Friday, March 4, 2016

မိုနာလီဇာ ဆိုတာ


ကမ္ဘာကျော် အီတာလံလူမျိုး ပန်းချီ အနုပညာရှင်လည်းဖြစ် တီထွင်သူလည်း ဖြစ်သူ လီယိုနာဒိုဒါဗင်ချီ (Leornado Da Ving)က ယခု Louve ပြတိုက်ကြီးမှာ ပြသထားသော မိုနာလီဇာ (Mona Lisa) ပန်းချီကားအား (၁၅ဝ၃)ခုနှစ်တွင် အီတာလျှံလူမျိုး ဂုဏ်သရေရှိ လူကြီးတစ်ဦး၏ ဇနီးအား ပုံတူရေးဆွဲခဲ့ရာမှာ စတင်ခဲ့ပါသည်။

ထိုစဉ်က သူ့အား ယင်းပုံတူ ရေးဆွဲရန် အပ်ခဲ့သူကို ပန်းချီကား ရေးဆွဲ၍ မပြီးစီးသေးသဖြင့် ရောင်းချမှု မပြုခဲ့ပါ။ (၁၅ဝ၇)ခုနှစ်ကျမှ ယင်းပန်းချီ ကားကို ပြီးစီးအောင် ရေးဆွဲနိုင်ခဲ့ပါသည်။ (၁၅၁၆) ခုနှစ် သူပြင်သစ်ပြည်သို့ ရောက်ရှိသည် အထိ မိုနာလီဇာ ပန်းချီကားကို သူမ၏ လက်ထဲမှာပင် သိမ်းဆည်း ထားခဲ့ရာမှ (၁၅၁၆)ခုနှစ် ပတ်ဝန်းကျင်မှ ပြင်သစ်ဘုရင် ဖရစ်ဆစ်(King FRANCOIS)က သူ့ထံမှ မိုနာလီဇာ ပန်းချီကားအား ဝယ်ယူခဲ့ပေသည်။


ပြင်သစ်ပြည်၏ နန်းတော်များဖြစ်သည့် Amboise, Fontainbleau, Versailles, နှင့် Tuilleries အသီးသီး တွင် မိုနာလီ ဇာပန်းချီကားအား တစ်လှည့်စီထားပြသခဲ့ပြီး၊ ပြင်သစ် တော်လှန်ရေး (၁၈)ရာစုနှောင်းပိုင်း တွင် ပေါ်ပေါက်ခဲ့ပြီးနောက် ပြင်သစ်သက်ဦးဆံပိုင်ဘုရင်စနစ်မှလည်းချုပ်ငြိမ်းခဲ့ကာ၊မိုနာလီဇာပန်းချီကား အ ပါအဝင်အဖိုးတန်နန်းတွင်းအနုပညာလက်ရာအားလုံးအစိုးရအဖွဲ့သစ်၏ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိခဲ့ ရပေသည်။

(၁၇၉၃)ခုနှစ်၌ ပြင်သစ်အစိုးရက Louvre နန်းတော်အား ပြည်သူ့အတွက် အနုပညာပြတိုက် Public Art Museum အဖြစ် သတ်မှတ်ခဲ့ပြီး၊ ထိုအချိန် (၁၇၉၃)မှစ၍ မိုနာလီဇာပန်းချီကားကို Louvre ပြတိုက် အသစ်တွင် ထားရှိပြသခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်တော့သည်။ ထိုအချိန် ကစ၍ နာမည်ကျော် ထိုပန်းချီ ကား မှာ ပြင်သစ်အစိုးရပိုင်အဖြစ် တရားဝင်ထားရှိခဲ့ပြီး (၁၉၁၁)ခုနှစ်၌ အီတာလျှံလူမျိုးတစ်ဦးက သူ့နေရပ် (အီတလီ)နိုင်ငံသို့ ပြန်ပို့မည်ဟုဆိုကာ ပြတိုက်၏ နံရံမှဖြုတ်၍ ခိုးယူခဲ့ပြီး (အီတလီ)နိုင်ငံသို့ ခိုးယူသွားခဲ့ပေ
သည်။ နောက်(၂)နှစ် ကြာမှ မိုနာလီဇာပန်းချီကားကို ပြန်လည်တွေ့ရှိပြီး (အီတလီ)နိုင်ငံမှ ပြင်သစ်နိုင်ငံ Louvre ပြတိုက်သို့ ပြန်လည်ပေးအပ်ခဲ့ပေသည်။

မိုနာလီဇာပန်းချီကားမှာ အထက်ပါအဖြစ်အပျက်မှလွဲ၍ ပြင်သစ်နိုင်ငံ၏ ပြင်ပသို့ နောက်ထပ်(၂)ခါသာ ခရီးထွက်ခဲ့ဖူးရာ (၁၉၆၃)ခုနှစ်က အမေရိကန်ပြည်ထောင်စု (USA) သို့ တစ်ကြိမ်၊ (၁၉၇၄)ခုနှစ်က ဂျပန်နိုင်ငံသို့ (၁)ကြိမ် သွားရောက်ပြသခဲ့ရာ တစ်ခဲနက် ပြည်သူလူထုအများ၏ အားပေးကြည့်ရှုမှုကို ခံခဲ့ရပေသည်။

MONALISAပန်းချီကား၏ နောက်နာမည်တစ်မျိုးမှာLAGIOCONDA ဖြစ်၏။The Most Famous Painting in history of Art ဟုကမ္ဘာ့ပန်ချီသမိုင်းမှာ အကျော်ကြားဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါသည်။ (၁၆)ရာစုနှစ် ဆီဆေး လက်ရာ တစ်ခုဖြစ်၏။ La Gioconda မှာ အီတာလျံအမည်ဖြစ်ပြီး၊ (အီတလီ)နိုင်ငံ Folorence မြို့မှ ပိုးကုန်သည် Francesco del Giocondo ၏ဇနီး Mona Lisa အား ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီက ကြည့်၍ ရေးဆွဲခဲ့သည်ဟု ဆိုပါသည်။

(၂ဝဝ၄)ခုနှစ်တွင်ကနေဒါနိုင်ငံNational ResearchCouncil က သုံးဘက်မြင် infraredscan ဖြင့်ပန်းချီကား ၏အနုစိတ်လက်ရာများအား လေ့လာမှတ်တမ်းတင်ထားခဲ့၏။ ထိုစဉ်ကသုတေသနပြုချက်အရ သမားရိုးကျ ပန်းချီကား ထိန်းသိမ်းသည့်အတိုင်းထားမည် ဆိုပါက မိုနာလီဇာပန်းချီကားမှာ တစ်စတစ်စ ပျက်စီးယိုယွင်း
လာနိုင်သည်ဟုအတည် ပြုခဲ့ကြ၏။

(၂ဝဝ၅) ခုနှစ်ဧပြီလတွင်မှာတော့ ပန်းချီကားအား Louvre ပြတိုက်အတွင်း နေရာသစ်သို့ရွေ့ကာ
ရာသီဥတုအ ပူအအေးစိုထိုင်းဆ စသည်တို့အား ထိန်းသိမ်းထားနိုင် သည့် ကျည်ဆံကာမှန်တပ်ထားသည့် နည်းပညာအဆင့်မြင့်အခန်း (Room) တစ်ခုထဲ သို့ ပြောင်းရွေ့ကာ အများပြည်သူများအားပြသခဲ့ပါ သည်။
နှစ်စဉ် လူ(၆)သန်းခန့် ပါရီမြို့ရှိ Louvre ပြတိုက်သို့ မိုနာလီဇာပန်းချီကားအား လာရောက်ကြည့်ရှု ကြပါ သည်။

မိုနာလီဇာပန်းချီကား ကျော်ကြားရခြင်း အကြောင်းရင်းမှာ သူမ၏ လျှို့ဝှက် ထူးဆန်းတဲ့ အပြုံး ကြောင့်ဟု ဆိုကြပါသည်။ မိုနာလီဇာပန်းချီကားသည်
1. (La Joconde) ပြင်သစ်နာမည်
2. Lisa Gherardin
3. Mona Lisa
4. La Gioconda ပန်းချီကားအား နာမည်(၄)မျိုးဖြင့် ခေါ်ဆိုကြ သည်။
နာမည်ကျော်၏ တီထွင်မှုမိုနာလီဇာ၏ ပါးစပ်နှင့်မျက်စိထောင့်စွန်းများတွင် အလင်းရောင်နှင့်အမှောင်ကို တစ်လှည့်စီ ရောယှက်ရေးဆွဲထားပုံ ၊ကြည့်ရှုသူအား အတွေးသစ်အာရုံသစ်များစေနိုင်ပါသည်။ သူ့အပြုံး
နောက်ကွယ်မှာ ဘာရှိမှန်းမသိ၊ မိမိဘာသာ စဉ်းစဉ်းတွေးတောပြီး စိတ်ကူးကြည့်ရသည့် ခံစားမှုကိုလည်း
ဖြစ်ပေါ်စေသည်ဟု မြင်ဖူးသူတိုင်းက ဆိုပါတယ်။

No comments: