တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ရုပ်ဖျက်ပြီး သူ့တိုင်းပြည်
တခွင် လှည့်လည်သွားလာခဲ့တယ်။ ဒီလိုနဲ့ လှည့်လည် ကြည့်ရှုပြီးလို့ ဘုရင်ကြီး
သူ့ရဲ့ နန်းတော်ကို ပြန်ရောက်တဲ့အခါ ခြေထောက်တွေ အရမ်းနာနေခဲ့တယ်။
လမ်းတလျှောက် မှာ ရှိတဲ့ ကျောက်တုံး ကျောက်ခဲတွေကြောင့် သူ့ခြေထောက်
နာရပါတယ် ဆိုပြီးတော့ တတိုင်းပြည်လုံး ရှိရှိသမျှလမ်းတွေကို နွားသားရေ
တွေနဲ့ ခင်းရမယ် လို့ အမိန့်ထုတ် လိုက်တယ်။
ဒီလိုသာ ခင်းမယ်ဆိုရင် နွားအကောင်ရေ အမြောက်အများ ပျက်စီး
ဆုံးရှုံးတော့ မှာကို မြင်ပေမယ့် အမတ်တွေက ပိုကောင်းတဲ့ အကြံ မထုတ်နိုင်တာက
တစ်ကြောင်း ဘုရင့် အမျက်တော်ရှမှာက တစ်ကြောင်းကြောင့် ဘယ်သူမှ
မပြောဝံ့ကြဘူး။
ဒါပေမယ့် ခပ်ဝေးဝေး တစ်နေရာက အမတ်ငယ် တစ်ယောက်ကတော့ မကြောက်မရွံ့ထပြီးတော့ ဘုရင်ကြီးကို အကြံပြုလိုက်တယ်။
"အရှင်မင်းကြီး... မလိုအပ်တဲ့ နေရာတွေကို ဘာ့ကြောင့် ငွေ
အကုန်အကျခံပြီးတော့ လုပ်နေတော့ မှာလဲ။ တတိုင်းပြည်လုံးစာ နွားသားရေကို
သုံးတာထက် သင့် ခြေ နှစ်ဖဝါးစာ နွားသားရေကို ပဲ လှီးယူလို့ ဆင်မြန်းရင်
ပိုမသင့်တော် ပေဘူးလား"
ဒီတော့မှ ဘုရင်ကြီးက ဉာဏ်ရှိတဲ့ အမတ်ငယ်ကို ချီးမွန်းပြီးတော့ အမတ်ငယ်ရဲ့ အကြံ ကို လက်ခံခဲ့တယ်။
ဒီပုံပြင်လေးက ဒဏ္ဍာရီဆန်တဲ့ ဖိနပ် စတင် ဖြစ်ပေါ်လာပုံ အကြောင်း
ညအိပ်ယာဝင် ပုံပြင်လေး တစ်ခု ဖြစ်ပါတယ်။ သို့သော် ပုံပြင်ရဲ့ ပေးလိုတဲ့
အသိက အတော်နက်တယ်ဗျ။
လောကကြီး သာယာဖို့ အတွက် ကျွန်တော်တို့တွေ ကမ္ဘာကြီးကို
ပြောင်းလဲ ပစ်စရာမလိုပါဘူး။ အရမ်း များလွန်း လှပါတယ်။ မိမိ တကိုယ်စာ
စိတ်ထားလေးတွေ ပြောင်းလိုက်ရုံပါပဲ။
No comments:
Post a Comment