Sunday, November 15, 2015

၉၉ ယောက် ထွက်သွားနိုင်ပါတယ်။


- ကျေင်းတစ်ကျောင်းမှာ ကျောင်းသား အယောက် ၁၀၀ စာသင်နေကြပါတယ်။
- ကမ္ဘာပေါ်တွင် အရမ်းနာမည်ကြီးတဲ့ ကျောင်း တွေ ထဲမှာ ပါဝင်ပြီး နှစ်စဉ်လို လူရည်ချွန် တွေ မွေးထုတ်ပေးသလို ပညာတတ်တွေ မွေးဖွားရာ လို့ လည်း နာမည်ကြီးပါတယ်။
- အဲဒီကျောင်းရဲ့ အစဉ်အလာက တစ်နှစ်မှာ ကျောင်းသား ၁၀၀ ပဲ လက်ခံပါတယ်။
- တစ်ခါတော့ အဲဒီကျောင်းသားတစ်ရာမှာ ကျောင်းသား ၁ ယောက် ဟာ အလွန်ဆိုးသွမ်းတဲ့အထဲ ပါ ၀င်ပါတယ်။
- စာလည်း မကျက်၊ ရန်ဖြစ် ၊ ပျော်ပါး အချိန် ဖြုန်းလို့သာ နေတော့တယ်။
- အဲဒီကျောင်းသားတစ်ယောက်အတွက်တခြား ကျောင်းသားတွေပါ အပြစ်ပြောခံရပြီး နာမည်ပျက်သလိုဖြစ်နေရတယ်။

- အဲဒီတော့ ကျန်တဲ့ ကျောင်းသား ၉၉ယောက်က တိုင်ပင်ပြီး သူတို့ ပါမောက္ခဆီကို သွားရောက်ပြီး အဲဒီကျောင်းသား ကို ကျောင်းထုတ်ပေးဖို့ တိုက်တွန်းကြပါတယ်။
ပါမောက္ခက လာမယ့် အပတ်မှာ ပြုလုပ်မဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေးမယ် လို့ ပြန်ပြောလိုက်ပါတော့တယ်။
- အစည်းအဝေးပြုလုပ်တဲ့ နေ့ ရက်မှာ ကျော်ငးသား ၁၀၀ လုံး စုံလင်စွာတက်ရောက်ကြပြီး ပါမောက္ခပြောမယ့် စကားကို နားစွင့်နေလျက်ရှိပါတယ်။ ပါမောက္ခ က ကျောင်းသားတွေ စုံလင်ပြီဆိုတာ နဲ့ သူ့ ဆုံးဖြတ်ချက် ကို ပြောပါတယ်။
" ကဲ တပည့်တို့ ပြောတဲ့ပြဿနာကို ဆရာစဉ်းစားထားပါပြီ ဒီတော့ လိမ္မာတဲ့တပည့် ၉၉ ယောက် ကို ဆရာ့ကျောင်းကနေ ထွက်ခွင့်ပြုလိုက်ပါပြီ ..။ ဆိုးသွမ်းတဲ့တပည့်ကတော့ လိမ္မာအောင် ဆက်လက် သင်ကြားရဦး မှာဖြစ်တဲ့အတွက်ကျောင်းမှာနေခဲ့ရမှာ ဖြစ်ပါတယ်။ ”
- ပါမောက္ခပြောတဲ့ စကားကိုကြားတော့ ကျောင်းသားအားလုံး ဟာကနဲဟင်ကနဲဖြစ်သွားကြတယ် ။
ပြီးတော့ကျောင်း သားတစ်ယောက်က ထမေးတယ် ။
“ ဆရာ ဘာဖြစ်လို့ ကျွန်တော်တို့ ကို ကျောင်းကထွက်ခိုင်းပြီး ဒီကျောင်းသားဆိုးကိုမထွက်ခိုင်းတာပါလဲံ ”
ပါမောက္ခကပြန်ပြောတယ် ။
“ ဆရာတို့မည်သည် ဆိုးသွမ်းသော ကျောင်းသားကို တော်လာအောင် မိုက်ရိုင်းသောကျောင်းသားကို ယဉ်ကျေးအောင် ပြုပြင်ဆုံးမပေးရမယ့်တာဝန်ရှိတယ်..။ တပည့်တို့ ၉၉ ယောက်စ လုံးဟာ ယဉ်ကျေးလိမ္မာပြီးသူများဖြစ်လို့ ကျောင်းမှထွက်ခွင့်ပြုပြီးဆိုးသွမ်းတဲ့ ကျောင်းသားအတွက်တော့ ဆရာ့မှာ တာဝန်ရှိပေတယ်..။
ဆရာတို့မည်သည် မည်သည့်ဆိုးသွမ်းသော တပည့်ကိုမှ စွန့်ခွာ ပစ်ပယ်ရိုးထုံးစံမရှိပါ” လို့
့ပြောကြားလိုက်ပါတော့တယ် ။
..
- ငယ်ငယ်တုန်း က ဖတ်ခဲ့ဖူးတဲ့ ဂျပန် ပုံပြင် ကို မှီးပါတယ်။
..
ရွှေအိုး (မိုမိုလေး)

No comments: