Friday, November 13, 2015

Red Lotus



Red Lotus
................


Red Lotus Cocktail
လေးကတော့ အရောင်လေးလည်း အရမ်းလှတယ်။ မိန်းကလေးတွေအများဆုံးလည်း ကြိုက်ကြတယ်။ လိုင်ချီးလေးလည်းပါတော့ မိန်းကလေးတွေ အသည်းစွဲပေါ့။
ကျွန်တော်ကလည်း Flavour ကအစ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ နောက်ပြီး သမီးရည်းစာစုံတွဲလေးတွေအနေနဲ့လည်း သောက်မယ်ဆိုပါ ကလည်း Alcohol အရမ်းကြီးပြင်းမထားလို့ သောက်လို့အဆင်ပြေစေမှာပါ။ ရိုးရှင်းပြီး ပြုလုပ်ရလွယ်ကူကာ အနံ့အရသာနဲ့လည်း ပြီးပြည့်စုံတဲ့ Cocktail လေးလည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
................
• Finlandia Vodka - 40 ml
• Lychee Syrup - 10 ml
• Almond Syrup - 10 ml
• Cranberry Juice - 60 ml
• Grenadine Syrup - 5 ml

ပြုလုပ်နည်း
...............
ပထမဆုံး လိုင်ချီးသီးသုံးလုံးထည့်ပါတယ်။ Vodka ထည့်ပြီး တော့ (Muddling) ခြေပါတယ်။ နောက် Cranberry Juice, Almond Syrup, Lychee Syrup Grenadine တို့ကိုထည့်ပြီး
Shake
လုပ်ပါတယ်။ ပြီးရင်တော့ Double Straine (အဖတ်များကို စစ်ထုတ်ပါ)ကာ Martini Glass ထဲထည့်လိုက်ရင်တော့ အနံ့အရသာနဲ့ပြီးပြည့်စုံတဲ့ Red Lotus Cocktail လေးရရှိပါပြီ။
အရောင်လှပမှု အပြင်အဆင်အတွက်တော့ ဖန်ခွက်ကြီးတစ်ခုရဲ့အောက်ခြေမှာ အပြာရောင်အစိမ်းရောင်လေး တွေရအောင်လို့ ရေခဲလေးတွေထဲကို အပြာရောင် Juice အစိမ်းရောင် Juice
လေးတွေဆမ်းပြီးတော့မှ Red Lotus Cocktail ထည့်ထားတဲ့ Martini Glass ကိုထည့်ပါ။
Garnish
အတွက်ကတော့ လိုင်ချီးသီးထဲကို ချယ်ရီသီးလေး ညှပ်ထည့်ပြီး အလှဆင်နိုင်ပါတယ်။

Credit-Food Magazine

No comments: