Friday, February 19, 2016

ထမနဲပွဲနှင့်စပ်၍ သိမှတ်ဖွယ်


မြန်မာတို့၏ ဆယ့်နှစ်လရာသီ၌ သင်္ကြန်ပွဲ ကဆုန်ညောင်ရေသွန်းပွဲ မီးထွန်းပွဲ အစရှိသည်ဖြင့် ပွဲတော်များစွာရှိရာတွင် တပို့တွဲလ၌ ကျင်းပသော ထမနဲပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည် ။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ယင်း ထမနဲပွဲသည် အရပ်ဒေသလိုက်၍ ခေါ်ဝေါ်မှုကွဲပြားလေသည်။
ထမနဲပွဲကို လူအများက ထမနှဲပွဲ ဟုလည်းကောင်း နှမ်းမနဲပွဲ ဟုလည်းကောင်း ယာဂုပွဲဟု လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ် ကြသည် ။
သူအကြောင်း သူဗျုတ်ပတ်နှင့် ခေါ်ဝေါ်ကြခြင်းဖြစ်၍ သင့်လျော်သည်ဟုပင် ဆိုရမည် ဖြစ်သည်။
ထမနှဲပွဲ ဟု ခေါ်ခြင်းကား - ကောက်ညှင်းဆန်ထမင်းကို စီးအောင်ကပ်အောင် ထိုးရသောကြောင့် ခေါ်ခြင်း ဖြစ်သည်။
နှမ်းမနဲပွဲ ဟု ခေါ်ခြင်းကား - ထိုးရသော ကောက်ညှင်းထမင်းကို နှမ်းဖြူး နှမ်းရော၍ ပြုလုပ်သည်ကို စွဲ၍ ခေါ်ခြင်းဖြစ်သည်။

ယာဂုပွဲ ဟု ခေါ်ခြင်းကတော့ - ရှေးအသုံးအနှုံးအတိုင်း ခေါ်ခြင်းဖြစ်သည်။ ရတနာပုံခေတ် ကပင် ဤထမနဲပွဲကို ယာဂုပွဲ ဟုခေါ်ခဲ့ကြကြောင်း ရှေးဟောင်း စာပေများတွင် တွေ့ရှိရပေသည်။
ကင်းဝန်မင်းကြီး ကလည်း -
- တပိုတွဲလ ၊ ကုန်သို့ကျ ၊ မာဃ ထွန်းစမြဲ ။
ပေါက်လဲပွင့်တုံ ၊ ဆူးပန်းငုံ ၊ မီးပုံ ယာဂုပွဲ ။ ဟု တပိုတွဲလ၌ မီးပုံပွဲနှင့် ယာဂုပွဲကို ကျင်းပပြုလုပ်လေ့ ရှိကြောင်း ဖွဲ့ဆိုခဲ့သည်။
တပို့တွဲလမှ တပေါင်းလအကူး ( အဋ္ဌန္တရ ) ကြား ရှစ်ရက်သည် အအေးဓာတ် လွန်ကဲသော ရက်များ ဖြစ်သည် ။ ထိုရက်များ၌ ဘုရားရှင်သည်ပင်လျင် ခြေတော် လက်တော်တို့ကို မီးကင် မီးလှုံ တော်မူရသည်ဟု ဆိုသည် ။
ဤသည်ကိုအကြောင်းပြု၍ တပို့တွဲလ၌ ထမနဲပွဲနှင့်အတူ မီးပုံပူဇော်ပွဲ ကိုလည်း ကျင်းပပြုလုပ်ကြခြင်းဖြစ်သည် ။
ထမနဲပွဲနှင့် ပတ်သက်၍ကား ငယ်ရွယ်စဉ် အချိန်က စာသင်ကျောင်းတွင် ရွတ်ဆို သင်ကြားခဲ့ရသော ကဗျာကလေးကလည်း သတိရ လွမ်းဆွတ်စရာပင်ဖြစ်သည်။
ထ- ထမနဲ တပို့တွဲ
ပြာသိုလ်လမှာ ချမ်းအေးသည် ၊
ခွါညိုပန်းနံ့မွှေးသည် ။
တပို့တွဲလမှာ ထမနဲပွဲရှိသည် ၊
သိုက်သိုက်ဝန်းဝန်း ထမနဲထိုးကြသည် ၊
နှာရည်စိုရွှဲ တပိုတွဲဟု ဆိုကြသည် ။
သင်္ကေတနှင့် ပြယုဂ်
မြန်မာရိုးရာ ထမနဲပွဲသည် စည်းလုံးညီညွတ်ခြင်းရဲ့ သင်္ကေတ ဖြစ်သလို ထိုးလိုက်သော ထမနဲ၏အရသာကောင်းခြင်းသည်လည်းစည်းလုံးညီညွတ်ခြင်းရဲ့ အောင်မြင်မှုပြယုဂ်တစ်ခု ဖြစ်သည်ဟု ရှေးလူကြီးများ ဆိုစကား ရှိခဲ့သည် ။
ထိုထမနဲထိုးပွဲကိုအကြောင်းပြု၍ ထမနဲကုသိုလ်ရှင်များ အားလုံး အတူတကွ စည်းလုံး ကြရမည်။ ညီညွတ်ကြရမည်။ စည်းလုံး ညီညွတ်မှုဖြင့် မိမိတို့လိုလားသော လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာ သုခကို ရရှိအောင် ကြိုးစားအားထုတ်ကြရမည် ဟု ကိုယ်စီကိုယ်စီ အသီးအသီး မိမိတို့ရင်တွင်း၌ အသိဥာဏ်များ ဖြစ်ပွါးပေါ်ပေါက်နိုင်လေသည်။
မြတ်စွာဘုရားရှင်ကလည်း သမဂ္ဂါနံ တပေါ သုခေါ - အစရှိသည်ဖြင့် ချမ်းသာသုခဟူသည် အခြားမဟုတ်၊ စည်းလုံးညီညွတ်ခြင်းနှင့် စည်းလုံးညီညွတ်သောသူတို့၏အကျင့်ဟု ဓမ္မပဒပါဠိတော်မှာ ဟောကြားတော်မူခဲ့ပေသည်။
ဤထမနဲထိုးခြင်းဟူသော မြန်မာတို့၏ ယဉ်ကျေးမှုပွဲတော်သည် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့၏ ကိုးကွယ်ရာ ဘာသာတရားနှင့် ဆက်နွယ်၍ ပေါ်ပေါက်လာသော ပွဲတော် တစ်ခု ဟုဆိုလျင် မှားအံ့ မထင်ပေ။
အဘယ်ကြောင့်ဆိုသော် မြန်မာတို့အတွက်တပို့တွဲလသည် ကောက်သစ်ဦး ပေါ်ချိန်ဖြစ်
သည်။ တောသူ တောင်သား ဗုဒ္ဓဘာသာဝင်အများတို့သည် ကောက်ဦးအလှူအနေဖြင့် မိမိတို့လယ်ယာမှ ထွက်သော ကောက်ဦးစပါးတို့ကို မွန်မွန်မြတ်မြတ်စီရင်ကာ ရဟန်းသံဃာများနှင့် သက်ကြီးရွယ်အို တို့အား ဦးဦးဖျားဖျား ပေးလှူလေ့ရှိကြသည် ။
တချို့က ကောက်ညှင်းထုပ်၍ လှူကြသည်။ တချို့က မုန့်ဆန်းလုပ်၍လှူကြသည်။ တချို့က မုန့်လုံးလုံး၍လှူကြသည်။ တချို့က ယခုလို ထမနဲထိုး၍လှူကြ သည်။
ဦးဦးဖျားဖျား ပြုလုပ်စီမံ၍ ပေးလှူသော ယင်းအလှူဒါနမျိုးတို့ကို ကျမ်းဂန်လာဒေသနာတော် နည်းအားဖြင့် ကာလဒါနအလှူမျိုးဟု ခေါ်ဆိုရမည်ဖြစ်သည်။
ကာလဒါန အလှူငါးမျိုးရှိကြောင်း အဂုင်္တ္ထိုရ် ပဉ္စကနိပါတ်ကာလဒါနသုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည် ။
ယင်းငါးမျိုးကား - ၁။ ဧည့်သည်ပုဂ္ဂိုလ်တို့အား ပေးလှူခြင်း ။
၂။ ခရီးသွားပုဂ္ဂိုလ်တို့အား ပေးလှူခြင်း ။
၃။ မကျန်းမာသောပုဂ္ဂိုလ်တို့အား ပေးလှူခြင်း ။
၎။ ဆင်းရဲငတ်မွတ်သောအခါ၌ ပေးလှူခြင်း ။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလဝန္တပုဂ္ဂိုလ်တို့အား
အဦးအဖျား ပေးလှူခြင်းတို့ ဖြစ်သည် ။
ဆောင်ပုဒ် - ကောက်စပါးဦး ၊ သစ်သီးဦး ၊ ပေါ်ဦး ပေါ်ဖျားနော် ။
သီလဝန္တ ၊ လှူဒါန်းကြ ၊ ကာလဒါန ခေါ် ။
အခါသိသဖြင့် ၊ လှူတုံလင့် ၊ ချိန်သင့် ကောင်းကျိုးရ ။ ဟူသည်နှင့် အညီ ထိုကာလဒါန အလှူမျိုးကို အချိန်ကာလနှင့် လျော်ညီစွာ ပေးလှူခဲ့သောသူအား မိမိလိုရာအချိန်၌ မိမိလိုသော အကျိုးကို ရရှိနိုင် ပေသည် ။
ထို့အပြင် အဦးအဖျားလှူခြင်းကြောင့် သူများထက်ဦးစွာသုံးဆောင်ရခြင်း ၊ သူများထက်ဦး စွာ တရားထူးရခြင်း အကျိုးတို့ကိုလည်း ရရှိနိုင်လေသည်။ ဤသည်ကား ဇနေတိ သဒိသံ ပါကံ ဆိုသည့်အတိုင်း တူသောအကျိုးကို ရရှိခြင်း ပင်ဖြစ်သည်။
ဤဂေါတမဘုရားရှင်လက်ထက် ထိုကဲ့သို့ အဦးအဖျားလှူဒါန်းလျက် ကုသိုလ်ရယူသူများ ရှိခဲ့သည်။ အထင်ရှားဆုံးသူကို ပြပါဆိုလျင် ပဉ္စဂ္ဂဒါယကပုဏ္ဏားကြီးကိုပင် ညွှန်ပြရ မည်ဖြစ်သည်။ အဦးအဖျား ငါးမျိုးကို အမြဲလှူဒါန်းလေ့ရှိသောကြောင့်ပင် သူကို ပဉ္စဂ္ဂဒါယကပုဏ္ဏား ဟု အများကခေါ်ကြခြင်း ဖြစ်သည်။
သူ လှူလေ့ရှိသော အဦးအဖျားအလှူများမှာ - လယ်ဦး ၊ တလင်းဦး ၊ စပါးပုံဦး ၊ အိုးဦး ၊ စားဦး အားဖြင့် ငါးမျိုးဖြစ်သည်။ ယင်းငါးမျိုးကို အလွယ်မှတ်နိုင်ရန် ရှေးဆရာမြတ်တို့က -
- လယ် တလင်း ပုံစု ၊ အိုး ခွက်ဟု ၊ ငါးခု မြတ်ဒါန ။
အဦးအဖျား ၊ လှူဒါန်းငြား ၊ ပုဏ္ဏား ပဉ္စဂ္ဂ ။ (ဓမ္မ ဋ္ဌ- ၂၊ ၃၆၇) ဟု ဆောင်ပုဒ်သီကုံး မှတ်တမ်း တင်ခဲ့ကြသည်။ နောင်အခါ၌ ဘုရားရှင်၏တရားကို နာကြားရခါ ပဉ္စဂ္ဂဒါယကပုဏ္ဏားဇနှီးမောင်နှံ နှစ်ဦးတို့သည် အကျွတ်တရားများ ရရှိကြလေသည်။
အဦးအဖျားလှူခြင်းအလေ့သည် ဤဂေါတမဘုရားရှင်လက်ထက်တွင်သာ ရှိခဲ့သည်ကား မဟုတ်ပေ၊ ရှေးဘုရားရှင်များ လက်ထက်ကလည်း ရှိခဲ့သည်သာဖြစ်သည်။
ဝိပဿီဘုရားရှင်လက်ထက် မဟာကာလ စူဠကာလ သူကြွယ်နှစ်ယောက်တို့တွင် အကိုဖြစ်သော မဟာကာလသည် လှူလျင် ဦးဦးဖျားဖျားလှူရမှ ကျေနပ်သူဖြစ်လေသည်။
ထို့ကြောင့် မိမိလယ်မှ ထွက်သော ကောက်စပါးကို အဦးကိုးမျိုးကိုးကြိမ်ပြုလုပ် လျက် စေတနာထက်သန်စွာ လှူဒါန်းခဲ့ လေသည်။
ညီဖြစ်သူ စူဠကာလကား နောက်မှဖြေးဖြေးလှူလည်း ကုသိုလ်ရတာပါပဲ ဟု နှလုံးသွင်းလျက် နောက်မှချည်း ကုသိုလ်ပြုခဲ့လေသည်။
ထိုညီနောင်နှစ်ဦးတို့သည် ထိုဘဝမှသေလွန်ကြပြီး လူပြည်နတ်ပြည်တို့၌ ကျင်လည်ကြကာ ဤဂေါတမ ဘုရားလက်ထက် အကို မဟာကာလက အရှင်ကောဏ္ဍညမထေရ်ဖြစ်လာလေသည်။ အဦးဆုံးချည်း လှူဒါန်းခဲ့သောကြောင့် အရင်အဦးဆုံး တရားထူးရလျက် ကျွတ်တမ်းဝင်ရလေသည် ။ နောက်မှချည်း ကုသိုလ်ပြုခဲ့သော ညီ စူဠကာလသည် နောင်ဆုံး ဘုရားပရိနိဗ္ဗာန်စံကာနီးကျမှ တရား သိမြင်ပြီး ကျွတ်တမ်းဝင်ရလေသည်။
အထက်ပါ အကြောင်းအရာတို့ကိုထောက်၍ ထမနဲထိုးလှူဒါန်းခြင်းအလှူဒါနသည် မွန်မြတ်သော ကာလဒါန ကုသိုလ်မျိုးဖြစ်သည်။ ပြုလုပ်လှူဒါန်းကြသူများအား အကျိုးထူး အကျိုးဦးများ ရရှိနိုင် သည်မှာ ယုံမှားစရာမရှိပေ။
ထို့ကြောင့် ဗုဒ္ဒဘာသာဝင်များ အနေဖြင့် အချိန်ကာလနှင့် လျော်ညီစွာ ထမနဲပွဲများ ကျင်းပပြုလုပ် ကြလျက် ထမနဲပေးလှူခြင်း ထမနဲဝေငှခြင်းများအပြင် ထမနဲပွဲနှင့် ဆက်စပ်သော ကုသိုလ်ပါရမီထူးများ ဆည်းပူးရယူနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။
အရှင်နန္ဒသာရ (စည်ရှင်) ထမနဲပွဲနှင့်စပ်၍ သိမှတ်ဖွယ်
မြန်မာတို့၏ ဆယ့်နှစ်လရာသီ၌ သင်္ကြန်ပွဲ ကဆုန်ညောင်ရေသွန်းပွဲ မီးထွန်းပွဲ အစရှိသည်ဖြင့် ပွဲတော်များစွာရှိရာတွင် တပို့တွဲလ၌ ကျင်းပသော ထမနဲပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထမနဲပွဲကိုတပို့တွဲလဆန်းမှစ၍ လပြည့်နေ့တိုင်အောင်သော ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ စ၍ ယနေ့ထက်တိုင် အမြို့မြို့အရွာရွာတိုင်း၌ ခြိမ့်ခြိမ့်သဲမျှ ကျင်းပပြုလုပ်ကြသည်။
တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ယင်း ထမနဲပွဲသည် အရပ်ဒေသလိုက်၍ ခေါ်ဝေါ်မှုများ ကွဲပြားလေသည်။
ထမနဲပွဲကို လူအများက ထမနှဲပွဲ ဟုလည်းကောင်း နှမ်းမနဲပွဲ ဟုလည်းကောင်း ယာဂုပွဲဟု လည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြသည် ။
သူအကြောင်း သူဗျုတ်ပတ်နှင့် ခေါ်ဝေါ်ကြခြင်းဖြစ်၍ သင့်လျော်သည်ဟုပင် ဆိုရမည် ဖြစ်သည်။
ထမနှဲပွဲ ဟု ဟထိုးထည့်၍ ခေါ်ခြင်းကား - ကောက်ညှင်းဆန်ထမင်းကို စီးအောင်ကပ်အောင် ထိုးရသောကြောင့် ခေါ်ခြင်း ဖြစ်သည်။
နှမ်းမနဲပွဲဟု ခေါ်ခြင်းကားထိုးရသော ကောက်ညှင်းထမင်းကို နှမ်းဖြူး နှမ်းရော၍ ပြုလုပ်သည်ကို စွဲ၍ ခေါ်ခြင်းဖြစ်သည်။
ယာဂုပွဲ ဟု ခေါ်ခြင်းကတော့ - ရှေးအသုံးအနှုံးအတိုင်း ခေါ်ကြခြင်းဖြစ်သည်။ ရတနာပုံခေတ်ကပင် ဤထမနဲပွဲကို ယာဂုပွဲ ဟုခေါ်ခဲ့ကြကြောင်း ရှေးဟောင်း စာပေများတွင် တွေ့ရှိရသည်။
ကင်းဝန်မင်းကြီးကလည်း -
- တပိုတွဲလ ၊ ကုန်သို့ကျ ၊ မာဃ ထွန်းစမြဲ ။
ပေါက်လဲပွင့်တုံ ၊ ဆူးပန်းငုံ ၊ မီးပုံ ယာဂုပွဲ ။ ဟု တပိုတွဲလ၌ မီးပုံပွဲနှင့် ယာဂုပွဲကို ကျင်းပပြုလုပ်လေ့ ရှိကြောင်း ဖွဲ့ဆိုခဲ့သည်။
တပို့တွဲလမှ တပေါင်းလအကူး ( အဋ္ဌန္တရ ) ကြား ရှစ်ရက်သည် အအေးဓာတ် လွန်ကဲသော ရက်များ ဖြစ်သည် ။ ထိုရက်များ၌ ဘုရားရှင်သည် ပင်လျင် ခြေတော် လက်တော်တို့ကို မီးကင် မီးလှုံ တော်မူရသည်ဟု ဆိုသည် ။ ဤသည်ကိုအကြောင်းပြု၍ တပို့တွဲလ၌ ထမနဲပွဲနှင့်အတူ မီးပုံပူဇော်ပွဲကိုလည်း ကျင်းပပြုလုပ်ကြခြင်းဖြစ်သည် ။
ထမနဲထိုးရာတွင် ထည့်ရသည့်အချိန်အဆများကား အမျိုးမျိုးကွဲပြားမှုရှိသည်။ ထမနဲထိုးလိုမူ ကောက်ညှင်းဆန်လေးပြည်ကို ရေစင်အောင်ဆေး၍ ဆီတပိဿာကိုဒယ်တွင်ထည့်ကာ ဂျင်းသုံးကျပ်သားနှင့်ဆီသတ်၍ ကောက်ညှင်း
ထည့်နှပ်ရသည်။ ကောက်ညှင်းနှပ်၍ ဆီပြန်သော် ဖိုမှချ၍ နှဲရသည်။
ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်ဖြင့်ပွတ်ခြေသဖြင့် ကြေမွသွားသော
ကောက်ညှင်းထဲတွင် မြေပဲ ၈၀ကျပ်သား၊ နှမ်း ၃၂ကျပ်သား ၊ အုံးသီးစိပ် ၂၀ကျပ်သား၊ ဆား ၇ကျပ်သား နှံ့အောင်ထည့်မွှေလျင် ထမနဲဖြစ်သည် ဟု မြန်မာစွယ်စုံ ကျမ်းတွင်ဖော်ပြထားသည်။
ထမနဲပွဲနှင့် ပတ်သက်၍ကား ငယ်ရွယ်စဉ် အချိန်က စာသင်ကျောင်းတွင် ရွတ်ဆို သင်ကြားခဲ့ရသော ကဗျာကလေးကလည်း သတိရ လွမ်းဆွတ်စရာ ပင်ဖြစ်သည်။
ထ- ထမနဲ တပို့တွဲ
ပြာသိုလ်လမှာ ချမ်းအေးသည် ၊
ခွါညိုပန်းနံ့မွှေးသည် ။
တပို့တွဲလမှာ ထမနဲပွဲရှိသည် ၊
သိုက်သိုက်ဝန်းဝန်း ထမနဲထိုးကြသည် ၊
နှာရည်စိုရွှဲ တပိုတွဲဟု ဆိုကြသည် ။
အအေးဓာတ်လွန်ကဲမှုကို ကာကွယ်နိုင်ရန်အတွက်လည်း အပူစာချည်းပါ၍ ဆီနိုင်သောထမနဲကို ဤတပို့တွဲလတွင် ထိုးပွဲများကျင်းပပြုလုပ်ကြလျက် လှူဒါန်း စားသုံးကြခြင်းဖြစ်သည်။
သင်္ကေတနှင့် ပြယုဂ်
မြန်မာရိုးရာ ထမနဲပွဲ၌ ထိုးထားသဖြင့် စီးကပ်နေသောထမနှဲသည် စည်းလုံးညီညွတ်ခြင်းရဲ့ သင်္ကေတဖြစ်သလို ထိုးလိုက်သော ထမနဲ၏ အရသာကောင်းခြင်းသည်လည်း စည်းလုံးညီညွတ်ခြင်းရဲ့ အောင်မြင်မှုပြယုဂ်
တစ်ခု ဖြစ်သည်ဟု ရှေးလူကြီးများ ဆိုစကားရှိခဲ့သည် ။
ထမနဲထိုးပွဲကိုအကြောင်းပြု၍ ထမနဲကုသိုလ်ရှင်များ အားလုံး အတူတကွ စည်းလုံးကြရမည်။ ညီညွတ်ကြရမည်။ စည်းလုံး ညီညွတ်မှုဖြင့် မိမိတို့လိုလား
သော လူနတ်နိဗ္ဗာန်သုံးတန်သော ချမ်းသာသုခကို ရရှိအောင် ကြိုးစားအား ထုတ်ကြရမည် ဟု ကိုယ်စီကိုယ်စီ အသီးအသီး မိမိတို့ရင်တွင်း၌ အသိဥာဏ် များ ဖြစ်ပွါးပေါ်ပေါက်လာနိုင်ပေသည်။
မြတ်စွာဘုရားရှင်ကလည်း သမဂ္ဂါနံ တပေါ သုခေါ - အစရှိသည်ဖြင့် ချမ်းသာသုခဟူသည် အခြားမဟုတ်၊ စည်းလုံးညီညွတ်ခြင်းနှင့် စည်းလုံးညီညွတ်သောသူတို့၏အကျင့်ဟုဓမ္မပဒပါဠိတော်မှာ ဟောကြားတော်
မူခဲ့ပေသည်။
ဤထမနဲထိုးခြင်းဟူသော မြန်မာတို့၏ ယဉ်ကျေးမှုပွဲတော်သည် ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့၏ကိုးကွယ်ရာဘာသာတရားနှင့်ဆက်နွယ်လျက်
ပေါ်ပေါက်လာသော ပွဲတော်တစ်ခုဟုဆိုလျင် မှားအံ့ မထင်ပေ။
အဘယ်ကြောင့်ဆိုသော် မြန်မာတို့အတွက် တပို့တွဲလသည် ကောက်ဦးစပါး
ပေါ်ချိန်ဖြစ်သည်။ တောသူတောင်သားဗုဒ္ဓဘာသာဝင်အများတို့သည် ကောက်ဦး အလှူအနေဖြင့် မိမိတို့လယ်ယာမှ ထွက်သော ကောက်ဦးစပါးတို့ကို မွန်မွန်မြတ်မြတ်စီရင်ကာ ရဟန်းသံဃာများနှင့် သက်ကြီးရွယ်အိုတို့အား ဦးဦးဖျားဖျား ပေးလှူလေ့ရှိကြသည် ။
တချို့က ကောက်ညှင်းပေါင်း၍လှူကြသည်။ တချို့က ကောက်ညှင်းထုပ်၍ လှူကြသည်။ တချို့က မုန့်ဆန်းလုပ်၍လှူကြသည်။ တချို့က မုန့်လုံးလုံး၍လှူကြ သည်။ တချို့က ယခုလို ထမနဲထိုး၍လှူကြသည်။
ဦးဦးဖျားဖျား ပြုလုပ်စီမံ၍ ပေးလှူသော ယင်းအလှူဒါနမျိုးတို့ကို ကျမ်းဂန်လာ
ဒေသနာတော်နည်းအားဖြင့် ကာလဒါနအလှူမျိုးဟု ခေါ်ဆိုရမည်ဖြစ်သည်။ ကာလဒါန အလှူငါးမျိုးရှိကြောင်း အဂုင်္တ္ထိုရ် ပါဠိတော် ပဉ္စကနိပါတ် ကာလဒါန သုတ်၌ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည် ။
ယင်းငါးမျိုးကား - ၁။ ဧည့်သည်ပုဂ္ဂိုလ်တို့အား ပေးလှူခြင်း ။
၂။ ခရီးသွားပုဂ္ဂိုလ်တို့အား ပေးလှူခြင်း ။
၃။ မကျန်းမာသောပုဂ္ဂိုလ်တို့အား ပေးလှူခြင်း ။
၎။ ဆင်းရဲငတ်မွတ်သောအခါ၌ ပေးလှူခြင်း ။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလဝန္တပုဂ္ဂိုလ်တို့အား
အဦးအဖျားပေးလှူခြင်းတို့ဖြစ်သည် ။
ဆောင်ပုဒ် - ကောက်စပါးဦး ၊ သစ်သီးဦး ၊ ပေါ်ဦး ပေါ်ဖျားနော် ။
သီလဝန္တ ၊ လှူဒါန်းကြ ၊ ကာလဒါန ခေါ် ။
အခါသိသဖြင့် ၊ လှူတုံလင့် ၊ ချိန်သင့် ကောင်းကျိုးရ ။ ဟူသည်နှင့် အညီ ထိုကာလဒါနအလှူမျိုးကို အချိန်ကာလနှင့်လျော်ညီစွာ ပေးလှူခဲ့သောသူအား မိမိလိုရာအချိန်၌ မိမိလိုအပ်သော အကျိုးတရားကို ရရှိနိုင်ပေသည် ။
ထို့အပြင် အဦးအဖျားလှူခြင်းကြောင့် သူများထက်ဦးစွာ အထူးအဆန်း ပစ္စည်းများ သုံးဆောင်ရခြင်း ၊ သူများထက်ဦးစွာ တရားထူးရခြင်း အကျိုးတို့ကို လည်း ရရှိနိုင်လေသည်။ ဤသည်ကား ဇနေတိ သဒိသံ ပါကံ ဆိုသည့်အတိုင်း တူသောအကျိုးကို ရရှိခြင်းပင်ဖြစ်သည်။
ဤဂေါတမဘုရားရှင်လက်ထက် ထိုကဲ့သို့ အဦးအဖျားလှူဒါန်းလျက် ကုသိုလ် ရယူသူများ ရှိခဲ့သည်။ အထင်ရှားဆုံးသူကို ပြပါဆိုလျင် ပဉ္စဂ္ဂဒါယကပုဏ္ဏားကြီး ကိုပင် ညွှန်ပြရမည်ဖြစ်သည်။ အဦးအဖျားငါးမျိုးကိုအမြဲလှူဒါန်းလေ့ရှိသော
ကြောင့်ပင် သူကို ပဉ္စဂ္ဂဒါယက ပုဏ္ဏား ဟု အများကခေါ်ကြခြင်း ဖြစ်သည်။
သူ လှူလေ့ရှိသော အဦးအဖျားအလှူများမှာ - လယ်ဦး ၊ တလင်းဦး ၊ စပါးပုံဦး ၊ အိုးဦး ၊ စားဦး အားဖြင့် ငါးမျိုးဖြစ်သည်။ ယင်းငါးမျိုးကိုအလွယ်မှတ်နိုင်ရန် ရှေးဆရာမြတ်တို့က -
- လယ် တလင်း ပုံစု ၊ အိုး ခွက်ဟု ၊ ငါးခု မြတ်ဒါန ။
အဦးအဖျား ၊ လှူဒါန်းငြား ၊ ပုဏ္ဏား ပဉ္စဂ္ဂ ။ (ဓမ္မပဒ ဋ္ဌ- ၂၊ ၃၆၇)
ဟု ဆောင်ပုဒ်သီကုံး မှတ်တမ်း တင်ခဲ့ကြသည်။ နောင်အခါ၌ ဘုရားရှင်၏ တရားကို နာကြားရခါ ပဉ္စဂ္ဂဒါယကပုဏ္ဏားဇနှီးမောင်နှံ နှစ်ဦးတို့သည် အကျွတ်တရားများ ရရှိကြလေသည်။
အဦးအဖျားလှူခြင်းအလေ့သည် ဤဂေါတမဘုရားရှင်လက်ထက်တွင်သာ ရှိခဲ့သည်ကား မဟုတ်ပေ၊ ရှေးဘုရားရှင်များ လက်ထက်ကလည်း ရှိခဲ့သည် သာဖြစ်သည်။
ဝိပဿီဘုရားရှင်လက်ထက် မဟာကာလ စူဠကာလ သူကြွယ်နှစ်ယောက်တို့တွင် အကိုဖြစ်သော မဟာကာလသည် လှူလျင် ဦးဦးဖျားဖျားလှူရ မှ ကျေနပ်သူဖြစ်
လေသည်။ ထို့ကြောင့် မိမိလယ်မှ ထွက်သော ကောက်စပါးကို အဦး ကိုးမျိုး ကိုးကြိမ်ပြုလုပ်လျက် စေတနာထက်သန်စွာ လှူဒါန်းခဲ့ လေသည်။
ညီဖြစ်သူ စူဠကာလကား နောက်မှဖြေးဖြေးလှူလည်း ကုသိုလ်ရတာပါပဲ ဟု နှလုံးသွင်းလျက် နောက်မှချည်း ကုသိုလ်ပြုခဲ့လေသည်။
ညီနောင်နှစ်ဦးတို့သည် ထိုဘဝမှသေလွန်ကြပြီး လူပြည်နတ်ပြည်တို့၌ ကျင်လည်ကြကာ ဤဂေါတမ ဘုရားလက်ထက် အကို မဟာကာလက အရှင်ကောဏ္ဍညမထေရ်ဖြစ်လာလေသည်။ အဦးဆုံးချည်း လှူဒါန်းခဲ့သော
ကြောင့် အရင်အဦးဆုံး တရားထူးရလျက် ကျွတ်တမ်းဝင်ရလေသည်။
နောက်မှချည်း ကုသိုလ်ပြုခဲ့သော ညီ စူဠကာလသည် သုဘဒ္ဒပရဗိုဇ်ဖြစ် လာကာ နောင်ဆုံးဘုရားရှင် ပရိနိဗ္ဗာန်စံ ကာနီးကျမှ တရားသိမြင်ပြီး ကျွတ်တမ်းဝင်ရလေသည်။
အထက်ပါ အကြောင်းအရာတို့ကိုထောက်ဆ၍ ထမနဲထိုးလှူဒါန်းခြင်း အလှူဒါနသည် မွန်မြတ်သော ကာလဒါန ကုသိုလ်မျိုးဖြစ်ကြောင်း သိရှိနိုင်
လေသည်။ ပြုလုပ်လှူဒါန်းကြသူများအား အကျိုးထူး အကျိုးဦးများ ရရှိနိုင် သည်မှာ ယုံမှားစရာမရှိပေ။
ထို့ကြောင့် ဗုဒ္ဒဘာသာဝင်များ အနေဖြင့် အချိန်ကာလနှင့် လျော်ညီစွာ ထမနဲပွဲများကျင်းပပြုလုပ်ကြလျက် ထမနဲပေးလှူခြင်း ထမနဲဝေငှခြင်းများအပြင် ထမနဲပွဲနှင့်ဆက်စပ်သော ကုသိုလ်ပါရမီထူးများ ဆည်းပူးရယူနိုင်ကြပါစေ
ကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။
အရှင်နန္ဒသာရ (စည်ရှင်)

No comments: