အောက်မြန်မာနိုင်ငံတွင် မွန်လူမျိုးများ ကောင်းစားစဉ်ခေတ်အခါက
ပဲခူးနယ် စည်တီးရွာသား မောင်ရှင် (အချို့က ကစင်ရွာသားဟု ဆိုသည်) သည်
ငယ်ရွယ်စဉ်ကပင် ဖခင် ဖြစ်သူ သူကြီး ကွယ်လွန်အနိစ္စရောက်ခဲ့သည်၊ သူသည်
စောင်းအတတ် ပညာကို ငယ်စဉ်ကပင် ထူးချွန်စွာ တတ်မြောက်ခဲ့သူ ဖြစ်သည်၊
ထို့ကြောင့်လည်း ဖခင်ကြီး ကွယ်လွန်သွားသော အခါ၌ မိခင်မုဆိုးမကြီး ဒေါ်ဖြူကို
သူ၏ စောင်းအတတ်ပညာဖြင့် ဆင်းရဲနွမ်းပါးစွာ ရှာဖွေ လုပ်ကိုင်
ကျွေးမွေးနေရရှာသည်။ဖခင်ကြီး ကွယ်လွန်သွားချိန် အထိ မောင်ရှင်မှာ ရှင်သာမဏေ
မပြုရသေးပေ၊ ထို့ကြောင့် မိခင် ဖြစ်သူ ဒေါ်ဖြူမှာ ခင်ပွန်း ဖြစ်သူ
မကွယ်လွန်မီ ကောင်းစားစဉ်က သူမ၏ အမဖြစ်သူ ဒေါ်သူအား ငွေသုံးပိဿာ
ချေးငှားထားခဲ့ဘူးခြင်းကို သတိရလာသည်၊
ထိုအချိန်၌ ဒေါ်သူမှာ ကောင်းစား
နေချိန်လည်း ဖြစ်သည်၊ ထို့ကြောင့် ဒေါ်ဖြူမှာ သားရှင်ပြုရန်အတွက်
ဒေါ်သူထံသို့ သွားရောက် ကြွေးတောင်းရာ ဒေါ်သူက ကြွေးမပေးရုံမက ဆူပူ ဆဲဆို
ကြိမ်းမောင်း လွှတ်လိုက်သည်။ သို့အတွက် ဒေါ်ဖြူမှာ
ရှက်လည်းရှက်-စိတ်လည်းနာ-မျက်နှ
ာလည်း ငယ်လှသဖြင့် နေရင်းရပ်ရွာ၌
မနေလိုတော့ဘဲ သားမောင်ရှင်ကို ခေါ်ကာ ဒလမြို့၌ သွားရောက် နေထိုင်ခဲ့ကြသည်၊
ယင်းသို့ နေထိုင်ရာမှ မောင်ရှင်က ရှင်သာမဏေ ပြုဘို့ ငွေကြေးရှာဖွေရန် အတွက်
မျောခုတ်သမား အဖြစ်ဖြင့် မိန်းမလှကျွန်းသို့ လိုက်ပါသွားခြင်း
ဖြစ်သည်။မိန်းမလှကျွန်းမှာ မွန်ဘာသာ ဖြစ်၍ မြန်မာလိုမြရာပင်များ
ပေါသောကျွန်းဟု အဓိပ္ပာယ်ရသည်၊ ဗိုလ်ကလေးမြို့နယ်တွင် ထင်ရှားသော
ကျွန်းဖြစ်သည်၊ ယင်းမိန်းမလှကျွန်း၏ တောင်ဖက်တွင် ကျွန်းညိုကြီး ဟူသော
ကျွန်းတကျွန်းလည်း ရှိသည်၊ သို့သော် ကျွန်းညိုကြီးမှာ ယခုအခါ လူနေအိမ်ခြေ
များဖြင့် စည်ကားနေပြီ ဖြစ်သည်။ မောင်ရှင်တို့ မသွားရောက်မီကပင်
မိန်းမလှကျွန်း၌ ကရင်မုဆိုးမကြီး၏ သမီးလေးယောက်မှာ ကျားကိုက်ခံရ၍
သေဆုံးပြီး အစိမ်းနတ် အဖြစ်ဖြင့် မိန်းမလှကျွန်းကို
စောင့်နေလျက်ရှိသည်။၏။မိန်းမလှ
ကျွန်း၌ မျောများ ခုတ်ယူနေစဉ် တနေ့၌
အခြားသူများ မျောခုတ်သွား၍ မောင်ရှင်မှာ လှေစောင့် အဖြစ် ကျန်ရစ်ခဲ့သည်၊
မောင်ရှင်မှာ တယောက်တည်း ပျင်းနေသဖြင့် အသင့်ပါလာသော သူ၏စောင်းကို
တီးသောအခါ မိန်းမလှကျွန်းကို စောင့်နေကြသော အစိမ်းနတ်သမီး များက
မောင်ရှင်အား သဘောကျသွားကြသည်၊ ထို့နောက် မျောခုတ်ပြီးကြ၍ လှေထွက်မည်
လုပ်ကြရာ ယင်းနတ်သမီးများက လှေထွက်မရအောင် ဆွဲထားကြသည်၊ အားလုံးသဘောတူ
မဲချသောအခါ၌ မောင်ရှင်ကိုသုံးကြိမ်တိုင်တို
င် မဲကျသဖြင့် လှေသူကြီး
မောင်ရှင်ကို ရေထဲသို့ ပစ်ချလိုက်သည်၊သို့သော် မောင်ရှင်မှာ
ရေထဲမရောက်မီကပင် ပျောက်သွားပြီး အရှင်လတ်လတ်က နတ်ဖြစ်သွားခဲ့သည်၊ ၎င်းကို
"ရေငန်ပိုင် ဦးရှင်ကြီး"ဟူ၍လည်းကောင်း "ကျွန်းညိုရှင်" ဟူ၍ လည်းကောင်း
ခေါ်ဝေါ်ကြသည်။ဦးရှင်ကြီးမှာ အပြင် ၃၇-မင်းနတ်စာရင်းတွင် မပါဝင်သော်လည်း
နတ်ထိန်း နတ်ကတော် များက နတ်ကန္နားပေးပွဲ ပြုလုပ်သော အခါ၌ ဦးရှင်ကြီးအား
တင်မြှောက် ပသလေ့ ရှိကြသည်။ ရေငန်ပိုင် ဦးရှင်ကြီးအား ဆွမ်းတင်မြှောက်
ကြသောအခါ အချို့က ညဦးပိုင်း၌ တင်မြှောက်၍ အချို့က နံနက် အရုဏ်တက် အချိန်၌
တင်မြှောက်ကြသည်၊ နံနက် အရုဏ်တတ်ချိန်၌ တင်မြှောက် ကြသူများက
ဦးရှင်ကြီးမှာ ယခုအခါ အမြဲတမ်း ရှစ်ပါးသီလ စောင့်ထိန်းနေသည်ဟု ယူဆကာ
ညဦးပိုင်း၌ မတင်ဘဲ နံနက် အရုဏ်တက်ချိန်မှ တင်မြှောက်ကြခြင်းဖြစ်သည်။မယ်ြ
ဖူနတ်
ရေငန်ပိုင် ဦးရှင်ကြီး၏အမေ ဒေါ်ဖြူ ဖြစ်သည်၊ သေဆုံးပြီးနောက် နတ်
ဖြစ်သည်ဟု ဆိုသည်။မယ်ဖြူနတ်မှာ အပြင် ၃၇-မင်း နတ်စာရင်းတွင် မပါဝင်သော်လည်း
တောင်ပြုံး၌ ထင်ရှားသော နတ်ဖြစ်သည်။အဘိုး ဦးရှင်ကြီး ကဲ့သို့ပင်
ရေငန်ဒေသ ပင်လယ်ပိုင်း၌ ထင်ရှားသော နတ်တပါးမှာ အဘိုး ဖြစ်သည်၊ လူ့ဘ၀တုံးက
မုဆိုးတံငါ အလုပ်ဖြင့် အသက်မွေးသူ ဖြစ်သည်၊ သူ၏ ရပ်ရွာ၌ နတ်ကန္နားပေးသောအခါ
၎င်းအတွက် တပွဲသပ်သပ် တင်မြှောက်ပသကြရ၍ လူ့ဘ၀၌ပင် "တပွဲစားကြီး"ဟု
ကျော်ကြားခဲ့သည်။ ၎င်းကို အချို့က မွန်လူမျိုး ဘိုးတော် ကရင် ဟူ၍လည်းကောင်း
အချို့ကလည်း ဗမာကရင်လူမျိုး အပိုး ဟူ၍ လည်းကောင်း မှတ်သားပြောဆိုကြသည်၊
တနေ့သောအခါ နောက်ပါ လူများနှင့် အမဲပစ်ရန် တောသို့ သွားကြစဉ် နောက်ပါ
လူအများ ရှေ့မှာပင် ပျောက်သွားပြီး နတ်ဖြစ်သွားသည်ဟု
အဆိုရှိသည်။မြစ်ဝကျွန်းပေါ်ဒေသ ပင်လယ်ပိုင်း၌ ရေလမ်းခရီးသွားကြသူများ-ရေလုပ်
ငန်းဖြင့်
အသက်မွေးကြသူများသည် အဘိုးအား အားကိုးအားထား တင်မြှောက်ပသလေ့ ရှိကြသည်။
ရေငန်ပိုင် ဦးရှင်ကြီးကို ဆွမ်းတင်မြှောက်သော အခါ၌လည်း အဘိုးအတွက်
အောက်ပွဲတပွဲ သပ်သပ် တင်မြှောက် ပသလေ့ ရှိကြသည်။ယင်းသို့ အဘိုးကို
တင်မြှောက်သောအခါ "အဘိုး-အဘိုး-အဘိုး"ဟု ကျယ်လောင်စွာ သုံးကြိမ်
အော်ခေါ်ပြီး တင်မြှောက် ကြရသည်ဟု ဆိုသည်....။
#မှတ်ချက်
ဗဟုသုတအဖြစ် မျှဝေခြင်းသာဖြစ်ပါသည်။
No comments:
Post a Comment