Monday, March 14, 2016

ပအိုဝ်းအမျိုးသမီးဝတ်စုံအကြောင်း


အဓိက၀တ်စုံမှာ ခပ်ကျယ်ကျယ်ခပ်ပွပွ သင်တိုင်းများဖြစ်ကြသည်။လည်ပင်းနေရာတွင်အင်္ဂလိပ် Vပုံစံရှေ့နောက်ဖောက်ထား၍လက်မောင်းဝအကျယ်နှစ်ပေါက်ပါသည်။
ကိုယ်အောက်ပိုင်းတွင်ဒူးအထိရှိသောထမီကိုအသုံးပြုဝတ်ဆင်ကြသည်။ဒူးအောက်ပိုင်း ခြေသလုံးပတ်လည်တွင်
အ၀က်နက်စခေါ် ခြေပတ်ကို ချည်နှောင်ထားသည်။ရှေးယခင်က လက်မောင်းစွပ်များဆင်မြန်းသော်လည်းယခုအခါအမျိုးသားတိုက်ပုံဆန်ဆန် ကော်လာသေးခါးတိုဝတ်စုံကိုဝတ်ဆင်လာကြသည်။အမျိုးသမီးများသည်အမျိုးသားများနည်းတူတဘက်ခေါင်းစည်း စည်းလေ့ရှိသည်။ဆံပင်ကိုငယ်ထိပ်တည့်တည့်တွင်ထုံးထားပြီးဖက်ဖူးစောင်ဖြစ်စေ အဖြူ အနီ  အကြား
အရောင်ဖြစ်စေ ပြည်တွင်းဖြစ်တဘက်အမျိုးမျိုးကိုအသုံးပြုကြသည်။
ထုံးထားသောဆံပင်စုပေါ်တွင် ရွှေဆံထိုး၊ငွေဆံထိုး
ကြေးဆံထိုး တစ်မျိုးမျိုးဖြင့် အ၀ိုင်းပုံစံနှင့်အချွန်ပုံစံ ဆံထိုး၂ခုထိုးထားလေ့ရှိသည်။
(ပြည်ထောင်စုထဲကပအိုဝ်းမှထုတ်နှုတ်)ဒီအပေါ်ကအချက်အချို့နဲ့စဉ်းစားကြည့်ရအောင် ယခင်က
ပအိုဝ်းအမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်မှုတွေဟာသင်တိုင်းအင်္ကျီ ထမီ နဲ့ လက်မောင်းစွပ် ခြေကျင်း
ဟာ အဓိကဖြစ်လိမ့်မယ်။တဘက်ခေါင်းပေါင်းတွေကိုမသုံးခင်က ဆံပင်ကိုငယ်ထိပ်တည့်တည့်ထုံးထားပြီး
ပုတီး(ပြွယ်)ခေါ်ရွဲပုတီးတစ်မျိုးမျိုးဖြင့် ရစ်ပတ်ချည်နှောင်ထားပြီး ဆံထိုး၂ခုထိုးထားလိမ့်မယ်။ ကျောက်ဆောင်မြေခြားကရတဲ့ ပန်းချီကားထဲက ပုံအတိုင်း မှန်းပြီးပြောတာပါ။
(တောင်ကြီး ပအိုဝ်းအမျိုးသားစာကြည့်တိုက်မှာရှိတယ်)
1.နောက်ကြတော့ လက်မောင်းစွပ်အစား အ၀တ်စတစ်ခုခု
ဖြင့်လက်မောင်း၂ဘက်ကို ရစ်ပတ်ထားကြပြီးမှတစ်ဆင့်အမျိုးသားတိုက်ပုံဆန်ဆန် ကော်လာသေး ခါးတို(ဆဲင်ပေ)အင်္ကျီကိုထီထွင်ဝတ်ဆင်လာကြသည်။
မိုင်းကိုင်မြို့နယ် ခေးအုံရွာနေ ပအိုဝ်းအမျိုးသမီးများ(ငွေတောင်သူ)သည် ဆဲင်ပေကိုဝတ်ဆင်ခြင်းမရှိဘဲ သီးခြားပြုလုပ်ထားသောလက်မောင်းစွပ်သာအသုံးပြုသည်။
အဘွားတစ်ယောက်၏ပြောပြချက်အရ ဆဲင်ပေကို ယခုလိုအပြင်ထုတ်မ၀တ်ဘဲ သင်တိုင်းအင်္ကျီ အထဲ၌သာ ၀တ်ဆင်ကြသည်။(မှတ်ချက်-ပင်လောင်းနယ်)ခြေကျင်းနေရာတွင် အ၀တ်နက်စဖြင့် ပတ်၍ အစားထိုးအသုံးပြုလာကြသည်။တစ်ခါတစ်လေ မသိသောသူများသည် ထိုအ၀တ်နက်စ
(ခင်ပြွမ်-ခန်လ်ပလွမ်)ကို ဘောင်းဘီဟုမှတ်ထင်တတ်ကြသည်။
2.တဘက်ကို ပအိုဝ်းလို ဟွမ်(စောင်) လမ်းပ/နမ်းပတ်(ခန္ဓာကိုယ်ကိုရစ်ပတ်သည့်စောင်တဘက်) လို့၂မျိုး၂စားခေါ်တာကို ကြည့်ရင် ရှေးပအိုဝ်းအမျိုးသမီးများ တဘက်ကို ဘယ်လိုနေရာမှာ အသုံးပြုလည်း ခန်းမှန်းမိမှာပါ။
အရင်က သုံးတဲ့တဘက်တွေဟာ ယနေ့ခေတ်တဘက်ခေါင်းပေါင်းလိုအလျားအနံအနေတော်မဟုတ်တာကို ကြည့်ခြင်းဖြင့် ခေါင်းပေါင်း တဘက်အသုံးပြုမှုစတင်သည်မှာနှစ် ၃၀၀ခန့်သာရှိသေးလိမ့်မည်ဟု ကျွန်တော်တော့ခန်းမှန်းမိပါတယ်။ဒါကျွန်တော့်အထင်ပါခေါင်းပေါင်း ပေါင်းနည်း ၂ မျိုး၂စားရှိပါတယ်။
ပထမ တစ်မျိုးကတော့ အလျားအလွန်ရှည်သောတဘက်ကို ခေါင်းပေါင်းပြီးပိုနေသောအစကို အနောက်ကျော ဖြန့်ထားသည့်ပေါင်းနည်းပါ။
အနီးစပ်ဆုံးပုံစံပြရရင် ဆံပင်ကိုတစ်စုတည်းစည်းထားပြီးကျောပြင်ပေါ်ကို ဆံပင်များဖြန့်သည့်ပုံစံပါ။
သုံးသည့်အထည်များက ပါးပါတယ်။ အဖြူရောင်(ကျုံးမှာမြင်ဖူးပါတယ်) အကြား(ပင်လောင်းနယ်) ဒီ အရောင်၂မျိုးအသုံးများပါတယ်။ဒုတိယနည်းကြတော့ ယခုအများစုပေါင်းတဲ့နည်းပါ။
ယေဘုယျ တဘက်ခေါင်းပေါင်းပုံစံတွေကအလျားအလွန် ရှည်ပြီ် အနံတိုသည့်တဘက်
အလျားရှည် (အနေတော်)အလျားရှည်အမြိတ်ပါတဘက် ၃မျိုးပေါ့(တစ်ခုတော့ကြားဖူးတယ် ပန်အွန်(ပင်အွဉ်း)ထမ်းယမ်ဘက်က ပအိုဝ်းအမျိုးသမီးတွေ ကိုယ့်ဦးထုပ်ကိုယ်ပြန်ချုပ်တယ်လို့ကြားဖူးတယ် တစ်ဆင့်စကားဆို ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်)ပအိုဝ်းဝတ်စုံတွေအားလုံးက အနက် နက်ပြာ
အပြင် အဖြူ အနီ အပြာ စတဲ့အရောင်များလည်းရှိပါတယ်။
မှတ်စုအချို့မှ
by.အညတြပေကောင်ထို

No comments: