Saturday, November 21, 2015

ကွမ်းရွက်နှင့်ပျောက်ကင်းသောရောဂါများ


နှလုံးရောဂါ(Heart Attack)
နံနက်ရေချိုးပြီးတိုင်းရင်ဘတ်နှလုံးတည့်တည့်နေရာလက်ဝဲဘက်ရင်အုံမှာနေ့စဉ်ကွမ်းရွက်တရွက်ကပ်ပါနှလုံးနှင့်ဆိုင်သောရောဂါမှန်သမျှအကောင်းဆုံးစက်လေးတလုံးတပ်ထားသလိုကိုအကောင်းဆုံးကာကွယ်ပေးပါတယ်
မျက်စိရောဂါနှင့်ရေတိမ်ရောဂါ
ညတိုင်းကွမ်းရွက်ကပ်ရင် ( ၈ ) လနှင့်(၁၄ ) လအတွင်းမျက်မှန်ကျွတ်နိုင်ပါသည်မျက်လုံးထောင့်များ၍လက်မခွံအရွယ် ကွမ်းရွက်ကိုရေစွတ်၍ကပ်ပါ
အဓိကမှာမျက်လုံးနှင့်နှစ်ခေါင်းဘက်ထောင့်နှစ်ခုကိုဂရုပြု့ကပ်ပါနေ့အခါလဲကပ်နိုင်ပါတယ် computer ကြည့်သူ
Tv အကြည့်များသူFb သုံးသူများလဲကပ်သင့်ပါသည်။

မျက်လုံးအလုံးလိုက်ကိုက်သောရောဂါ
ရေတိမ်ရောဂါ မှုန်တဲ့ရောဂါ မူးတဲ့ရောဂါနှင့် နုသောတိမ်များပျောက်ကင်း၏
နားထိုင်းနားလေးရောဂါ
ကွမ်းရွက်ကိုဒင်္ဂါးဝိုင်းပမာဏခန့်ဆုပ်ယူပြီးခပ်လုံးလုံးလေးလုပ်ကာနားဝတွင်းထည့်ပေးလျှင်နှစ်လမျှထည့်ပေးရုံနှင့်သိသိသာသာပျောက်ကင်း၏
သတိပေးလိုသည့်အချက်မှာ
နားကိုမြက်ထိပ် သတင်းစာ ဂွမ်း တုတ် စသည်တို့နှင့်အယားဖြေတာမျိုးမလုပ်ပါနှင့်လုပ်လျှင်အကျင့်ပါသွားပြီးဆက်ကာဆက်လုပ်ဖြစ်သွားကာဧကန်နားပင်းတော့မှာဖြစ်ပါ၏အဘယ်ကြောင့်ဆိုသော်နားထဲမှအာရုံခံအသံကြားအမျှင်လေးများပျက်စီးသွားသောကြောင့်ဖြစ်သည်
အာခေါင်မှာအပူဖုတွေဖြစ်လာလျှင်လက်နှစ်လုံးလောက်ကွမ်းရွက်ကိုကပ်ပြီးလျှာနှင့်ထိန်းထားပါတနေ့တညသာသာနှင့်ရောဂါပျောက်၏
လျှာမှာနာကျ ဉ် ပူလောင်နာဖြစ်ခဲ့လျှင်လည်းအထက်ပါနည်းအတိုင်းပြု့လုပ်ပါပျောက်ကင်း၏သွားဖုံးခုံးထပြီးနာလျှင်ကွမ်းရွက်ငုံ ကွမ်းရွက်ကပ်ပါ
နားထင်တွင်ကွမ်းရွက်ကပ်ပါခေါင်းကိုက်ပျောက်၏
ကျန်းမာရေးအတွက် ဆေးတစ်ခွက်
#ဆေးနည်း

No comments: