Monday, November 23, 2015

ရှိခိုး ဝတ်ပြုလျှင် သုံးကြိမ် ဦးချရခြင်း အကြောင်း


ဗုဒ္ဓဘာသာဝင်တိုင်းသည်  စေတီပုထိုး ၊ ဘုရားရုပ်ပွား ဆင်းတုတော် ၊ သံဃာတော်များ ၊ မိဘဆရာ ၊ သက်ကြီးဝါကြီးသူများကို
ရှိခိုး ကန်တော့ကြခြင်းသည် ဓလေ့ထုံးစံ တစ်ခုအနေဖြင့် ပြုလုပ်နေရခြင်း မဟုတ်ပါ ။ ထို့ထက် အဓိပ္ပာယ် ကျယ်ဝန်းပါသည် ။
လုပ်ဆောင်အပ်သော ဝတ္တရား ၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး ၊ ဂုဏ်ယူဖွယ်ရာ လူမှုစရိုက် ၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု၊
အဖြစ် ထိန်းသိမ်းထားရခြင်း ဖြစ်သည့်အပြင် မိမိဧ။် မာန်မာနကို နှိမ့်ချဝပ်တွားခြင်း သက်ေင်္တ လည်းဖြစ်ပါသည် ။
မွေးဖွားလာပြီး မည်သည့်အချိန် မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲ ဆိုတာကို သတိမမူမိဘဲ ဖြစ်တတ်ကြသည် ။ ဗုဒ္ဓဘာသာဧ။်

အနှစ်သာရကို နားလည်သိရှိခြင်း မဖြစ်ဘဲ မိဘက ဗုဒ္ဓဘာသာဝင်ဖြစ်နေလို့ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသူများကို မိရိုးဖလာ ဗုဒ္ဓဘာသာဝင်
ဟူ၍ ဆိုရပေသည် ။
ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာ သုံးပါးဧ။် လေးနက်သည့် အဓိပ္ပာယ် ၊ မွန်မြတ်သည့် သိက္ခာ ၊ ကြည်ညိုဖွယ် ဂုဏ် အရည်အချင်း
များကို မှန်မှန်ကန်ကန် စေ့စေ့စပ်စပ် နားလည်သိရှိရမည် ။ ယင်းသို့ သေသေချာချာ တိတိကျကျ သိရှိကာ ၊ အမှန်တကယ် အားကိုးယုံကြည်
သဖြင့် ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည် ။
ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးကို နားလည်လက်ခံပြီး ယုံကြည်ကိုးကွယ် လဲလျောင်းရာအဖြစ် ခံယူခြင်းကို " သရဏ " ဟူ၍ ခေါ်ဆိုရသည် ။
ယုံကြည်ကိုးကွယ်သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို " သရဏ-ဂမန " = " သရဏဂုံ " ဟူ၍ခေါ်ဆိုရသည် ။ ထိုသို့ လေးနက်စွာ ယုံကြည်ကိုးကွယ်
သဖြင့် ရတနာသုံးပါးကို နှလုံးသားဖြင့် ဆည်းကပ်ပူဇော်သူကို " သရဏဂုံ တည်သူ " ဟူ၍ ခေါ်ဆိုရသည် ။ ဤသို့ သရဏဂုံ တည်သူကိုသာလျှင်
ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည် ။ ( မိမိကိုယ်တိုင်, မိမိကို ဗုဒ္ဓဘာသာဝင်အဆင့် တိုင်းတာသတ်မှတ်နိုင်ပါသည် ) ။
မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည် ဟူသော ယုံကြည်မှုဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကိုသော်လည်းကောင်း၊
အခြားဘာသာ တစ်ခုခုကိုသော်လည်းကောင်း၊ စွဲစွဲ မြဲမြဲ ဆည်းကပ် ကိုးကွယ်ခဲ့လျှင် ထိုသူသည် သရဏဂုံ ပျက်ပြယ်သွားပြီ ဟူ၍ သတ်မှတ်ရပါသည် ။
( ပုဂ္ဂိုလ်စွဲ ယုံကြည်ကိုးကွယ်မှု လွန်ကဲလျှင် သရဏဂုံ တည်ခြင်းကို ထိခိုက်ပျက်စီးနိုင်ကြောင်း သတိပြုရပေမည် ) ။
ရတနာသုံးပါးကိုမေ့လျော့နေလျှင် ၊ ရတနာသုံးပါးဧ။် အဆုံးအမတွေနှင့် ဝေးကွာကင်းလွတ်နေလျှင် ဆည်းကပ်ကိုးကွယ်မှု ပျက်ကွက်နေသောကြောင့်
သရဏဂုံ မှေးမှိန် ညှိုနွမ်းနေသည်ဟု သတ်မှတ်ရသည် ။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့ မနေဘဲ ၊ အထူးသဖြင့် တရားတော်ဧ။် အဆုံးအမလမ်းညွှန်မှုတို့ကို အစဉ်သဖြင့်
သတိတရ ဆည်ကပ်ကိုးကွယ် လိုက်နာကျင့်ကြံနေဖို့ အလွန်လိုအပ်လှပါသည် ။ ကိုးကွယ် ဆည်းကပ် နေရမည်ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်းဆီမီးတို့ဖြင့်
ပူဇော်ခြင်း၊ ဝတ္တုပစ္စည်းများ လှူဒါန်းခြင်း တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ ။ ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို မမေ့မလျော့ အောင်းမေ့သတိရ
နေခြင်း ၊ တရားတော်ဧ။် အဆုံးအမများကို လိုက်နာကျင့်ကြံနေခြင်း သည်သာ အရေးကြီးပေသည် ။
သည့်အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် - မည်သည့်နေရာမှာဖြစ်စေ ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ၊ မည်သည့်ပုဂ္ဂိုလ် ၊ စေတီ ပုထိုး ၊
ရုပ်ပွားဆင်းတုတော်ကိုဖြစ်စေ ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင်  ရတနာသုံးပါးကို ရည်စူး၍ သုံးကြိမ် ဦးချရမည် ဖြစ်သည် ။
ဦးချသည့်အခါ ဖြေးဖြေးမှန်မှန် , ထိခြင်းငါးပါးစုံ (ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး) တို့ဖြင့် ဦးနှိမ်ချရမည် ။ လက်နှစ်ဘက် အောက်သို့ရောက်သော် လက်ဖဝါး
နှစ်ဘက်ကို ဖြန့်ကား၍ လက်ဖမိုးပေါ်သို့ နဖူးထိသည်အထိ ဖြေးဖြေးသာသာ ဦးနှိမ်ချရမည် ၊ လက်ဖဝါးနှစ်ဘက်ကို နဖူးဖြင့်တည့်တည့်မှာ တစ်ကြိမ်တည်း ဖြန့်ချပါ ၊
နဖူးမကျမီ လက်ဖဝါးကို တစ်ခါထောက်ပြီးမှ ရှေ့သို့တစ်ခါတိုးပြီး အမြန်ဦးချခြင်း ပြုလုပ်ပါက ဖားဖမ်းသည်နှင့်တူသည်ဟုလည်းကောင်း၊ လက်ဖဝါးနှစ်ဘက်ကို မဖြန့်ဘဲ
ပူးထားလျက်နှင့် အမြန်ချခဲ့လျှင် ပုဆိန်ပေါက်သည်နှင့် တူသည်ဟုလည်းကောင်း ၊ ရှေးဆရာတို့ ဆုံးမလေ့ ရှိကြသည် ။
ပထမတစ်ကြိမ် ဦးချစဉ်တွင် မြတ်စွာဘုရားဧ။် ဂုဏ်တော်တို့ကို နှလုံးသွင်း အာရုံပြုနေရမည် ။ ကမ္ဘာပေါင်းများစွာ (လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း) သတ္တဝါအားလုံး
အတွက် လုံ့လဝီရိယတို့ဖြင့် ပါရမီဖြည့်ကျင့်ခဲ့ရပြီး ၊ နောက်ဆုံးဘဝ၌ ခြောက်နှစ်တာ ဒုက္ကရ စရိယာကျင့်ကြံခဲ့ပြီးမှ အနှိုင်းမဲ့ ဂုဏ်တော်တို့နှင့် ပြည့်စုံခဲ့သည့် ဘုရားရှင်ကို
ရည်စူးမှန်းဆလျက် ဖြေးဖြေးသာသာ ဦးနှိမ်ချကာ , ဖြေးဖြေးသာသာ နှင့်ပင် ပြန်လည် ဦးမော့ရမည် ဖြစ်သည် ။
ဒုတိယအကြိမ် ဦးချစဉ်တွင် ဘုရားရှင်ဧ။် အဓိက တရားတော်ဖြစ်သော - မိမိခန္ဓာဧ။် ဆင်းရဲမှုကိုသိခြင်း ၊ ခန္ဓာကိုနှစ်သက်တွယ်တာနေလို့ ဆင်းရဲဖြစ်မှုကို သိခြင်း ၊
ခန္ဓာကို နှစ်သက်တွယ်တာမှုမှ ကင်းလွတ်ခဲ့လျှင် ဆင်းရဲအပေါင်းမှ လွတ်မြောက်ရခြင်း ၊ လွတ်မြောက်ရန်အတွက် မဂ္ဂင်ကျင့်စဉ်တရားကို အားထုတ်ရခြင်း ၊ စသည့်
(သစ္စာလေးပါး ၊ မဂ္ဂင်ရှစ်ပါး) တရားတော်တို့ကို ရည်စူးမှန်းဆလျက် (အပြည့်အစုံ နှလုံးသွင်းနိုင်ရန်) ဖြေးဖြေးသာသာဦးနှိမ်ချ ၊ ဖြေးဖြေးသာသာ ဦးပြန်မော့ရမည်။
တတိယအကြိမ် ဦးချစဉ်တွင် သံဃာတော်တို့ဧ။် ဂုဏ်ကျေးဇူးတော်တို့ကို နှလုံးသွင်း အာရုံပြုနေရမည် ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးသော်လည်း တရားတော်တို့ကို
ယခုချိန်တိုင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရခြင်း၊ လက်တွေ့ကျင့်သုံးပြီး ပြန်လည်ဟောကြား ပြသပေးရခြင်း၊ လူအများ ကုသိုလ်ပွားများနိုင်ရန် ကြံရွယ်ဆောင်ရွက်
ပေးရခြင်း ဆိုတဲ့ သံဃာတော်များဧ။် ဂုဏ်ကျေးဇူးတွေကို နှလုံးသွင်းပြီး ဖြေးဖြေးသာသာ ဦးနှိမ် , ဦးမော့ ပြုလုပ်ရမည် ဖြစ်သည် ။
အိပ်ရာဝင် ၊ အိပ်ရာထတိုင်း ဤကဲ့သို့ ဦးသုံးကြိမ်ချသည့် အလေ့အကျင့်ကို စွဲမြဲပွားများနေပါလျှင် သရဏဂုံ သန့်ရှင်းစွာ တည်နေသူ ဟူ၍ ဆိုနိုင်မည် ဖြစ်သည် ။
ဗုဒ္ဓကျမ်းဂန်တို့တွင် " သရဏဂုံ " အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း ၊ နာတာရှည် ရောဂါတို့ဖြင့်သော်လည်းကောင်း ၊ ရုတ်တရက်
မတော်တဆ အနေဖြင့် သော်လည်းကောင်း ၊ တမလွန်သို့ ဘဝကူးပြောင်းခဲ့ရသော် အောက်ဘုံများသို့ မဆင်းဘဲ ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟူ၍
အတိအလင်းပြဆိုထားပါသည် ။
ဗုဒ္ဓဘာသာဝင် သူတော်ကောင်း အပေါင်းတို့သည်  " သရဏဂုံ " သန့်ရှင်းစွာ အမြဲတည်တံ့နိုင်ရန် ကြိုးစား အားထုတ် နိုင်ကြပါစေ ။

No comments: