေ့တိုင်အောင် အရှေ့ အာရှလူ့အဖွဲ့အစည်း၌ သူ့သြဇာသည် အခိုင်အမာရှိဆဲဖြစ်ကြောင်း လေ့ လာတွေ့ ရှိရပေသည်။ သူကွယ်လွန် စဉ်ကျန်ရစ်ခဲ့သော သူ့တပည့်သုံးရာ က ရူဂိုဏ်းကိုထူထောင်ကာ လွင့်ယီးဒဿနကို ဖြန့်ဖြူးခဲ့သော ကျေးဇူးပင် ဖြစ်လေသည်။

No comments: