ပျူခေတ်ရိုးရာဓလေ့များနဲ့ မြန်မာ့ရိုးရာဓလေ့များဘာ့ကြောင့် မတူပါသလဲ ဆိုတဲ့အချက်ကို စစ်ဆေးကြည့်ရှုခြင်းဖြစ်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာပျူနဲ့ မြန်မာ ဓလေ့မတူဆိုတဲ့ အဆိုပြုချက်များမှားယွင်းကြောင်းတွေ့ရှိရပါတယ်။
သရေခေတ္တရာမြန်မာတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံဖြစ်သည့် ဗုဒ္ဓဘာသာ စေတီပုံစံ၊ လှိုဏ်ဘုရားပုံစံ၊
ပြဿာဒ်ပုံစံ၊ မုခ်ပုံစံ၊ ကွမ်းတောင်ပုံစံ၊ ရုပ်ပွားပုံစံ၊အုတ်ခွက်ဘုရားပုံစံ၊ သပိတ်ပုံစံ၊ စေတီရံပုံစံ၊
ပျော့ပလ္လင်၊ ကြာပလ္လင်၊ ဖောင်းတွန့်ဖောင်းရစ်များ၊သီရိဝစ္ဆ၊ မကိုဋ်ပုံစံ၊ ထီးရှည်ပုံစံ၊ ပုဆိုးပုံစံ၊ ခြင်္သေ့
ပုံစံ၊ ခြင်းလုံးပုံစံ၊ ဆင်မကိုး ပန်းတင်ကုန်းတွေ့အပွင့်၊ အခက်၊ အကွက်၊ အကန့်၊ အမွမ်းအမံ
ဒီဇိုင်းများသည် သရေခေတ္တရာခေတ်မှ ပုဂံခေတ်အထိ ဆင်တူညီရုံမက မြန်မာတို့ယနေ့တိုင်
သုံးစွဲလျှက်ရှိသော ဒီဇိုင်းပုံများနှင့် များစွာဆင်တူညီပါသည်။

*သရေခေတ္တရာမြန်မာတို့၏ လှိုဏ်ဘုရားများ၊
တိုက်ခံစေတီများနှင့် ပုဂံခေတ်မြန်မာတို့၏
လှိုဏ်ဘုရားများ၊ တိုက်ခံစေတီများ၊ အင်းဝခေတ်
မြန်မာတို့၏ လှိုဏ်ဘုရားများ၊ တိုက်ခံစေတီများ
အခြေခံဒီဇိုင်း ထပ်တူညီပါသည်။ ပုဂံလှိုဏ်ဘုရား
များ၏ ရှေ့ပြေးပုံစံမှာ သရေခေတ္တရာလှိုဏ်ဘုရားများ
ဖြစ်ကြောင်း ဂျီအိပ်ခ်လုစ်ကိုယ်တိုင် သူ၏
“The Ancient Pyu” စာတမ်းတွင် ၀န်ခံရေးသား
ခဲ့ပါသည်။*

*သရေခေတ္တရာ၊ ဘုရားမာစေတီအနီး၊ အုတ်ကုန်း
ပျက်တွေ့ သီရိဝစ္ဆပုံပါ ကြေးခေါင်းလောင်းငယ်နှင့်
အုပ်လျှက်တွေ့ရှိရသော ကခုန်တီးမှုတ်နေသည့်
ကမ္ဘာကျော် ပျူကြေးရုပ် ၅ရုပ်၏ ခါးပုံစချ၊ ပုဆိုးတို
ဝတ်ဆင်ထားပုံမှာ မြန်မာပုဆိုးတိုဝတ်ဆင်ပုံနှင့်
ထပ်တူညီပါသည်။*

*ယင်းကြေးရုပ် ၅ရုပ်၏ သရုပ်ဖော်ပုံမှာ မြန်မာ့ရိုးရာ
ဒိုးပတ်ဝိုင်းနှင့် ထပ်တူညီပြီး အထုပ်ကလေးထမ်း၍
ကနေသော လူပုံမှာ ဦးရွှေရိုးအကနှင့် ဆင်တူညီပါ
သည်။ သရေခေတ္တရာမြန်မာတို့ ဒိုးပတ်ဝိုင်းနှင့်
ဦးရွှေရိုးအက ကကြသကဲ့သို့ ယနေ့ခေတ်မြန်မာ
များသည်လည်း အလှူမင်္ဂလာပွဲများတွင် ဒိုးပတ်
ဝိုင်းနှင့် ဦးရွှေရိုးအကကို ရိုးရာမပျက် ကျင်းပ
နေဆဲဖြစ်ပါသည်။*

*၁၉၂၆-၂၇ ခုနှစ်တွင် တူးဖော်တွေ့ရှိသော
သရေခေတ္တရာ၊ ခင်ဘကုန်း၊ ဌာပနာတိုက်
ကျောက်ပြားအဖုံး၏ ကျောက်ထွင်းပုံပါ ထီးတော်
မိုးပုံမှ ပုဆိုးခါးတောင်းကျိုက်ပုံစံနှင့်  သရေခေတ္တရာ၊
မှော်ဇာတွေ့ ကခုန်နေဟန် လူ ၃ဦး၏ ပုဆိုးခါး
တောင်းကျိုက်ပုံများမှာ ကုန်းဘောင်ခေတ်မြန်မာ
ကြီးများ၏ ပုဆိုးခါးတောင်းကျိုက်ပုံစံနှင့် ထပ်တူညီ
ပါသည်။*
သရေခေတ္တရာ၊ ခင်ဘကုန်း၊ ဌာပနာတိုက်
ကျောက်ပြားအဖုံး၏ ကျောက်ထွင်းပုံပါ ထီးတော်
မိုးပုံမှ ပုဆိုးခါးတောင်းကျိုက်ပုံစံနှင်
မှော်ဇာတွေ့ ကခုန်နေဟန် လူ ၃ဦး၏ ပုဆိုးခါး
တောင်းကျိုက်ပုံများမှာ ကုန်းဘောင်ခေတ်မြန်မာ
ကြီးများ၏ ပုဆိုးခါးတောင်းကျိုက်ပုံစံနှင်
ပါသည်။*
*ယင်း ထီးတော်မိုးကျောက်ထွင်းရုပ်ေ ပ်ါမှ ခေါင်း
ပေါင်းပုံစံမှာ မြန်မာ့ခေါင်းပေါင်းရှေ့ပြေးပုံ စံဖြစ်ပြီး
ထီးတော်မှာ ယနေ့တိုင် မြန်မာဘုန်းကြီးကျောင်း
များတွင် အသုံးပြုလျှက်ရှိသော အရိုးရှည်ထီးပုံ
ဖြစ်ပါသည်။*
ပေါင်းပုံစံမှာ မြန်မာ့ခေါင်းပေါင်းရှေ့ပြေးပုံ
ထီးတော်မှာ ယနေ့တိုင် မြန်မာဘုန်းကြီးကျောင်း
များတွင် အသုံးပြုလျှက်ရှိသော အရိုးရှည်ထီးပုံ
ဖြစ်ပါသည်။*
*ကမ္ဘာကျော် ပျူခေတ်လက်ရာအဖြစ် သတ်မှတ်
ထားသော နယားပုံစံ ရွှေလက်ကြပ်မှ နယားပုံစံနှင့်
ပုံစံတူ နယားရုပ်တုကို မြန်မာ့ဆိုင်းဝိုင်းများယနေ့တို င်
အမြတ်တနိုးအသုံးပြုနေဆဲဖြစ်ပါ သည်။*
ထားသော နယားပုံစံ ရွှေလက်ကြပ်မှ နယားပုံစံနှင့်
ပုံစံတူ နယားရုပ်တုကို မြန်မာ့ဆိုင်းဝိုင်းများယနေ့တို
အမြတ်တနိုးအသုံးပြုနေဆဲဖြစ်ပါ
*သရေခေတ္တရာ ဘုရားဌာပနာတိုက်ဟောင်းတစ်ခုမှ
ငွေခြင်းလုံးများ တွေ့ရှိခဲ့ဖူးပါသည်။ ခြင်းလုံးသဏ္ဍာန်တူ
ပျူခေတ် ရွှေပုတီးစေ့များလည်း အမြောက်အမြား
တူးဖော်တွေ့ရှိခဲ့ကြပါသည်။ သရေခေတ္တရာမြန်မာများ
ခြင်းလုံးခတ်ကစားကြသကဲ့သို့ ယနေ့ခေတ်မြန်မာများ
သည်လည်း ခြင်းလုံးခတ်ကစားဆဲဖြစ်၍ ခြင်းလုံးသည်
မြန်မာ့ရိုးရာ ကစားနည်းတစ်ခုသာဖြစ်ပါသည်။*

*သရေခေတ္တရာအုတ်ခွက်ဘုရားများတွ င် ပါရှိသော
(ဘုရားပလ္လင်တို့ပါ) ကြာမှောက်၊ ကြာလှန် ပုံတို့သည်
လည်းကောင်း၊ ဟန်လင်း အမှတ်(၁၂)ကုန်းတွေ့
အခြေကားသည့် ခေါင်းလောင်းပုံ စေတီပုံပါ ကြာ
မှောက် ကြာလှန်ဒီဇိုင်းများသည် ပုဂံခေတ်မှ
ယနေ့တိုင် မြန်မာတို့ ပြုလုပ်သုံးစွဲနေသော
ဒီဇိုင်းပုံများသာ ဖြစ်ပါသည်။*

*သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မြို့ဟောင်း
ကြီးများတည်ထောင်နေထိုင်ခဲ့သော ရှေးမြန်မာကြီးများ
ကဲ့သို့ ပုဂံမြန်မာကြီးများသည်လည်း အရိုးအိုးမြှုပ်နှံသည့်
ဓလေ့ရှိပါသည်။ ပုဂံ အပါယ်ရတနာဘုရား အနောက်ဘက်
အုတ်တံတိုင်းနံရံအပြင်မှစ၍ ဧရာဝတီမြစ်ကမ်းစပ်နေရာ
တစ်ခုလုံးသည် ပျူအရိုးအိုးမြှုပ်နှံသော ပျူသင်္ချိုင်းရာ
ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာနမှ မှတ်တမ်းတင်
ထားရှိပြီး ထိုသင်္ချိုင်းရာမှ ပုတီးစေ့အမြောက်အများ
တူးဖော်တွေ့ရှိခဲ့ကြောင်း လေ့လာသိရှိရပါသည်။*

*အနော်ရထာနန်းတော်ရာဟု သတ်မှတ်ထားသော
တူးဖော်ကုန်းမှ အရိုးအိုးကြိးများလည်း တူးဖော်တွေ့ရှိ
ထားပါသည်။*

*၁၉၇၅ ခုနှစ် ငလျှင်ဒဏ်ကြောင့် ကန်တော့ပလ္လင်
ဘုရား ကွမ်းတောင်ပြိုကျရာမှ ဌာပနာထည့်ထားသော
ပျူဒင်္ဂါးများကို ကုန်းဘောင်ခေတ်ပစ္စည်းများနှင့်
အတူတွေ့ရှိရပြီး မှတ်တမ်းယူကာ ပြန်လည်ထာပ
နာထည့် တည်ထားကြောင်း မှတ်တမ်းရှိပါသည်။*

*ယနေ့တိုင် မြန်မာနိုင်ငံတစ်ဝှမ်း ပြုလုပ်သုံးစွဲနေသော
ကျောက်သပိတ်၊ သံသပိတ်၊ ဒန်သပိတ် အစရှိသော
သပိတ်ပုံစံဒီဇိုင်းမှာ ဗိဿနိုးတွေ့ သပိတ်ပုံမြေအိုး၏
ပုံစံတူဖြစ်ပါသည်။*

အထက်ပါအထောက်အထားများအရ ပျူနှင့်မြန်မာ
ဓလေ့မတူ ဟူသောစကားများသည် အထောက်အထား
မရှိသော ရော်ရမ်းမှန်းဆချက်များသာဖြစ် ပြီး အထောက်
အထားတို့က ညွှန်းဆိုပြသသည်မှာ သရေခေတ္တရာမြန်မာ
ဟူသော ပျူတို့၏ဓလေ့၊ ပုဂံမြန်မာဟူသော ပျူတို့၏ဓလေ့၊
ကုန်းဘောင်ခေတ်မြန်မာကြီးများ၏ ဓလေ့နှင့် ယနေ့ခေတ်
မြန်မာများ၏ ဓလေ့ တူညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဓလေ့မတူ ဟူသောစကားများသည် အထောက်အထား
မရှိသော ရော်ရမ်းမှန်းဆချက်များသာဖြစ်
အထားတို့က ညွှန်းဆိုပြသသည်မှာ သရေခေတ္တရာမြန်မာ
ဟူသော ပျူတို့၏ဓလေ့၊ ပုဂံမြန်မာဟူသော ပျူတို့၏ဓလေ့၊
ကုန်းဘောင်ခေတ်မြန်မာကြီးများ၏ ဓလေ့နှင့် ယနေ့ခေတ်
မြန်မာများ၏ ဓလေ့ တူညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
No comments:
Post a Comment