Friday, March 4, 2016

IQ & EQ


ဟိုးယခင်အချိန်များကတော့ လူမှု့ရပ်ဝန်းမှာ ဉာဏ်ရည်ဉာဏ်သွေး (IQ - Intelligence Quality) ကို ပိုမိုအရေးပေးခဲ့ကြပေမယ့်၊ ယခုခေတ် အချိန်အခါမှာတော့ စိတ်အရည်အသွေး (EQ - Emotional Quotient) ဟာ ပိုမိုအရေးပါလာပြီ ဖြစ်ပါတယ်။ လေ့လာမှု့တွေအရလည်း အတတ်ပညာကျွမ်းကျင်မှု့ထက် စိတ်ခွန်အားကောင်းမွန်သူက ဘ၀မှာ ပိုမိုအောင်မြင်ကြတာကို တွေ့ရှိရပါတယ်။ EQ ကောင်းသူ တစ်ဦးမှာ ရှိသင့်တဲ့ စွမ်းဆောင်ရည်တွေကတော့ -

၁ - Self-awareness (ကိုယ့်အကြောင်း ကိုယ်သိခြင်း)

၂ - Self-regulation (ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်ခြင်း)


၃ - Motivation (စိတ်အားထက်သန်ခြင်း)

၎ - Empathy (ကိုယ်ချင်းစာတတ်ခြင်း၊ သူတစ်ပါး စိတ်ခံစားချက်ကို နားလည်ပေးတတ်ခြင်း)

၅ - Social skills (ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း)

စသည်တို့ ဖြစ်ကြပါတယ်။

ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်ခြင်းထက် ပိုမိုအရေးကြီးသော စိတ်အရည်အသွေး ကောင်းမွန်ခြင်းအရည်အသွေးများထဲမှာ သင့်မှာရှိသောအရည်အသွေးများနဲ့ သင့်မှာလိုအပ်နေသေးသော အရည်အသွေးများကို ကိုယ်တိုင်ဆန်းစစ်ကြည့်နိုင်ပါတယ်။ IQ ကတော့ သင့်ရဲ့မျိုးရိုးဗီဇနဲ့ သက်ဆိုင်နိုင်ပေမယ့်၊ EQ ကတော့ သင်ကိုယ်တိုင် လေ့ကျင့်ပျိုးထောင်ယူလို့ ရနိုင်ပါတယ်။ EQ ကောင်းသူများဟာ ခေါင်းဆောင်ကောင်းများ ဖြစ်တတ်ကြပြီး ပြဿနာရပ်တွေကိုလည်း အဆင်ပြေပြေ ကျော်လွှားဖြေရှင်းနိုင်ပါတယ်။

သင့်ရဲ့ EQ အဆင့်ကို ယေဘူယျ ဆန်းစစ်ချင်တယ်ဆိုရင်တော့ http://psychology.about.com/library/quiz/bl_eq_quiz.htm မှာ သွားရောက် ဆန်းစစ်နိုင်ပါတယ်။

--

Ref - Psych Central

အောင်ခန့်

No comments: