Saturday, March 12, 2016

ခေါင်းဆောင်နိုင်မှုအရည်အချင်း


LEADERSHIP
လို့ပြောရင် လွယ်လွယ်ပဲ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း လို့ အလွယ်ပြောလို့ရပါတယ်။ ခေါင်းဆောင်နိုင်တဲ့ အရည်အချင်း ဆိုတာဘာလဲလို့ မေးရင်တော့ အဖွဲ့အစည်း တစ်ခုကို အောင်မြင်အောင်၊ အဖွဲ့ဝင်တွေ လုဎ်ဖော်ကိုင်ဖက်တွေ ပျော်ရွှင်အောင်၊ မှန်ကန်တဲ့ လုဎ်ဆောင်ချက်တွေကို လုဎ်ပေးနိုင်တဲ့ သူတွေကို ခေါင်းဆောင် အရည်အချင်း ရှိတယ်လို့ ပြောလို့ အကြမ်းမျဉ်း ပြောလို့ရပါတယ်။ leadership အရည်အချင်း ရှိတဲ့လူ အများစုဟာ ကိုယ်ကိုတိုင် မှန်ကန်တဲ့ လုဎ်ဆောင်ချက်တွေကိုလုဎ်ရုံ မဟုတ်ပဲ၊ ကိုယ့်ရဲ့ လုဎ်ဖော်ကိုင်ဖက် တွေကိုပါ မှန်ကန် တဲ့လုဎ်ဆောင်ချက် တွေလုဎ်လာအောင် ကူညီအားပေးနိုင်သူလဲ ဖြစ်တယ်။ အများကို ဦးဆောင်တဲ့ အချိန်မှာ မှန်ကန်တဲ့ Management Skill ကိုသုံးပြီး လိုရာ ပန်းတိုင်ကိုရောက်အောင် ဦးဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။
ခေါင်းဆောင် ၁ ယောက်ရဲ့ လိုအပ်တဲ့ အရည်အချင်း တွေကိုမပြောခင်မှာ ခေါင်းဆောင် တွေရဲ့ ကွာခြားတဲ့ အုပ်ချုပ်မှူ စတိုင် လေးတွေနဲ့ ဘယ်လိုအဖွဲ့ အစည်းတွေက ဘယ်လိုစတိုင် နဲ့သင့်တော်လဲ ဆိုတာကို ပြောချင်ပါတယ်။
Passive Leaders (လွတ်လပ်ခွင့်ပေးပြီး ခေါင်းဆောင်သူ )
ယခုကဲ့ သို့ ခေါင်းဆောင် များဟာ လုဎ်ဖော်ကိုင်ဖက်များ၊ လက်အောက်ငယ်သား များအပေါ် ကို လွတ်လပ်စွာနေ ထိုင်လုဎ်ကိုင်ခွင့် ပေးထားသူများဖြစ်ပါတယ်။ အလုဎ်လုဎ်ရာ မှာ own time own target နဲ့ လုဎ်ဆောင်ခွင့်ပေးထားပါတယ်။ ထိုသို့ လုဎ်ဆောင်ခြင်းဟာ လုဎ်ငန်းပြီးစီး မှူကိုပိုမို ထိရောက်စေပါတယ်။ အထူးသဖြင့် လုဎ်ငန်းကျွမ်းကျင်ပြီး အတွေအကြုံ ရှိတဲ့သူတွေ၊ လုဎ်ငန်းခွင် စဝင်ပြီး မိမိကိုယ်ကို အားကိုးပြီး လုဎ်ကိုင်နိုင်သူတွေ အတွက် သင့်တော်ပါတယ်။ Passive Leader အများစုဟာ အလုဎ်ပြီးမြောက်မှူ၊ မပြီးမြောက်မှူ တို့ကို ပုံမှန်အားဖြင့် စောင့်ကြည့်နေပြီး၊ လိုအပ်ချက်များကို ဦးဆောင်မှူပေးလေ့ရှိသည်။ သို့ရာတွင် အဖွဲ့အစည်း အကြီးများ၊ အတွေအကြုံ မရှိသူ အများအပြား ပါသော အဖွဲ့အစည်းများ၊ အသေးစိတ် ရှင်းပြမှသာ နားလည်နိုင်မည့် သူများ ပါက ထိုကဲ့သို့သော ခေါင်းဆောင်များ၏ ဦးဆောင်မှူများ သည် အောင်မြင်ရန် ခက်ခဲပေသည်။
Transactional Leader ( အပေးအယူ ဖြင့် အလုဎ်လုဎ်သော ခေါင်းဆောင် )
ယခုကဲ့ သို့ ခေါင်းဆောင်များ သည် ဆုပေး၊ ဒဏ်ပေး စနစ်ကို ကျင့်သုံးခြင်း ဖြင့် လူအများစု ၏ အလုဎ်လုဎ်ချင်စိတ်ကို လှုံ့ဆော်ပေးသည်။ တနည်းအားဖြင့် ပြောရင် ရှင်းရှင်းလင်းလင်း အလုဎ်လုဎ်တဲ့ စနစ် နဲ့ အုပ်ချုပ်တယ်လို့ မြင်ရနိုင်ပါတယ်။ အကယ်၍ သင်ဟာ ထိုကဲ့သို့သော ခေါင်းဆောင်အုပ်ချုပ်မှူအောက်မှာရှိ ခဲ့မယ်ဆိုရင် သင့်ရဲ့လုဎ်ပိုင်ခွင့်အားလုံး ကိုခေါင်းဆောင် ဆီကိုပေးအပ်ထား ရုံပါပဲ။ သင်ဟာ ခေါင်းဆောင်လုဎ် ခိုင်းတာကို လုဎ်နိုင်ရင် ကြိုတင်သက်မှတ်ထားတဲ့ ဆုလာဒ်၊  bonus ၊ လစာတိုးခြင်း တို့ကိုရရှိမှာ ဖြစ်ပြီး မအောင်မြင်ခဲ့ရင်တော့ အကျိုးခံစားခွင့်တွေ bonus တွေကို ဆုံးရှုံးမှာ ဖြစ်ပါတယ်။ အခက်မသင့်ရင် အလုဎ်ဆုံးရှုံး သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ထိုကဲ့သို့ Leader အများစုဟာ အလုဎ်ပြီးမြောက်မှူ ကိုမြင့်တင် တဲ့နေရာမျိုး၊ ထပ်တလဲလဲ လုဎ်ရတဲ့ တီထွင်မှူ မပါတဲ့ အလုဎ်မျိုး၊ အတွေ့ အကြုံ သိပ် မရှိသေးတဲ့ လူတွေကို အုပ်ချုပ်ရာမှာ အကျိုးရှိ အသုံးဝင်ပါတယ်။ ဒါပေမယ် အတွေ့အကြုံများပြီး ၊ တီထွင်ကြံဆ လုဎ်ချင်သူများ၊ အလွန်ကျွမ်းကျင်သော ဝန်ထမ်းများ နဲ့ flexibility ပေါ်မှာမူတည်ပြီး အလုဎ်လုဎ်လိုတဲ့ကျွမ်းကျင် ဝန်ထမ်း အများ စုကို တော့ ထိုကဲ့ သို့ကောင်း ဆောင်မျိုး က ထိန်းသိမ်းထား နိုင်ဖို့ခက်ခဲပါလိမ့်မယ်။
နောက်ဆုံးတယောက်ကတော့ Transformational Leader (လိုအပ်သည်များကို ပြောင်းလဲယူပြီး  အသင်းလိုက်အောင်မြင်အောင် လုဎ်တဲ့ ခေါင်းဆောင်)
Transformational Leader သူ့အသင်းသား တွေကို အမြဲတန်း စိတ်ဓာတ် မြင့်တင်ပေးလေ့ ရှိပြီး ဆုပေးဒဏ်ပေး စနစ်ကို လုံးဝ မကျင့်သုံးပါဘူး။ အသင်းအနေနဲ့ ဖြစ်သင့်တဲ့ပန်းတိုင်၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ ကို အသင်းသားတွေ နားလည်သဘောပေါက်လာအောင် ပြောပြပြီး လိုရာကိုရောက်အောင် လမ်းပြတဲ့သူမျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သူဟာခေါင်းဆောင် တယောက်၊ အရာရှိတယောက် လိုနေလေ့မရှိပါဘူး။ အသင်းသား တွေရဲ့တာဝန်တွေ နဲ့ အသင်းသားတွေရဲ့ လုဎ်ပိုင်ခွင့်တွေကို မျှပေးမျှယူ လုဎ်တဲ့သူမျိုးဖြစ်ပါတယ်။ ထိုခေါင်းဆောင်မျိုးဟာ ဘယ်တာဝန်နဲ့ မဆိုထမ်းဆောင်နေတဲ့သူတွေကို စိတ်ဓာတ် တက်ကြွမှူ ရရှိအောင်လုဎ်ဆောင်ပေးနိုင်သူမျိုးဖြစ်ပါတယ်။
Credit -MyanmarCV.com

No comments: