Tuesday, November 24, 2015

မြန်မာ သမိုင်းအကြောင်း


ပုဂံခေတ်မတိုင်မှီ မြန်မာနိုင်ငံ
အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။
တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။
မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ၄င်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့်သမိုင်းဆရာ ဂေါ်ဒွင်လုစ် ၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။ (မသက်ဇင်)[2]
ပုဂံခေတ်
အေဒီ ၇ ရာစုမှ စ၍ ဧရာဝတီ မြစ်ဝှမ်းကို အခြေခံကာ ဗမာ လူမျိုးများ စတင်ခဲ့သည်။ ခရစ်နှစ် ၈၄၉ မှ စ၍ ပုဂံကို ဗဟိုပြုကာ နိုင်ငံငယ်များ ထူထောင်ခဲ့ကြသည်။ အနော်ရထာ (၁၀၄၄ – ၁၀၇၇) မင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည်။ အနော်ရထာ မင်းကြီးသည် သထုံကို ၁၀၅၇ တွင် တိုက်ခိုက် အောင်မြင်ခဲ့ပြီး မွန်တို့ထံမှ ပိဋကတ် သုံးပုံကို ပုဂံသို့ ပင့်ဆောင်ခဲ့သည်။ ထိုအချိန်မှ စ၍ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် ပြန့်ပွားစည်ပင်ခဲ့သည်။ အနော်ရထာ မင်းကြီးနောက် နန်းတက်သော ကျန်စစ်သား လက်ထက်တွင် ဗမာစာ ကို မွန်စာအား အခြေခံ၍ တည်ထွင်ရေးသား ခဲ့ကြသည်။ ပုဂံခေတ်တွင် စေတီ၊ ပုထိုးပေါင်း များစွာကို တည်ထား ကိုးကွယ်ခဲ့ကြသည်။ (၁၃) ရာစုတွင် ပုဂံ၏ အင်အားများ စတင်ယုတ်လျော့လာပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်က ၁၂၇၇ တွင် မြန်မာပြည်မြောက်ပိုင်းကို စတင် သိမ်းပိုက်ခဲ့သည်။ ၁၂၈၇ တွင် ပုဂံမြို့ကို သိမ်းပိုက်ခဲ့သည်။
ပုဂံခေတ်ပျက်သုဉ်းပြီးနောက် မြန်မာနိုင်ငံ
ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။ မြန်မာနိုင်ငံ အရှေ့ ဘက် တလွှား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေှ့ ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။
အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင် ရောက် တိုက်ခိုက်ခြင်း
ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်းတို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက်အရှေ့ တောင်ပိုင်းဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြသည်။
ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသတဝိုက်တွင် အင်အားကြီးမားသည့် ယိုးဒယား နိုင်ငံအား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံးသမိုင်းဝင်အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။
တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့ လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။ မြန်မာ နိုင်ငံ တောင် ဘက် တလွှားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံးညီညွှတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ်လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာ ဝ တီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက်ခိုက် လျက်ရှိသည်။
ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာမိမိတို့ သီးခြားကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။ ကျန် အချက်တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်းပင်ဖြစ်သည်။
ကျမ်းကိုး
· ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
· ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
· ရခိုင်ရာဇ၀င် ။ အောင်သာဦး
· အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
· မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
· မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
· ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
· မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ
အင်းဝခေတ် (၁၃၆၄ – ၁၅၂၇/၁၅၅၅)
ပုဂံခေတ်နောက်တွင် မြန်မာတို့၏ ရပ်တည်မှုကို ဆက်လက်တည်ထောင်ပေးသည့် အင်းဝခေတ်ကို သတိုးမင်းဖျားက စတင်တည်ထောင်သည်။ အင်းဝမြို့ကို တည်ဆောက်ကာ နန်းမြို့အဖြစ်စတင် အသုံးပြုသည့်အတွက် ထိုခေတ်ကို အင်းဝခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်အတွင်း အောက်အရပ်မှ မွန်တို့နှင့်ရင်ဆိုင်ကာ နာမည်ကျော် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်ခဲ့ကြသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင်တရဖျား ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များနှင့် မြောက်ပိုင်းမှရှမ်းစော်ဘွားများ အင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ရှမ်းစော်ဘွား မိုးညှင်းစလုံ နှင့် သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်
တောင်ငူ-ဟံသာဝတီခေတ် (၁၃၅၁ – ၁၅၉၉)
တပင်ရွှေထီး (၁၃၅၁ – ၁၅၅၁)က တစ်စစီ ဖြစ်နေသော နိုင်ငံငယ်လေးများကို စုစည်း၍ တောင်ငူထီးနန်းကို စတင် တည်ထောင်ခဲ့သည်။ တပင်ရွှေထီးနောက် ထီးနန်းဆက်ခံသော ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အထက်မြန်မာပြည် ၊ မဏိပူရ ၊ ရှမ်း ၊ ချင်းမိုင် ၊ အယုဒ္ဓယ နှင့် လင်ဇင်း တို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပြီး အရှေ့တောင်အာရှ ၏ နယ်မြေ အများအပြားကို လက်အောက်သို့ ရောက်ရှိစေခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံပြီင်္းနောက် နန်းတက်သည့်သားတော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းသည့်အပြင် စစ်ကိုသာလိုလိုလားလားနှင့် မပြတ်တမ်း တိုက်သည့်အတွက် တောင်ငူဘုရင်ခံ ကိုးသိန်းသခင် မင်းရဲသီဟသူ (နတ်သျှင်နောင်၏ခမည်းတော်)မှ စတင် ပုန်ကန်ပြီးနောက် ဟံသာဝတီကိုသိမ်းယူကာ နန္ဒဘုရင်ကို တောင်ငူသို့ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီးမှာ အချိန်တို အတွင်း ပြိုကွဲခဲ့ရသည်။
ညောင်ရမ်းခေတ် (၁၅၉၆ – ၁၇၅၂)
နောက် ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်ကို ထူထောင်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရန်ကြိုးပမ်းသော်လည်း ယခင်ကဲ့သို့ကြီးပွားစည်ပင်ခြင်းကို ပြန်မရောက်နိုင်တော့ပေ။ အယုဒ္ဓယမှ ထိုင်းတို့သည် ၁၅၉၃ တွင် တနင်္သာရီကို၎င်း ၊ ပေါ်တူဂီ ကြေးစားတို့ပါဝင်သည့် ရခိုင်တို့သည် ၁၅၉၉ တွင် ပဲခူးကို၎င်း ထိပါး တိုက်ခိုက်ခဲ့ကြသည်။ ပေါ်တူဂီ စစ်သား ဖိလစ်ဒီဘရစ်တို (ငဇင်ကာ ခေါ် ဇင်ကာကူ) သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် သန်လျင်ကို သိမ်းပိုက်ခဲ့ရာ ညောင်ရမ်းမင်းဆက်၏ ဒုတိယမင်းဖြစ်သည့် အနောက်ဖက်လွန်မင်း (၁၆၀၅ – ၁၆၂၈) က ၁၆၁၁ ခုနှစ်တွင် တိုက်ခိုက် နှိမ်နှင်းခဲ့ရသည်။ ညောင်ရမ်းခေတ်နောက်ပိုင်းကာလများတွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် ဘုရင်များအရည်အသွေးနှိမ့်ပါးခြင်းတို့ကြောင့် ဇင်းမယ်ဒေသကို လက်လွတ်ဆုံးရှူံးရသလို၊ မဏိပူရမှ ကသည်းများ၏ ကျူးကျော်မှုကိုလည်း ခံရသည်။ နောက်ဆုံး မဟာဓမ္မရာဇာဓိပတိလက်ထက်တွင် ဟံသာဝတီမှ ပုန်ကန်သည်ကို မနှိမ်နှင်းနိုင်တော့သည့် စစ်ရှူံးကာ ညောင်ရမ်းမင်းဆက်ပြတ်ပြီး ညောင်ရမ်းခေတ်လည်းကုန်ဆုံးသွားလေသည်။
ကုန်းဘောင်ခေတ် (၁၇၅၂ – ၁၈၈၅)
အလောင်းဘုရား (၁၇၅၂ – ၁၇၆၀) က ၁၇၅၂ ခုနှစ်တွင် ရွှေဘိုကို အခြေခံ၍ ကုန်းဘောင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄ – ၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။ ပုဂံမင်း လက်ထက်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။ သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။ ၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။
ရှေးရာဇဝင်လာ မြန်မာတိုင်းကြီး ၃-ရပ်
မြန်မာ့ရာဇဝင်ကျမ်းများ၌ ထင်ရှားသော တိုင်းကြီး ၃-တိုင်းကို ပိုင်းခြား ရေတွက် ဖော်ပြခဲ့ဖူးသည်။ ယင်းတို့မှာ
(၁) သုနာပရန္တတိုင်း – ဧရာဝတီမြစ် လက်ျာ ဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း – စကု, စလင်း, ဖေါင်းလင်းစသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ် အနောက်ဖက် တောင်ဖက်အရပ်ဒေသများကို ခေါ်ဆိုသည်၊
(၂) တမ္ဗဒီပတိုင်း- ဧရာဝတီမြစ်၏ လက်ဝဲဖက်ကမ်းရှိ နယ်ပယ်ဌာနများကို ခေါ်သည်၊ တစ်နည်း- ပုဂံ, ပင်းယ, အင်းဝ, မန္တလေး စသော ပြည်ကြီးတို့တည်ရာ ဧရာဝတီမြစ်၏ အရှေ့ဖက်ဒေသကို ခေါ်ဆိုသည်၊
(၃) ကမ္ဗောဇတိုင်း- အရှေ့ရိုးမ တလျှောက်ကို ခေါ်သည်၊ တစ်နည်း- ရှမ်းနယ်များကို ခေါ်ဆိုသည်။
· ထို့ပြင် ဗမာများနှင့် စစ်ပြိုင်ပြုခဲ့ကြသည့် မွန်တို့အခြေချခဲ့ရာ အောက်မြန်မာနိုင်ငံကိုလည်း ရာမညတိုင်းဟုခေါ်ခဲ့ကြပါသည်။
ရာမညတိုင်းကို မွန်သုံးရပ်ဟုဆိုကာ အနောက်ဖက် ပုသိမ်(ကုသိမ်) ၃၂ မြို့ ၊ဟံသာဝတီ(ပဲခူး) ၃၂ မြို့ နှင့် မုတ္တမ ၃၂ မြို့ ဟုခွဲခြားသတ်မှတ်သည်။
မြန်မာ့ယဉ်ကျေးမှု
မြန်မာနိုင်ငံတွင် ကြွပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည်‌ ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံ၏ယဉ်ကျေးမှုများက လွှမ်းမိုး လေသည်။ ဤသည်ကို ယင်း၏ဘာသာစကား၊ အစားအသောက်၊ ဂီတ၊ ပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည်။ အနုပညာတွင် အထူးသဖြင့် စာပေကို မြန်မာ့ဟန်ဝင်နေသော ထေရဝါဒ ဗုဒ္ဓဘာသာက လွှမ်းမိုးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မော်ကွန်းတစ်ရပ်အဖြစ် ယူဆထားသော ရာမဇာတ်တော်ကြီး မှာ ရမ္မာရန မူရင်းမှ ကူးယူထားခြင်းဖြစ်ပြီး ထိုင်း၊ မွန်၊ အိန္ဒယမူများ လွှမ်းမိုးခြင်းကို ကောင်းစွာခံထားရသည်။[55] ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ရောထွေးလျက်ရှိပြီး နတ်ကိုးကွယ်မှုတွင် ၃၇ မင်းအနက် တစ်ပါးပါးကို ခမ်းနားကြီးကျယ်စွာ ပူဇော်ပသကြလေ့ရှိသည်။[56][57]
ရိုးရာဓလေ့ထွန်းကားသော မြန်မာ့ရွာတစ်ရွာတွင် ရွာဦးဘုန်းတော်ကြီး‌ကျောင်းမှာ ကျေးရွာယဉ်းကျေးမှုဘဝ၏ ဗဟိုချက်ဖြစ်သည်။[58] ဘုန်းတော်ကြီးများအား ဘာသာဝင်များက ရိုသေလေးစားပြီး ပစ္စည်းလေးပါးကို ထောက်ပံ့ကြသည်။ အရွယ်ရောက်လာသည့်ယောက်ျားကလေးတစ်ယောက်၏ ဘဝတွင် ရှင်ပြုခြင်းမင်္ဂလာမှာ အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမိသားစုတိုင်းမှ ယောက်ျားကလေး မှန်သမျှသည် အသက် ၂၀ မတိုင်မီ ကိုရင်အဖြစ်လည်းကောင်း၊ အသက် ၂၀ ပြည့်လျှင် ရဟန်းအဖြစ်လည် တောင်းခံယူကြရသည်။ အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်လေ့ရှိတတ်သည်။ မိန်းကလေးများမှာမူ နားထွင်းနားသခြင်း မင်္ဂလာကို ခံယူကြရသည်။[58] မြန်မာ့ယဉ်ကျေးမှုကို အဓိကမြင်တွေ့ရသည့် နေရာမှာ ကျေးရွာများတွင် နှစ်လုံးပေါက်ကျင်းပလေ့ရှိသည့် ဘုရားပွဲများတွင်ဖြစ်သည်[59][60] ရွာများတွင် ရွာစောင့်နတ်များရှိကြပြီး မြန်မာ့လူနေမှုဘဝတွင် အယူသည်းခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်းများမှာလည်း မနည်းပေ။
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ အနောက်တိုင်းဓလေ့များ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ပညာရေးစနစ်ကို ဗြိတိသျှ ပုံစံအတိုင်း ပုံတူကူးယူထားသည်။ ရန်ကုန်ကဲ့သို့သော မြို့များတွင် ကိုလိုနီပိုင်ဗိသုကာပုံစံများ လွှမ်းမိုးနေသသည်ကိုတွှေ့ရှိရသည်။[61] တိုင်းရင်းသားမျိုးနွယ်စုများအနက်ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို အရှေ့တောင်ဒေသရှိ ကရင်များတွင်လည်း ကောင်း၊ မြောက်ဘက်အရပ်နှင့် အနောက်မြောက်ဒေသ၌ ကချင်လူမျိုးနှင့် ချင်းတိုင်းရင်းသားများတွင်လည်း ကောင်းမြင်တွေ့နိုင်သည်။[62]
ဘာသာစကား
မြန်မာဘာသာစကားသည် မြန်မာတို့၏ မိခင်ဘာသာစကားနှင့် ရုံးသုံးဘာသာစကားများ ဖြစ်ပြီး တိဗက်နှင့် တရုတ်ဘာသာစကားများနှင့် လည်းနီးစပ်လေသည်။[63][48] ဗြည်းအက္ခရာ ရေးသားပုံစနစ်မှာ လခြမ်းပုံနှင့် စက်ဝိုင်းပုံများကို အခြေထားသော မွန်အက္ခရာစနစ်မှ ဆင်းသက်လာသည်။ မြန်မာအက္ခရာအရေးအသားတွင် မွန်ပုံစံကို အခြေခံထားပြီး မွန်အက္ခရာစနစ်သည် ၇၀၀ ပြည့်နှစ်က တောင်ပိုင်းဗြဟ္မိအက္ခရာစနစ်ပေါ်တွင် အခြေခံထားလေသည်။ ရှေးအကျဆုံးမြန်မာအရေးအသားကို လွန်ခဲ့သည့် နှစ် ၁၀၀၀ ကျော်လောက်က တွေ့ရှိခဲ့သည်။ ဤအရေးအသားစနစ်ကို ထေရဝါဒဗုဒ္ဓဘာသာ၏ ကျမ်းဂမ်များ ရေးသားရာတွင် သုံးသည်။ ပါဠိစာပေရေးသားရာတွင်လည်း အသုံးပြုသည်။ ရှမ်း၊ ကရင်နှင့် ကယားစာပေများ ​ရေးသားရာတွင်လည်း မြန်မာအက္ခရာများနှင့်အတူ သီးခြားတီထွင်ထားသော ဗြည်းအက္ခရာများ၊ အသံထွက်ပြသကေင်္တများကိုလည်း အသုံးပြုထားသည်။[64] မြန်မာစကားသည် အရိုအသေပြုသုံးနှုန်းခြင်းနှင့် အသက်အရွယ်အလိုက်‌ပြောဆိုသုံးနှုန်းရခြင်းများပါဝင်သည်။[59] မြန်မာလူမှုရေးစနစ်သည် ပညာရေးကိုအလေးပေးသည်။ ကျေးရွာများတွင် လောကီပညာများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူကြရသည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် အစိုးရ ကျောင်းများက အလယ်တန်းများနှင့် အထက်တန်းပညာများအား တာဝန်ယူသင်ကြားပေးသည်။
အစားအစာ
မြန်မာ့အစားအစာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားလူမျိုးစုများ၏ လွှမ်းမိုးမှုကို တွေ့ရှိနိုင်သည်။ ဆန်မှာ မြန်မာ၏ အဓိကအစားအစာဖြစ်သည်။[65] ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ကိုလည်း စားသောက်သည်။[65] ဗမာ့အစားအစာတွင် မပါမဖြစ်သည်မှာ ငါး၊ ပုစွန်၊ ငါးပိငံပြာ‌ရည်နှင့် ဝက်သား၊ ဆိတ်သားများ ဖြစ်သည်။ အမဲသားကိုမူ ရှောင်ကြသည်။ ဟင်းချက်ရာတွင် မဆလာနှင့် ငရုတ်သီးတို့ကို အသုံးပြုသည်။[66][67] မြန်မာ့အမျိုးသား အစားအစာဟုကျယ်ပျံ့စွာ ယူဆထားသည့် မုန့်ဟင်းခါးချက်ရာတွင် ငါးခူဟင်းရည်တွင် ကုလားပဲမှုန့်၊ ဆန်ကြာဆံနှင့် ငံပြာရည်များ ရော၍ ချက်ကြသည်။[68] အပူပိုင်း အသီးအနှံများကို အချိုပွဲအဖြစ် တည်ခင်းသည်။ မြို့ကြီးပြကြီးများတွင် ရှမ်းစာ၊ တရုတ်စာနှင့် ကုလားအစားအစာများကိုပါ စုံလင်စွာ ရရှိနိုင်သည်။
တေးဂီတ
မြန်မာ့တေးဂီတကို ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ္တလားနှင့် လေမှုတ်တူရိယာများဖြစ်သည့်နှဲ၊ နှဲကြီး၊ ပလွေ၊ ဝါးလက်ခုပ်နှင့် ကြိုးတတ်တူရိယာများအား ဆိုင်းဝိုင်းခေါ်သံစုံတီးဝိုင်းဖွဲ့၍ တီးခတ်ကြသည်။[60][58] မြန်မာ့ယဉ်ကျေးမှုတွင် လှေပုံသဏ္ဌာန် ကိုယ်ထည်တွင် ပိုးကြိုးသွယ်တန်းထားပြီး လည်တိုင်တွင် မှန်စီရွှေချထားသော စောင်းကောက်မှာ နှစ်ပေါင်းများစွာကတည်းကပင် ရှိခဲ့သည်။[69] ၁၉၅၀ ပြည့်လွန်နှစ်မှစ၍ မြို့ကြီးပြကြီးများတွင် အနောက်တိုင်းတေးဂီတများ စတင်ရေပန်းစားလာသည်။[70]
မြန်မာစာစတင်ဖြစ်ပေါ်လာပုံ
စတင်ခြင်း
မြန်မာစာစတင်ဖြစ်ပေါ်လာခြင်းသည် မြန်မာသည် ပျူနှင့်မွန်စာရေးနည်းကို စံတင်ပြီး (၁၁)ရာစုတွင် မြန်မာဘာသာ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ စတင်တည်ထောင်စဉ်ကာလ အနော်ရထာမင်း၏ လက်ထက်တွင် သက္ကတဘာသာစာဖြင့် ရေးသောအုတ်ခွက်စာများ၊ပါဠိစာများဖြင့်ရေးသော အုတ်ခွက်စာများကို အထောက်အထားပြုကာ မြန်မာ့တို့သည် မူလက ပါဠိနှင့်သက္ကတဘာသာတို့ကို ရင်းနှီးခဲ့ကြောင်း သိရသည်။ သက္ကတဘာသာသည် မဟာယာန ဗုဒ္ဓဘာသာနှင့် ဆက်နွယ်ပြီး ပါဠိဘာသာသည် ထေရဝါဒဗုဒ္ဓဘာသာနှင့် နှီးနွယ်ကြောင်းသိရသည်။
ပျူစာ၊မွန်စာများနှင့်မြန်မာမျာ
မြန်မာတို့သည် တိုင်းခြားဘာသာဖြစ်သော ပါဠိစာကိုဗုဒ္ဓဘာသာစာပေအဖြစ် လက်ခံလာချိန်တွင် မြန်မာတိုင်းရင်းသားများ၏ စာပေဖြစ်သော ပျူစာ၊ မွန်စာတို့သည် ရှင်သန်နှင့် နေပြီးဖြစ်ကြောင်း သိရသည်။ မြန်မာစာပေါ်ပေါက်လာသော အခါတွင် မြန်မာတို့သည် မြန်မာစာနှင့်အတူ တိုင်းရင်း ပျူ၊ မွန်စာပေတို့ကိုလည်း ဆက်လက်ပြုစုလာခဲ့ကြပြီး ခရစ်နှစ်(၁၁၁၃)ခုနှစ် တွင် ရာဇကုမာရ်မင်းသား ရေးထိုးသော မြစေတီ ကျောက်စာတွင် ပျူ၊ မွန်၊ မြန်မာဘာသာ တို့ကို ပါဠိစာပေနှင့် အတူ ယှဉ်တွဲ တွေ့ရှိရသည်။ ပါဠိစာပေမှ မြန်မာစာပေသို့ အပြန်အလှန် ဘာသာပြန် အရေးအသားနှင့် ပါဠိဘာသာပြန်ရေးသည့် အရေးအသားများ ထွန်းကားလာခဲ့ပြီး (၁၁)ရာစု အနော်ရထာမင်း လက်ထက်တွင် ထေရဝါဒဗုဒ္ဓသာသနာနှင့် အတူ ပိဋိကတ်စာပေများ ပုဂံသို့ရောက်ရှိလာပြီးနောက်တွင် (၁၁) ရာစု နှောင်းပိုင်းတွင် မြန်မာစာ စတင် ပေါ်ပေါက် ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများက ပြဆိုထားသည်။
အသုံးအနှုန်းများခိုင်မြဲလာပုံ
မြန်မာစာ ပေါ်ပေါက်လာပုံကို ပုဂံခေတ် ကျန်စစ်သားမင်း နတ်ရွာစံပြီး ခရစ်နှစ် (၁၁၁၃) ခန့်တွင် ရေးထိုးသော ရာဇကုမာရ်ကျောက်စာသည် သက္ကရာဇ် အခိုင်အမာ ပါသော အစောဆုံး မြန်မာစာ ဖြစ်ကြောင်းသိရသည်။
မြန်မာစာစတင် ဖော်ပြရာတွင် ဗုဒ္ဓစာပေများကို ကျောက်စာ၊ မှင်စာများဖြင့် ဇာတ်နိပတ်၊ ပန်းချီ၊ ပန်းပု များနှင့် အတူ မှင်ဖြင့် ဖော်ပြကြပြီး ကျောက်စာများ ၊ မှင်စာများ စတင် ပေါ်ပေါက်လာခဲ့ရကြောင်း သိရသည်။
နောက်ပိုင်းတွင် ဗုဒ္ဓစာပေ အကြောင်းအရာများကို စကားပြေဖြင့်လည်းကောင်း ကဗျာများဖြင့်လည်းကောင်း ဖွဲ့နွဲလာကြပြီး ဗုဒ္ဓစာပေကို အခြေခံကာ မြန်မာစာပေ အရေးအဖွဲ့ အမျိုးမျိုး ပေါ်ထွန်းလာရကြောင်းသိရသည်။
ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကားတို့မှ စကားလုံးများကို မွေးစား သုံးနှုန်းခြင်း၊ ဘာသာပြန်သုံးနှုန်းခြင်းတို့ဖြင့် မြန်မာစကား နှင့် စာပေ ဖွံ့ဖြိုးကြွယ်ဝ လာခဲ့ သည်ဟု ဆိုကြသည်။ ပင်းယခေတ် (၁၃၀၉ ခုနှစ် ခန့် မှ ၁၃၆၀) နှင့် အင်းဝခေတ် (၁၃၆၄ မှ ၁၄၈၆) တစ်လျောက်လုံးတွင် မြန်မာတို့သည် ဗုဒ္ဓစာပေအမွေအနှစ်များကို ပါဠိဘာသာမှ တစ်ဆင့် ဘာသာပြန်ပြုစုလာခဲ့ကြပြီး မြန်မာစာပေအနေနှင့် အရေးအသား အသုံးအနှုန်းများ ခိုင်မြဲစွာ အမြစ်တွယ် ထွန်းကားနေပြီ ဖြစ်သည်။

No comments: