အမှန်တော့ ဒီခေါင်းစဉ်ဟာ ပုဂံခေတ်
ကျွန်ဆိုတဲ့ခေါင်းစဉ်အောက်မှာ အကြုံးဝင်တဲ့ အကြောင်းအရာတစ်ခုပါ။ သို့သော်
ပုဂံခေတ်ကျွန်လူတန်းစားများအေ ကြာင်းဟာ အင်မတန်မှကျယ်ပြန့်ပါတယ်။ ဖတ်ရမှာလည်း ငြီးငွေ့စရာကောင်းပါတယ်။
ဒီတော့ ဖတ်ရတဲ့ သူတွေလည်းမပျင်းရပဲ တိုတိုတုတ်တုတ်နှင့် ထိထိမိမိရှိအောင် ထူးခြားတဲ့ဘုရားကျွန် နှင့်သားမယားလှူခြင်းဓလေ့ကြောင်း ကိုပဲ ထုတ်နုတ်တင်ပြပါမည်။
ပုဂံခေတ်ကျွန် လူတန်းစားနဲ့ပတ်သတ်ပြီး သမိုင်းဆရာ တို့က ရှုထောင့်အမျိုးမျိုးကနေရေးကြတယ် ။
တချို့က ကျွန်ဆိုတာ မွန်ဘာသာ ကလောန် မှဆင်းသက်လာသည်ဟု ဆိုကြသလို အချို့က
ကျာန် ဟူသည့် ပုဂံခေတ်စကားမှ ဆင်းသက်လာသည်ဟုဆိုတယ်။ အဓိပ္ပာယ်မှာ
အလုပ်အကိုင်ရသောသူ တစ်နည်းအားဖြင့် အလုပ်ရှိအကိုင်ရှိလူပေါ့။
ပုဂံခေတ်မှာ ကျွန်အမျိုးအစား အမျိုးမျိုးရှိကြတယ်။
အကြမ်းဖြင်းအားဖြင့် လောကီကျွန်နှင့် လောကုတ္တရာကျွန်ဆိုပြီး
နှစ်မျိုးခွဲနိုင်တယ်၊ လောကီကျွန်ဆိုတာကတော့ စစ်ရှုံး၍ ဖြစ်သောကျွန်
ရောင်းချခံရ၍ ဖြစ်သောကျွန် သေဒဏ်မှအကယ်ခံရ၍ ဖြစ်သောကျွန် စသည်ဖြင့်
အမျိုးမျိုးရှိတယ်။လောကုတ္တရာ ကျွန်ဆို တာကတော့ ဘုရားကျွန် ပိဋကတ်ကျွန်
ကျောင်းကျွန်စသည်တို့ဖြစ်တယ်။
ကျွန်တွေထဲမှာတော် ဘုရားကျွန်ဟာအဆင့်မြင့်ဆုံး
အကောင်းဆုံးဟုဆိုနိုင်တယ်။ သူတို့ ဟာ အခြားသော ကျွန်မှာထက်
သာတဲ့အချက်တွေများစွာရှိတယ်။ ဘုရားကျွန်တွေရဲ့ အဓီကအလုပ်ကတော့ ဘုရားကို
စောင့်ရှောက်ဖို့ ဘုရားရဲ့ ဝေယျာဝစ္စအဖြာဖြာကို ထမ်းဆောင်ဖို့နဲ့ ဘုရားကို
ပြုပြင်ကာကွယ်ဖို့ပဲဖြစ်တယ်။ သူတို့ရဲ့ အလုပ်ဟာ ဘုရားတရားနှင့်
အေးဆေးစွာနေထိုင်လုပ်ကိုင်သော အလုပ်ဖြစ်၍ ထိုခေတ်အခါက
ဘုရားကျွန်ဖြစ်ရတာကိုပင် ဂုဏ်ယူဖွယ်တစ်ခုဖြစ်နေတယ်။ ဒါအပြင် အလှူရှင်များဟာ
ဘုရားကို ကျွန်နဲ့အတူလယ်တွေလှူလေ့ရှိတယ်။ ဒီလယ်တွေက အမှန်တော့
ဘုရားကိုလှူတယ်ဆိုတာထက် ဘုရားကျွန်တွေ လုပ်ကိုင်စားသောက်ဖို့
ပေးခဲ့ခြင်းသာဖြစ်တယ်။ ဘုရားကျွန်များဟာ ထိုလယ်များမှ ထွက်ရှိသော
ကောက်ပဲသီးနှံများကိုကောင်းစွာ စားသောက်ရတယ်၊ ပိုလျှံသော သီးနှံများကို
ရောင်းချကာရသောငွေဖြင့် ဘုရားရဲ့ လိုအပ်နေတဲ့နေရာတွေမှာအသုံးပြု ရတယ်။ အမှန်တော့ ဘုရားကျွန်များရဲ့ ဘဝ တခြားကျွန်များထက်အနေအစား ချောင်သကဲ့သို့ ဘုရားတရားအရိပ်မှာ အေးချမ်းစွာနေရသောဘဝမျိုးဖြစ် တယ်။
ဘယ်လိုလူတွေ ကျွန်ဖြစ်ကြသလဲ?
ကျွန်ဖြစ်ရခြင်း အကြောင်းအရင်းတွေများစွာရှိတယ်။ ကျွန်နှင့် သာမန်အရပ်သား လက်ထက်သောကြောင့် သော်လည်းကောင်း ကျွန်မှမွေးသောကြောင့်သော်လည်း အသက်စောင့်ရှောက်သောကြောင့်သော် လည်းကောင်း ဘေးဥပဒ်မှကယ်ခဲ့၍သော်လည်းကောင့်
စစ်ရှုံး၍သော်လည်းကောင်း ငွေဖြင့်ဝယ်ယူ၍သော်လည်းကောင်း
ကျွန်ဖြစ်ကြရတယ်။အမှန်မှာတော့ ကျွန်ဆိုတာ နိမ့်ကျတဲ့အလုပ်မဟုတ်ပဲ ယနေ့
ယနေ့ခေတ် ဝန်ထမ်းများကဲ့သို့ အလုပ်ရှိအကိုင်ရှိပုဂ္ဂိုလ်များ သာဖြစ်တယ်။
အဘယ်ကြောင့်ဆိုသော် ပုဂံခေတ်ကျောက်စာများတွင်တွေ့ရေ သာ
ကျွန်စာရင်းများတွင် ကျမ်းဂန်တတ်ပညာရှင် ပန်းရန်ပန်းချီပန့်ပု
စသောလက်မှုပညာရှင် မင်းမျိုးမင်းနွယ်အမတ်ကြီးများ စသောအထက်တန်း လွှာ
ပုဂ္ဂိုလ်များသာမက ရဟန်းများကိုပင် ကျွန်စာရင်းတွင်တွေ့ရသောကြောင့် ဖြစ်တယ်။ဒါကြောင့် ပုဂံခေတ်မှာကျွန်ဆိုတာ သင့်လျော်တဲ့နေရာမှာ သင့်လျော်သောတာဝန်ထမ်းဆောင်ရတဲ့ ပုဂ္ဂိုလ်များသာဖြစ်ကြတယ်။
သာမန်လူတွေနဲ့ ဘာကွာလဲ?
သာမန်လူတွေနဲ့ ဘာကွာသလဲဆိုတော့ လွတ်လွတ်လပ်လပ်နေရတာနဲ့ စည်းမျဉ်းစည်းကမ်းအမိန့်အာဏာနဲ့ နေရတာပဲကွာပါတယ်။တစ်ခါတစ်လေမှာ လူလွတ်များကကျွန်များလောက်ပင် အခွင့်အရေးမရကြပါဖူး။
ပုဂံခေတ်မှာ သာသနာထွန်းကားသည့်အလျောက် ပုဂံသားတို့သည်
သာသနာအပေါ် လွန်စွာ ကြည်ညိုယုံကြည်လျက် သဒ္ဓါတရားများကြောင့်
သားမယားများသာမက မိမိကိုယ်ကိုပင် ကျွန်အဖြစ် လှူခဲ့သောအလေ့အထများရှိခဲ့တယ်။
သက္ကရာဇ် ၅၄၁ ခုနှစ်ထိုး တိုင်းချွတ် ကျောက်စာတွင်
""သင်ကြီးအဘိနန္ဒသူ အမည်ငကြီးကိုလှူ၊မယားကိုလည်းလှူ။ သမီးကြီးကိုလည်းလှူ။သမီးငယ်မောင်းမကိုလည်း လှူ""
ဟုရေးထိုးထားလေသည်။ထိုခေတ်အခါက အခြားသူကိုကျွန်အဖြစ်လှူဒါန်ြး ခင်းထက်မိမိကိုယ်ကိုလှူဒါန်းခြင်းကပိုမို မြင့်မြတ်သည်ဟုယူဆခဲ့ကြဟန်ရှိ သည်။
""သင်ကြီးအဘိနန္ဒသူ အမည်ငကြီးကိုလှူ၊မယားကိုလည်းလှူ။
ဟုရေးထိုးထားလေသည်။ထိုခေတ်အခါက အခြားသူကိုကျွန်အဖြစ်လှူဒါန်ြး
ဝိနည်းတော်အရ သမီးမယား ဘုရားကျွန်တွေကို လှူနိုင်သလော???
တရားတော်အရ ဒါန ၃မျိုးတွင် ဟီနဒါနမှာ ယုတ်ညံ့သောအလှူဖြစ်သည်။မဉ္ဇမဒါ နသည် တောင့်တလှူသောအလှူဖြစ်ပြီး ပဏီတဒါနသည် မွန်မြတ်သောအလှူဖြစ်သည်ဟုဆိုသည်။
""အလှူမပီ တရားဖီသည် ပန်းချီချေ သေဥသဘ မိန်းမလည်းဟူ
ငါးပါးမူကား အလှူမဝင် ကုသိုလ်ပြင်တိ" ဟူ၍ ကျမ်းဂန်လာစကားရှိလေရာ
ပန်းချီလှူခြင်းမိန်းမလှူခြင်း သမီးလှူခြင်းတို့သည် ဝိနည်းတော်အရကား
ဆန့်ကျင်ပေသည်။သို့သော်
""သေနာသန ပရိဘောဂေါနာမ သမ္ဗကပ္ပယော""
ဟုဘုရားဟောတော်မူသည်ဖြစ်၍ ကျွန်ယောက်ကျား ကျွန်မိန်းမ
ကျွဲနွားလယ်ယာလှူခြင်းသည် သေနာသနပရိဘောဂ တွင်ပါဝင်သောကြောင့်
အလှူခံထိုက်သည်ဟု ယူဆကာ ပုဂံခေတ်တွင်လှူဒါန်းခဲ့ကြခြင်ြး ဖစ်သည်။
သက္ကရာဇ် ၅၅၂ထိုး တောင်ကူနီ ကျောက်စာတွင်
""ရမက်ကျွန်အဖြစ်မှ တော်လှန်လိုရကား ဘုရားသခင်နှင့် သံဃာတို့ကပ္ပိယဝါမူစိမ့်သောငှာ လှူသောကျွန်ကား ၁၀၀""ဟုရေးထိုးထားလေသည်။
""ရမက်ကျွန်အဖြစ်မှ တော်လှန်လိုရကား ဘုရားသခင်နှင့် သံဃာတို့ကပ္ပိယဝါမူစိမ့်သောငှာ လှူသောကျွန်ကား ၁၀၀""ဟုရေးထိုးထားလေသည်။
အထက်ပါကျောက်စာအရ မိမိကိုယ်ကိုသော်လည်းကောင်း
သားမယားသော်လည်းကောင်း တစ်ပါးသူသော်လည်းကောင့် ကျွန်အဖြစ်လှူဒါန်းခြင်းသည်
ယနေ့ခေတ်အမြင်အရ ဘုရား သခင်နှင့် သံဃများထံ ကပ္ပိယအဖြစ် တာဝန်ထမ်းစေခြင်း
အလုပ်အကျွေးပြုစေခြင်းမျိုးသြာ ဖစ်ပါသည်။
ဒါ့အပြင် ပုဂံခေတ်ကျောက်စာများတွင် မိမိရဲ့ ကျွန်များကို
တစ်ပါးသောသူမှလာရောက် နိုင်ထက်စီးနင်းပြုခြင်း နှိပ်စက်ခဲ့ပါလျှင်
ဘေးအမျိုးမျိုး ဒဏ်အမျိုးမျိုး မြေကြီးကားအထက် အရင်သူကားအောက်ရောက်၍
ကျက်စေသတည်းဟူ၍ကြိမ်စာတိုက်ခြင်းများကိုကြည့်ခြင်းဖြင့်
အလှူရှင်များဟာကျွန်များကို မုန်းလိုသောသဘော နိပ်စက်လိုသောသဘော
အကျဉ်းချခြင်းသဘာမျိုးဖြင့် လှူဒါန်းခြင်းမျိုးမဟုတ်ကြောင်း သိမြင်နိုင်ပါတယ်။
ထိုကြိမ်စာများဖြင့် မိမိလှူဒါန်းသောကျွန်များကို ကာကွယ်မှုပေးခဲ့တယ်။ ပုဂံခေတ်က တုတ်ဓားလက်နက် ထက်ကြိမ်စာကိုပိုကြောက်ကြတယ်။ ဓားက တစ်ဘဝပဲသေစေနိုင်ပြီး ကြိမ်စာက ဘဝပေါင်းများစွာခံရနိုင်တယ်လို့ အယူရှိကြတယ်။ ဒါကြောင့် ဒီကြိမ်စာများဟာ ဘုရားကျွန်တို့ရဲ့ ဘဝကိုကောင်းကောင်းကြီး လှုံခြုံစေတယ်။
ထိုကြိမ်စာများဖြင့် မိမိလှူဒါန်းသောကျွန်များကို ကာကွယ်မှုပေးခဲ့တယ်။ ပုဂံခေတ်က တုတ်ဓားလက်နက် ထက်ကြိမ်စာကိုပိုကြောက်ကြတယ်။ ဓားက တစ်ဘဝပဲသေစေနိုင်ပြီး ကြိမ်စာက ဘဝပေါင်းများစွာခံရနိုင်တယ်လို
ဘုရားကျွန်အလုပ်ဟာ သက်သောင့်သက်သာနှင့် တစ်ဝမ်းတစ်ခါးလှအောင်
နေနိုင်သောအလုပ်ဖြစ်သောကြောင့် အများစုဟာ ဘုရားကျွန်အဖြစ်မှ လွတ်မြောက်ရန်
ကြိုးစားလေ့မရှိကြပေ။အပြင်လော ကတွင် ပင်ပင်ပန်းပန်း ဝမ်းစာရှာရမည်ကို ကြောက်နေကြဟန်ရှိသည်။
အလှူရှင်တို့သည် ဘုရားကျွန်တို့ကို ရက်စက်စွာ ဘဝတစ်လျောက်လုံး ချုပ်တည်းထားလေ့မရှိပေ။
အစောလတ်ကျောက်စာတွင်
""မျှသောကျွန်ကား ဘုရား တရား သံဃာ တို့ကိုလည်းမလှူလင့်သာ။အဆွေအမျိုးတို့ကိုလည်း ငါမပေး။ ငါအသက်ရှိသ၍ ကား လုပ်စေသော ငါမရှိသော်ကား မြက်နု ရေကြည်ရာ လားစေသတည်း"" ဟုရေးထိုးထားခြင်းကိုကြည့်ခြင်း ဖြင့် သခင်သေလျှင် ကျွန်အဖြစ်မျှ လွတ်မြောက်သွားခြင်းမျိုးလည်းရှိသည်။
အစောလတ်ကျောက်စာတွင်
""မျှသောကျွန်ကား ဘုရား တရား သံဃာ တို့ကိုလည်းမလှူလင့်သာ။အဆွေအမျို
ဓမ္မရံကြီးကျောက်စာတွင်
""ငါဘုန်းဆုသား ငအောင်စင်လည်း ဘုရားကျွန်ဟုတ်လျက်။သူ၌ အား လျော်ရကား ငမုန်းသင် ကြေးခွက်၅ ပိဿရွေး၍ ဘုရားလှူတုံ""
""ငါဘုန်းဆုသား ငအောင်စင်လည်း ဘုရားကျွန်ဟုတ်လျက်။သူ၌ အား လျော်ရကား ငမုန်းသင် ကြေးခွက်၅ ပိဿရွေး၍ ဘုရားလှူတုံ""
သက္ကရာဇ် ၆၀၅ထိုး မင်းနန်သူဖိုးကလုန်ကျောက်စာတွင်
""သခင်မရှက်သည် မိကလျှင်ချွတ်သော ငါပင်တည်ကိုကား ငါကောင်းနှင့် ငါသင်ကို အစားပေးရွေးလျက် ကျွတ်ခဲ့သတေး၊ နှမအိုဝ်ထက် ပြည့်ကိုလည်း ငွေသား၁၀၀ မျှရွေး၍ ကျွတ်မိအာ""
""သခင်မရှက်သည် မိကလျှင်ချွတ်သော ငါပင်တည်ကိုကား ငါကောင်းနှင့် ငါသင်ကို အစားပေးရွေးလျက် ကျွတ်ခဲ့သတေး၊ နှမအိုဝ်ထက် ပြည့်ကိုလည်း ငွေသား၁၀၀ မျှရွေး၍ ကျွတ်မိအာ""
အထက်ပါကျောက်စာများကို ထောက်လျှင် ပုဂံခေတ်အလှူရှင်တို့က
အနိုင်အထက်စီး၍ လှူသော်ငြားလည်း ကျွန်ဘဝမှလွတ်မြောက်လိုပါက
အလွန်လွယ်ကူလှပေသည်။အထက်ပါကျော က်စာများအရ ဘုရားတွင် ကြေး၅
ပိဿလှူ၍သော်လည်းကောင်း မိမိနေရာတွင်အခြားလုပ်လိုသောသူ
လူစားထိုး၍သော်လည်းကောင်း ဘုရားကျွန်ဘဝမှ လွတ်မြောက်နိုင်ကြပေသည်။
ကျန်တော် တင်ပြခဲ့တဲ့ အကျဉ်းမျှသော အကြောင်းအရာများကို ကြည့်ခြင်းဖြင့် ပုဂံခေတ် ဘုရားကျွန်တို့ဘဝတစ်စိတ်တစ်ေ ဒသကို မြင်ယောင်မှန်းဆနိုင်ကြမည်ထင်ပါ သည်။
အားလုံး ကိုကျေးဇူးတင်ပါသည်။
အားလုံး ကိုကျေးဇူးတင်ပါသည်။
No comments:
Post a Comment