Friday, November 13, 2015

မြန်မာအင်းများ စီစဉ်ပုံ



မြန်မာအင်းများ စီစဉ်ပုံ
A thing of beauty is a joy forever
(John Keats)

မြန်မာ့ အစီအရင်များထဲမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ အင်းကွက်များပင် ဖြစ်ပါသည်။ အနောက်တိုင်းမှ Magic Square ဟု ခေါ်သော မှော်အင်းကွက်များ၏ သမိုင်းကြောင်းနှင့် ယှဉ်ကြည့်လျှင် မြန်မာ့ ပညာရပ်များဟာလည်း ရာဇဝင်မသေးခဲ့ဘူး ဆိုတာကို သိသာနိုင်ပါတယ်။
ဒီပို့စ်မှာ မြန်မာအင်းကွက်တွေကို အမျိုးအစား ခွဲခြားပြီးတော့ လေ့လာကြည့်မှာ ဖြစ်ပါတယ်။ ဒီလိုခွဲခြားတဲ့အခါ ထည့်သွင်းထားတဲ့ အင်းဆန်၊ ဂါထာ၊ မန္တန် စတာတွေနဲ့ ပတ်သက်ပြီး ရေးသားသွားမှာ မဟုတ်ပါဘူး။ အင်းတွေရဲ့ အကျိုးအာနိသင်နဲ့ စီရင်ပုံ အသေးစိတ်ကိုလည်း ပြောပြသွားမှာ မဟုတ်ပါဘူး။ အင်းကွက်တွေ ရဲ့ စီစဉ်ထားပုံ (Pattern) တွေကိုသာ သင်္ချာရှုထောင့်ကနေ လေ့လာသုံးသပ်ပြီး ရေးသားသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ချက် ပြောချင်တာက မြန်မာအင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေက များပြားလှတဲ့အပြင် အချို့အင်းများမှာ နားလည်ရခက်လှပါတယ်။ ဒါကြောင့် ဒီပို့စ်ဟာ မြန်မာအင်းတွေ အားလုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူးလို့လည်း ဆိုချင်ပါတယ်။ ကျွန်တော့်မှာ ရှိသမျှ စာအုပ်တွေနဲ့ လက်လှမ်းမှီသမျှ စုဆောင်း သုံးသပ်ပြမှုများလို့ပဲ ဆိုချင်ပါတယ်။
မြန်မာအင်းကွက်တွေကို လေ့လာတဲ့အခါမှာ ပထမဆုံး တွေ့ရမှာကတော့ ခရုပတ်အင်းတွေပါပဲ။ အက္ခရာတွေကို လက်ျာပုံ (ဝါ) နာရီလက်တံ အတိုင်းထည့်သွင်းရေးဖွဲ့တာ များပါတယ်။ စီရင်ပုံပေါ်လိုက်ပြီး ပြောင်းပြန် ရေးသွင်းခြင်းများလည်း ရှိပါသည်။ အများအားဖြင့် တနင်္ဂနွေ ထောင့်ကနေ စတင်ပြီး အင်းဆန်တွေကို ရေးသွင်းလေ့ရှိပါတယ်။ (ဒီနေရာမှာ တနင်္ဂနွေထောင့်အပေါ် ယူဆပုံ ကွဲပြားကြပါတယ်)
ခရုပတ် အင်းတွေထဲမှာ ကွက်ရေအနည်းဆုံး အင်းကိုရှာမယ်ဆိုရင် ကွက်တည်းရှိတဲ့ ဉာဏ်တော် ပါး အင်းကို နမူနာအနေနဲ့ တွေ့နိုင်ပါလိမ့်မယ်။ သာလွန်မင်းတရားကြီးကို ဗားမဲ့ဆရာတော်က စီရင် ပေးခဲ့ဖူးတယ် လို့လည်း ဆိုကြပါတယ်။ ဒီလိုအင်းမျိုးမှာ အင်းဆန်အနေနဲ့ ထည့်သွင်းမယ့် ဂါထာ၊ အက္ခရာ စတာဟာ သုံးလုံးထက် ပိုလို့ မရပါဘူး။
ဉာဏ်တော်သုံးပါး စက် (၁၃၇၊ ရတနာဒီပံ)
လေးထောင့် အင်းတွေထဲမှာ အငယ်ဆုံး ဖြစ်တာ x အင်းပါ။ ဒီလို အင်းတွေ အစားစား ရှိပါတယ်။ အားလုံးနီးပါးဟာ ခရုပတ်ပုံစံ ရေးသွင်းကြတာပါ။ နမူနာအနေနဲ့ ပြရရင်... “ - - - အက္ခရာ လေးလုံးကို ထည့်သွင်းထားတဲ့ အင်းပါပဲ။ ဒီပုံစံကိုပဲ တချို့က စက်ဝိုင်းပုံကို လေးပိုင်းပိုင်း၍ဖြစ်စေ၊ စတုရန်းကွက်ကို ထောင့်ဖြတ်လေးပိုင်းပိုင်း၍ ဖြစ်စေ ရေးသွင်းကြတာမျိုးလည်း ရှိပါတယ်။
ပီယနှုတ်ငုံ စမ လက်ဖွဲ့ (၆၅၊ ဗားမဲ့ - )
သာသနာ ငါးထောင်အင်းဟာ x ခရုပတ်အင်း တစ်ခုဖြစ်ပါတယ်။ ပထမဆုံး အင်းဆန်ကနေ စပြီး လက်ယာရစ်ထည့်သွင်းသွားရမှာ ဖြစ်ပြီး အလယ်ကွက်မှာ ၅၀၀၀ ပြန်ရောက်လာအောင် ဖန်တီးရသော အင်းအမျိုးအစား ဖြစ်ပါသည်။
သာသနာငါးထောင် ပီယအင်း (၈၉၊ ပီယသျှို)
x အင်းမျိုးမှာ အများဆုံး အင်းဆန် လုံးအထိ ထည့်သွင်းနိုင်ပါတယ်။ တချို့က လုံးအထိပဲ ထည့်သွင်းပြီး အဆုံးမှာ နံသင့်အက္ခရာစသည် ရေးသွင်းတာမျိုးလည်းရှိပါတယ်။ ဘာမှ မသွင်းဘဲ အလယ်ကွက်မှာ အလွတ်ထားသည်များလည်း ရှိပါသည်။ နမူနာအနေဖြင့် တနင်္ဂနွေ သားသမီးများ အတွက် စီရင်သော တြိရန်းအင်းကွက်ကို ကြည့်ပါ။
တနင်္ဂနွေ သားသမီးများအတွက် တြိရန်းအင်း (၇၇၊ ရတနာ ဒီပံ)
မြန်မာအင်းတွေမှာ မြင်းခုန်ပုံစံဖြင့် အကွက်စေ့အောင် ခုန်မယ်ဆိုရင် x ကွက်ရှိတဲ့ အင်းကို ဘယ်လိုနည်းနဲ့မှ ခုန်လို့ မရပါဘူး။ မြင်းခုန်နည်းနဲ့ ရေးသားထားတဲ့ ကွက်အင်းလည်း မရှိပါဘူး။ (အနောက်တိုင်း သင်္ချာနည်းဖြင့် သက်သေပြထားတာတွေလည်း ရှိပါတယ်။) ဒါကြောင့် x ကွက်အတွင်းမှာဆိုရင် ဂါထာတွေကို ဒီလိုခရုပတ်ပုံနဲ့ ရေးသွင်းတတ်ကြပါတယ်။ တခြား နည်းလမ်းတွေနဲ့လည်း ရေးသွင်းပါသေးတယ်။
x အင်း ဖြစ်တဲ့အတွက် အင်းဆန် အများဆုံး ၁၆ လုံးအထိ ထည့်သွင်းနိုင်ပါတယ်။ နမူနာအားဖြင့်ဥုံ ဣမသ္မိံ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိဆိုတဲ့ အင်းဆန်ကို ထည့်သွင်းထားတဲ့ လက်ဖွဲ့ကို ကြည့်ပါ။ တစ်ခုကို အပြင်ကနေ အတွင်းကို လက်ျာရစ် ရေးသွင်းထားပြီး၊ နောက်တစ်ခုကိုတော့ အတွင်းက အပြင်ကို ပြန်ရေးထားတာ တွေ့ရမှာပါ။
ကုန်ရောင်းရသွက်သော လက်ဖွဲ့ အစီအရင် (၆၇၊ ဗားမဲ့ - )
သ၊ ဋ၊ က၊ အက္ခရာလေးလုံးတည်းကိုပဲ လေးခါတိတိ ခရုရစ်ပုံ ထည့်သွင်းထားတဲ့ အင်းကို ဗားမဲ့ - ဗားတမော့ ပထမတွဲထဲကအန္တရာယ်ကင်း ဒီပံ အစီအရင်မှာတွေ့နိုင်ပါတယ်။ သက်ဆိုင်တဲ့ အင်းကွက်ကိုသာ အောက်မှာ ကောက်နှုတ်ဖော်ပြထားပါတယ်။ လေ့လာကြည့်ပါ။
အန္တရာယ်ကင်း ဒီပံအစီအရင် (၄၀၊ ဗားမဲ့ - )
မြန်မာအင်းတွေရဲ့ စီရင်ပုံတွေက ထူးခြားသလို အမျိုးအစားလည်း စုံပါတယ်။ x အင်းကွက်ဆိုရင် စုစုပေါင်း အင်းဆန် ၃၆ ခုထည့်သွင်းနိုင်ပါတယ်။ အက္ခရာ ၃၆ လုံး တိတိရှိတဲ့ ဂါထာတစ်ပုဒ်ကို ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် မထည့်သွင်းပဲ အက္ခရာ လုံးတည်း ထည့်သွင်းထားတာမျိုးလည်း ရှိပြန်ပါတယ်။ - - - အက္ခရာ ခုကို ခရုရစ် အနေအထားဖြင့် ကြိမ်တိုင်တိုင် နဝင်းကျေ ဖန်တီးထားခြင်းမျိုးပါ။
စမလေးဖြာအင်း (၂၇၊ ပထမံ စမဝိဇ္ဇာ)
ဒီနေရာမှာ ကြုံကြိုက်လို့ အဲဒီအင်းရဲ့ ထူးခြားမှုတစ်ခုကို ပြောပြချင်ပါတယ်။ ကွန်ချာသဘောမျိုး ဖြန့်ကျက်တဲ့ ပုံစံမဟုတ်ဘဲ ခရုပတ်ပုံ ရေးသွင်းထားပေမယ့် ထူးခြားချက်တွေ ရှိပါတယ်။ - - - အက္ခရာတွေဟာ ခရုပတ်ရေးသွင်းထားသော်လည်း စည်းစနစ်ကျစွာ တူရာတူရာ ရှိနေတာကို တွေ့နိုင်ပါလိမ့်မယ်။ ဒီအောက်က နမူနာပုံမှာ အရောင်တူရာလေးတွေကို ကြည့်မယ်ဆိုရင် တွေ့ရမှာဖြစ်ပါတယ်။
စမလေးဖြာအင်း (၂၇၊ ပထမံ စမဝိဇ္ဇာ)
ကြက်ခြေခတ်ပုံစံအကွက် ကွက်အတွင်းမှာ ခရုပတ်ပုံစံ ချပြီးသွင်းတာမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့်... “တိလောမာလောဇာ၊ ဇာလောမာလောတိ၊ မိခဲဗျ ခဲခဲဆိုတဲ့ အင်းဆန်ကို ကြက်ခြေခတ်ကွက် ခုမှာ ရေးသွင်းထားတဲ့ အဆောင်လက်ဖွဲ့ တစ်ခုကို အောက်မှာတွေ့နိုင်ပါတယ်။ ဒီလို ကြက်ခြေခတ်အင်း တစ်ခုစာမှာ အင်းဆန် လုံးအထိ ထည့်သွင်းနိုင်ပါတယ်။
ပယောဂဒဏ်ပြန် ဆောင်လက်ဖွဲ့ (၄၉၊ ပယောဂ အင်းကျမ်း)
မြန်မာဗျည်း ၃၃ လုံးကို ခရုပတ်ပုံ ထည့်သွင်းတာမျိုးလည်း ရှိပါသေးတယ်။ အလယ်မှာ အက္ခရာတစ်လုံး အသေထားပြီး ကျန်တဲ့ အက္ခရာ ၃၂ လုံးကို ခရုပတ် သွင်းသွားတာမျိုး ဖြစ်ပါတယ်။ နမူနာအနေနဲ့ လောကီကျမ်း အတော်များများမှာ ပါတဲ့ ဗျည်း ၃၃ လုံးအင်းကို အောက်မှာ ဖော်ပြထားပါတယ်။ ဆွဲသားပုံ အမျိုးမျိုးရှိတဲ့အထဲ ဒီမှာ ဖော်ပြထားတာက ဗားမဲ့လက်တွေ့ကျမ်း ပေါင်းချုပ်မှာ ပါတဲ့ အင်းဖြစ်ပါတယ်။ အလယ်သေတဲ့ အက္ခရာပေါ်မူတည်ပြီး အင်းရဲ့ အစွမ်းသတ္တိတွေလည်း ပြောင်းလဲပါတယ်။
ဗျည်း ၃၃ လုံးအင်း (၉၅၊ ဗားမဲ့လက်တွေ့ကျမ်း ပေါင်းချုပ်)
ဒီလောက်ဆိုရင်ဖြင့် ခရုပတ်ပုံစံ စီရင်ထည့်သွင်းတဲ့ အင်းတို့ရဲ့ သဘောကို ခြုံငုံမိမယ်လို့ ယူဆပါတယ်။ ယခုပို့စ်နဲ့ ပတ်သက်ပြီး လိုအပ်သည်များ၊ ဖြည့်စွက်လိုသည်များ ရှိလျှင် အကြံပေးကြပါလို့ ဆိုချင်ပါတယ်။ နောက်လာမည့် ပို့စ်မှာဗိုလ်တက် ဗိုလ်ဆင်း၊ စမ္ပာနဝစသည် သင်္ချာအခြေခံ အင်းကွက်များ အကြောင်းကို ရေးသားသွားပါမည်။
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး
ရည်ညွှန်းစာအုပ်များ
ပထမံ စမ ဝိဇ္ဇာ၊ သိဒ္ဓိပေါက်ကျင့်စဉ်။ ဆရာအောင်
လက်တွေ့ ပယောဂ အင်းကျမ်းကြီး။ အရှင်ရေဝတ
လက်တွေ့ မဟာဒီပံ အင်းသိုက်ကြီး။ ဆရာကြီး ဦးသက်ရှည်
ရတနာဒီပံ၊ ယတြာဓာတ်ရိုက်ကျမ်း။ ဆရာကြည်
လက်တွေ့ ပီယသျှိုပညာ။ ပထမံ ဆရာလင်း
ဗားမဲ့ - ဗားတမော့ လက်တွေ့အစီအရင်ကျမ်း (ပ၊ ဒု၊ ) ဆရာညို


1.jpg2.jpg3.jpg4.jpg5.jpg6.jpg7.jpg8.jpg

No comments: