Friday, March 18, 2016

အံ့ဖွယ် ဗိသုကာလက်ရာတွေနဲ့ အန်ကောဝပ်



ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အအုံနဲ့ UNESCO စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာ
ဗိသုကာပညာရဲ့ အံ့ဖွယ်တစ်ပါးဖြစ်တဲ့ အန်ကောဝပ်က အေဒီ ၁၂ ရာစုအစောပိုင်းက တည်ဆောက် ခဲ့တဲ့ဟိန္ဒူဘုရားကျောင်းတစ်ခုပါ။ တည်ဆောက်ခဲ့သူကတော့ ခမာဧကရာဇ်မင်းကြီး Saryavarman ll ဖြစ်ပါ တယ်။ အဲဒီဘုရားကျောင်းရဲ့ ဘာသာရေး ရပ်တည်ချက်က ခမာ အင်ပါယာကို အုပ်ချုပ်သူတွေ ကိုးကွယ်တဲ့ ဘာသာရေးအလိုက် ပြောင်းလဲခဲ့တာကြောင့် လွန်ခဲ့တဲ့ရှစ်ရာစုနှစ်အတွင်းမှာဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ထပ်မံတိုးချဲ့ခြင်းတွေနဲ့ ဖျက်ဆီးခြင်းတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေက အဲဒီ ဘုရားကျောင်းကိုဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ် ပြောင်းလဲ ပြုပြင်မွမ်းမံခဲ့ရာကနေယနေ့ထက်ထိတိုင် အဲဒီအတိုင်း ဆက်လက် တည်ရှိနေခဲ့ပါတယ်။
၎ဝ၁ ဧကရှိတဲ့ အကျယ်အဝန်းနဲ့အမြင့်ဆုံး ပေ ၇ဝဝ အထိရှိတဲ့ မျှော်စင်တွေရှိတဲ့ အန်ကောဝပ်က ကမ္ဘာပေါ်မှာ အကြီးဆုံး ဘာသာရေး အဆောက်အအုံအဖြစ် ဂရင်းနစ်စံချိန်ကို ရရှိထားပါတယ်။ အန်ကောဝပ် ရဲ့အလှနဲ့ ယဉ်ကျေးမှုကြောင့် ၁၉၉၂ ခုနှစ်ကတည်းက ယူနက်စကို (UNESCO)ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေ အနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းလည်း ခံခဲ့ရပါတယ်။ ကြီးမားလှတဲ့ အန်ကောဝပ်ကို ကြည့်ရှုဖို့ အကောင်းဆုံးအချိန်ကတော့ နေဝင်ဆည်းဆာအချိန်ပါပဲ။

အန်ကောဝပ်က ဆီရန်ရိ(ပ်)မြို့နဲ့ လေးမိုင်အကွာမှာ တည်ရှိပါတယ်။ အဝေးကနေ ကြည့်ရင်တောင် ကြီးမားလှတဲ့ အန်ကောဝပ်ဟာ ပိုနီးလေ ပိုမိုကြီးမားလေ ဖြစ်တာကိုတွေ့ရပြီး ဗိသုကာပညာရပ်ကောင်း ကောင်းနဲ့ တည်ဆောက်ထားတဲ့အလွှာများစွာနဲ့ မျှော်စင်တွေ၊ အခန်းတွေ၊ အနုပညာလက်ရာ ပြခန်းတွေ၊ လမ်းမကြီးတွေနဲ့ ကြီးမားလှတဲ့ကျုံးကြီးကို တွေ့ရှိရမှာပါ။
စိတ်ဝင်စားစရာ အချက် တစ်ချက်က အန်ကောဝပ်က ဘုရားကျောင်းသာမက ဂူဗိမာန်လည်း ဖြစ် နေပါသေးတယ်။ သာမန် ဘုရားကျောင်းတွေကဟိန္ဒူဘာသာအရအတိတ်နိမိတ် ကောင်းတယ်လို့ယူဆတဲ့အရှေ့ဘက်ကိုမျက်နှာမူတည်ဆောက်ထားပေမယ့်အန်ကောဝပ်ကအနောက်ဘက်ကိုမျက်နှာမူထားပါတယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေကတော့ဒါဟာ ဘုရင်  Saryavarman ll  ရဲ့ဂူဗိမာန်လည်း ဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။
အန်ကောဝပ်ကိုကြည့်ရှုဖို့အတွက်ကမ္ဘောဒီးယားကိုသွားမယ်ဆိုရင်အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်(အန်ကောမြို့ဟောင်း)လို့ ခေါ်တဲ့ အဲဒီဒေသတစ်ခုလုံးကိုလေ့လာနိုင်ပါတယ်။
ကမ္ဘောဒီးယား မြောက်ပိုင်းမှာရှိတဲ့ စတုရန်း ကီလိုမီတာ ၃ဝဝ ကျယ်တဲ့ အဲဒီဥယျာဉ်ထဲမှာ ဘာသာရေး အဆောက်အအုံတွေ ရာနဲ့ချီ ရှိပြီးအန်ကောဝပ်က အဲဒီထဲကမှ တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တော့ အများခေါ်ဝေါ်နေကြတဲ့ အန်ကောဝပ်ဆိုတာက အန်ကော မြို့ဟောင်းကြီးတစ်ခုလုံးကို ဆိုလိုတာပါ။ တခြား ထင်ရှားတဲ့ ဘုရားတွေကတော့အန်ကောထွမ်၊ ဘေယွန်ဘုရား၊ တဖုန်ဘုရားနဲ့ ဘက်ကောင် ဘုရားတို့ပဲ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ အခြေစိုက် အမျိုးသား အကယ်ဒမီ သိပ္ပံ (National Academy of Sciences (NAS))  သည် ၂ဝ၁၂ ခုနှစ် ဧပြီလတွင် ကောင်းကင် လေဆာ မြေတိုင်းမှုကို ပြုလုပ်ပြီး အကျိုး ရလဒ်များကို ထုတ်ပြန် ကြေညာလိုက်သည်။
ဝေးလံသော တောင်တစ်တောင် ပေါ်ရှိ လူသူ အရောက်အပေါက် နည်းပါးသော တောတွင်း မြေကြီးအောက်တွင်အလွန်ကြီးမားသော အလယ်က ခေတ်မြို့တစ်မြို့ တည်ရှိ ခဲ့ကြောင်းကို အတည်ပြု ပေးနိုင်ရန် ဇွန်လ ကြေညာချက် အရပိုမို၍ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပေသည်။
ကမ္ဘောဒီးယား၏ သမိုင်းကို ပြန်ရေးရမည့် အခြေအနေ ခမာ အင်ပါယာ၏ မြို့တော် အန် ကောကို ကူလန်တောင် (Mount Kulen) ပေါ်တွင် အေဒီ ၈ဝ၂ ခုနှစ်က တည်ခဲ့ပြီး ဒုတိယမြောက် ဂျေယာဗာမန် (Jayavarman II) ကို ဧကရာဇ် အဖြစ် ကြေညာ ခဲ့ကြောင်း သိရသည်။
ယခုခေတ်တွင် အန်ကော ဒေသများ၌ လူကြိုက် အများဆုံး လည်ပတ်စရာ နေရာမှာ အန်ကောသွမ် (Ang Kor Thom) ဖြစ်သည်။ ဘေယွန် (Bayon)တို့၏ ဇာတိမြေ ဖြစ်ပြီး ထုထည် ကြီးမားစွာ တည်ဆောက်ထားသည့် ပြုံးရွှင်နေသော မျက်နှာနှင့် အန်ကောဝပ် (Ang Kor Wat) ဘုရားကျောင်းတော်ကြီး ရှိနေပေသည်။ ထို့အတူ အခြားသော ဘုရားကျောင်းများလည်း ရှိနေပေရာ ၎င်းတို့မှာ တာပရွမ် (Ta Prohm) ၊ ပရီယာခန် (Preah Khan) နှင့် တာနေး (Ta Nei)တို့ ဖြစ်ကြသည်။
အဝေးထိန်း လေဆာ အာရုံခံ ကိရိယာ LiDAR ဖြင့် ထောက်လှမ်းခဲ့ရာ တိကျ သော အချက်အလက် (Data) များကို စုဆောင်း ရရှိခဲ့သဖြင့် အန်ကောသည် အထိမ်းအမှတ် အဖြစ် တည်ဆောက်ခဲ့ပြီးသော အဆောက်အအုံ တစ်ခုသာ ဖြစ်ခဲ့ကာ တခမ်းတနား စီစဉ်ထားသောလူနေ နည်းပါးသည့် မီဂါမြို့ကြီးတစ်မြို့ ဖြစ်ခဲ့ဖူးကြောင်းကို ဖော်ထုတ် ပေးနိုင်ခဲ့ လေသည်။
ထိုမြို့ထက် ဝေးရာ အရပ်တွင်အခြား မြို့များလည်း ရှိနေသေးကာ စီရမ်ရိ (Siem Reap) မှ ၅၂ ကီလိုဝေးသော နေရာတွင်မြင်ရသူ၏စိတ်နှလုံးကိုညှို့ယူဖမ်းစား နေသောဘန်မီးလီယား(Beng Mealea) ရှိနေပြီး ကီလိုမီတာ ၁၂ဝ အဝေး၌ ကျယ်ပြန့်လှသော ကိုကာမြို့ (Koh Ker) များရှိနေကြသည်။ အမှန်စင်စစ် ၎င်းတို့သည် အန်ကော၏ အလွန် ကြီးမားသော မြို့ဆင်ခြေဖုံး ကွန်ရက် အတွင်း၌ ရှိနေသော မြို့သစ်များ ဖြစ်ကြပေသည်။
စီရမ်ရိ၏ မြောက်ဘက် ၄၈ ကီလိုမီတာ အကွာအဝေးတွင် ဖာနွမ်ကူလနိ (Phnom Kulen) သို့မဟုတ်ကူလန်တောင်(MountKulen)ရှိသည်။၎င်းနေရာသည်နတ်ဘုရားများ၏ဘုရင်၊အင်ဒရာတောင် ( Mountain of Indr) သို့မဟုတ် အလယ်ခေတ်မှ မဟိန်ဒရာပါဗာတာ (Mahendraparvata) မြို့၏တည်နေရာ ဖြစ်လေသည်။အီဗစ်သည်ပုရွက်ဆိတ် တောင်ပို့ကိုလက်ညှိုးညွှန်၍ ခြတောင်ပို့ တောင်ပင် မချန်ဘဲ အလျဉ်းသင့်သလို သစ်တော၏ ကြမ်းပြင်ကို ရှာဖွေကြရန် ပြောကြားသည်။
လွန်ခဲ့သည့် နှစ်ပေါင်းရာချီရှိနေသည့်ကာလက နေထိုင်ခဲ့ကြသူများ၏သွားလာလှုပ်ရှားမှုများနှင့် တောတောင်ရေမြေ၊ ကျေးလက်ဒေသ ရှုခင်းပန်းချီတို့သည် မြေကြီးအောက်တွင်အများအပြားနစ်မြုပ်နေသည်ကိုသိမ်မွေ့သော နည်းလမ်းဖြင့် ဖော်ထုတ် ယူကြမည်ဖြစ်သည်။
အဖုအထစ်၊နစ်ဝင်နေမှုတို့ကိုဝင်တိုးမိသော်လည်း အဓိပ္ပာယ် မဖော်နိုင် သေးသည့် တိုင်အောင် LiDAR ဖြင့်ပုံဖော်ပြီးလျှင်ထူးခြားသောသက်သေခံအထောက်အထားအဖြစ်အန်ကောဝပ်ဘုရားကျောင်းနှင့် ရှေးဟောင်းမြို့ကြီးကို မြင်တွေ့ရ ပါလိမ့်မည်ဟု ဒေါက်တာ ဒမ်မီယန်အီဗင်းစ (Dr. Damian Evans) က ပြောကြားခဲ့သည်။
နည်းပညာအသုံးပြုလျက်မြန်မြန်ထက်ထက် ဖော်ထုတ်မည်ဘုရားကျောင်းရှိနေသည့် နေရာသို့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်တစ်သန်းခန့်လာရောက်ကြည့်ရှု နေကြသကဲ့သို့သိပ္ပံပညာရှင်များကလည်း တူးဖော်ရေး စီမံချက်ကို ဆောင်ရွက် နေကြပြီ ဖြစ်သည်။
ပညာရှင်များသည် ဒေသတွင်းမှ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် သူတို့၏ ဘဝတို့ကို ခြေရာခံ၍ အကြွင်းအကျန်များကိုရှာဖွေနကြရာတစ်စစီဆက်စပ်ယူရင်းအန်ကောဝပ် မြုပ်နေသောကွက်လပ်များကို ဖော်ထုတ်လျက် ရှိကြသည်။ယခင်လာရောက်ခဲ့ဖူးသောဧည့်သည်များနားလည်သဘောပေါက်လက်ခံထားခဲ့ကြသည့်အတိုင်းမဟုတ်ဘဲ တဖြည်းဖြည်းချင်း ပြောင်းလဲမှု ရှိလာသည်ကို တွေ့မြင် ကြရမည် ဖြစ်ပါသည်။
၁၈၆ဝ ပြည့်နှစ်ကသဘာဝလာကပညာရှင်ဟန်နရီမိုဟော့ (Naturalist Henri Mouhot) သည် မတော်တဆခလုတ်တိုက်မိသကဲ့သို့အန်ကောဝပ်ဘုရားကျောင်းကိုရှာဖွေ တွေ့ရှိခဲ့ပြီး ကတည်းကသုတေသနပညာရှင်များသည်ဤနေရာ၌ရှာဖွေစူးစမ်းမှုများကိုစတင်လုပ်ဆောင်ခဲ့ကြသည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် တောနက်တွင်းရှိ ဘုရား ကျောင်းပျက်များကို တူးဖော်ရန် နန်းတော်ရာများမှ နွယ်ပင်များကို ရှင်းပစ်၍ ကျွန်ုပ်တို့ စူးစမ်းနိုင်ရန် ဆောင်ရွက် ပေးခဲ့သည်။ တူးဖော် တွေ့ရှိရသည့်ကြွယ်ဝသောရတနာပစ္စည်းများကို ပြတိုက်များတွင်ခင်းကျင်း ပြသ ပေးခဲ့သည်။ သုတေသန ပညာရှင် အများအပြားသည် ရှာဖွေတွေ့ရှိမှု တစ်ရပ်ကို ဆောင်ရွက်ရန် ၎င်းတို့၏ ဘဝတစ်သက်တာ နှစ်မြှုပ် ခဲ့ရသည်။
သို့သော်လည်း LiDAR နည်းပညာရပ်က အားလုံးကို ပြောင်းလဲ ပေးလိုက်ပြီး လုပ်ငန်းစဉ် တစ်ခုလုံးကို တက်သုတ် နှင်စေ နိုင်လိုက်ပေသည်။
LiDAR သည် Indiana Jones ရုပ်ရှင်မှ ဇာတ်လိုက် မင်းသားကြီး ယူသွားသကဲ့သို့ အနည်းငယ်သာ ဆောင်ရွက် လိုက်ရသည်။ ရှားစောင်းပင်များ၊ပင့်ကူအိမ်များ၊ ဆူးပင်များနှင့် ဗွက်အိုင်များကို ဘေးဖယ်လုပ်ဆောင်လိုက်ရုံသာ ဖြစ်ကြောင်းစီရမ်ရိ နေရာ၌အလုပ်လုပ်နေသော အမေရိကန် သုတေသန ပညာရှင် ဒေါက်တာ မီရီယန်စတာ့ခ် (Dr. Mirian Stark) က ပြောကြားခဲ့သည်။ ပင့်ကူများ၊ မြွေများနှင့် ပိုးကောင်များသာ မက ကြွယ်ဝသော အတွေ့အကြုံ အားလုံးကို မြင်တွေ့ပြီး သင်သည် တစ်စုံတစ်ရာကို ရရှိလိုက်ပြီ ဖြစ်၍ ကျေနပ် အားရမှုဖြင့် ပီတိ ဖြစ်နေကြပေလိမ့်မည်။
ပရီယာအင်သွမ် (Preah Ang Thom) အနီးတွင် ၁၆ ရာစုနှစ် ကျောက်တုံးကို ထွင်းထုထားသည့် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်ကြီး ရှိခဲ့သည်။ ခြေလျင်ခရီးဖြင့် ဆက်လက် သွားလျှင် တောနက်တွင်း တစ်နေရာ၌ Sras Damrei ခေါ်ဆင်ကန်၌ ဧရာမဆင်နှင့် ခြင်္သေ့ကျောက်ရုပ် များကို ထွင်းထုထားကြောင်း တွေ့ရမည် ဖြစ်သည်။ ထို့နောက် ဂဝံကျောက်တုံး သုံးဆင့်ထပ်ထားသည့် ပရာဆပ်ရောင်ချန် (Prasar Rong Chen) ဘုရား ကျောင်းပျက်ကို တွေ့နိုင်သည်။ အဆိုပါကျောင်းသည် ဘုန်းတော်ကြီးက နတ်ဘုရင် တစ်ပါးဖြစ်သည့် ဒုတိယမြောက် ဂျေယာဗာမန် (Jayavarman II) အတွက် တည်ဆောက် ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သစ်တောထူထပ်သည့် တောတွင်းမှ ထွက်လိုက်သော် မြက်ပင်ရှည်ကြီးများ၏ အကြားတွင် အုတ်နီခဲများဖြင့် တည်ဆောက်ထားသည့် အိုပါအွန် ဘုရားကျောင်း (O Paong) ကို မျှစ်စို့ပေါက်များ ကဲ့သို့ မြေပြင်တွင် ထွက်ပေါ်နေသည်ကို ဖူးမြင် နိုင်ပေသည်။
ထိုမှတစ်ဆင့်ဘင်မီလီးယား(BengMealea)သို့သွားနိုင်ပြီးဘုရားကျောင်းတစ်ကျောင်းကို ညောင်မြစ်ကြီးများက ဖမ်းဆုပ် ထားသကဲ့သို့ တွေ့ရသည်။
ဘုရားကျောင်း တစ်ခုလုံး ရေညှိများ ဖုံးအုပ်ထားသည်။ ကျယ်ပြန့်သော ကိုကာ (Koh Ker) တွင် ပဲ့ကျနေသောဘုရားကျောင်းများတစ်ခုပြီးတစ်ခုကို မြင်တွေ့ နေရပေသည်။လေဆာကောင်းကင် မြေတိုင်း သုတေသန အဖွဲ့သည် LiDAR စက်ကိရိယာ တပ်ဆင်ပေးထားသော ရဟတ်ယာဉ်ဖြင့် လိုက်ပါ သွားခဲ့ကြပြီး မကြာမီက တွေ့ရှိခဲ့ ရသည့် မြို့၏ ရှုခင်းသစ် အရွယ်အစားနှင့် ဒေသတွင်းရှိ ခမ်းနားသော၊ ဘုရားကျောင်း ပေါများသောမြို့ များ၏ မြင်ကွင်းကို ရှုစား ကြရသည်။
သင်လေဆိပ်သို့ ရောက်လျှင် စီရမ်ရိသို့ ကားမောင်းသွားပါ။ အန်ကောမြို့၏ ဆင်ခြေဖုံးတွင် စီရမ်ရိ ရှိနေသည်။ အန်ကောဝပ် ဘုရားကျောင်းသို့ ရောက်ရှိ သွားသည်နှင့် သင်သည် မြို့၏ အလယ်ဗဟိုသို့ ရောက်သွားပြီ ဖြစ်သည်။ဤကဲ့သို့ လှပနေဆဲ နေရာ တစ်နေရာ ဖြစ်နေသေး၍ စီရမ်ရိနှင့် အန်ကောဝပ် ဘုရားကျောင်းသို့ ၂ဝ၁၂ ခုနှစ်က ကမ္ဘာလှည့် ခရီးသည် တစ်သန်း လာရောက် လည်ပတ်ခဲ့ကြပေသည်။ ။

No comments: