Monday, November 16, 2015

မိုးညှင်း သမ္ဗုဒ္ဓေ






သမ္ဗုဒ္ဓေစေတီတော်မှာ မုံရွာမြို့တောင်ဖက် ၆ မိုင်အကွာရှိ မိုးညှင်းတောရတွင် ကျိန်းဝပ်တော်မူလေသည်။ မိုးညှင်းဆရာတော်ကြီးသည် လူအပေါင်းတို့ အန္တရာယ်ကင်းဝေးစေရန် ပွင့်တော်မူလေပြီးသော ဘုရားရှင် ၅၁၂၀၂၀ ဆူတို့ကို ရည်မှန်း၍ ဘုရားရုပ်တုတော်ပေါင်း အညီအမျှကျိန်းဝပ်တော်မူနိုင်စေရန် လိုဏ်စေတီတော်ကြီးကို ၁၂၉၁ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် စတင်၍ တည်ထားခဲ့လေသည်။ ဒါယကာအများ၏ စေတနာဖြင့် ရုပ်ပွား ဆင်းတုတော်များကို တပုံစံတည်းထုလုပ်စေ၍ လိုဏ်တွင်းနံရံတိုက်ခန်း နှင့် မျက်နှာကျက်များတွင် ရုပ်ပွားတော်များ ကျိန်းဝပ်တော် မူစေလေသည်။ ဂန္ဓကုဋီတိုက်တော်ကြီ၏ အထက်စေတီတော်ကို လည်း စေတီရံအများ ရံလျက် တည်တော်မူလေသည်။ စေတီတော်မှာ ဖိနပ်တော်အတောင် ၁၀၀ ခန့်ရှိ၍ ဉာဏ်တော်အတောင် ၈၈ရှိပြီး စေတီငယ် ၄၇၁ ဆူရံလျက်ရှိလေသည်။ ၁၃၀၃ ခုနှစ်တွင် ပြီးစီးအောင်မြင်လေသည်။
စေတီတော်ကို သမ္ဗုဒ္ဓေကပ်ကျော်စေတီတော် ဟူ၍ဘွဲ့တော်သမုတ်လေသည်။ မိုးညှင်းတောရမှာ အင်းဝမိုးညှင်းမင်း လက်ထက်က စည်းခုံစေတီတော်နှင့် ရွှေကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းခဲ့ရာ ဌာနဖြစ်လေသည်။ စေတီတော်တွင် မြတ်စွာဘုရားဓါတ်တော် ၃၇၄၄၆ နှင့် ရဟန္တာဓါတ်တော် ၆၅၈၈၈တို့ကိုလည် ဌာပနာ ထားလေသည်။ စေတီတော် ပတ်ဝန်းကျင်တွင် ၄၇ ပေခွဲမြင့်သော တံခွန်တိုင်၊ တိရတနပါသာဒ ပြသာဒ်၊ အရုဏ်ခံစောင်းတန်း၊ ဣစ္ဆာသယပန်းစေတီ၊ အဘယစေတီ၊ ဆဒ္ဒန်ရေကန်၊ အာလိန် ငါးဆင့် စူဠာမဏိစေတီ၊ မုစလိန္ဒာရေကန်၊ ဓမ္မာရုံစသည်တို့ကိုလည်း တည်ထားခဲ့လေသည်။ သမ္ဗုဒ္ဓေဘုရားပေါင်း ရေတွက်ပုံမှာ စိတ်ဖြင့် ဘုရားဆုပန်သော ၇-သင်္ချေတွင် ဘုရားပေါင်း ၃၈၇၀၀၀နှင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွင် ပါရမီဖြည့်သော ဘုရားပေါင်း ၂၈ ဆူအားဖြင့် စုစုပေါင်း ၅၁၂၀၂၈ ဆူဖြစ်လေသည်။
နှစ်စဉ် ပွဲတော်ကို မြန်မာ သက္ကရာဇ် ၁၃၂၀ ခုနှစ်တွင် စေတီတော်ကြီး ရွှေချပြီး အထိ အလုံးစံ ပြီးစီးအောင်မြင့်သည်။ ထို နှစ်တန်ဆောင်မုန်းလပြည့် နေ့ တွင် အထူးအနေကဇာတင်ပွဲ ပြုလုပ်ပူဇော်ကြသည်။ ဈေးပွဲ ဇတ်ပွဲ ဆွမ်းလောင်းပွဲ ပျော်ပွဲ ရွှင်ပွဲ တွေ စုံလင်စွာဖြင့် ပွဲတော်ကြီး အဖြစ်ကျင်းပသည်။ ထိုနှစ်မှ စ၍ နှစ်စဉ် ထိုရက်များတွင် ပွဲတော်ကြီး အဖြစ်ကျင်းပသည်မှာ ယခုတိုင် ဖြစ်သည်။
Ref>> မြန်မာနိုင်ငံတစ်ခွင် ဘုရားသမိုင်းပေါင်းချုပ်

No comments: