Friday, November 13, 2015

Screw Driver



Screw Driver
..........................


ပါဝင်ပစ္စည်း အနည်းငယ်ဖြင့် Cocktail လောကမှာ နေရာတစ်ခု အရယူနိုင်ခဲ့တဲ့ Cocktail တစ်မျိုးကို မိတ်ဆက်ပေးပါမယ်။ ၄င်း Cocktail ရဲ့ နာမည်ကိုမပြောခင် သူ့ပါးစပ် ရာဇဝင်လေးကို ပြောပြပါမယ်။
ဟိုးယခင်က စက်ပြင်ဆရာတစ်ယောက်ရှိပါတယ်။ သူဟာ အလုပ်ပင်ပန်းတဲ့အတွက် ညနေစောင်းဆိုလျှင် သူ့အိမ်မှာ ဇရက်မင်းစည်းစိမ်ကို ခံစားလေ့ရှိပါတယ်။ တစ်ရက် သူ့သူငယ်ချင်းများ အိမ်ကို အလည်လာခိုက်မှာ ဇရက်မင်းစည်းစိမ်ခံစားနေတဲ့ သူက သူငယ်ချင်းများကို Cocktail ဖြင့် ဧည့်ခံမည်ဆိုကာ Vodka နှင့် Orange Juice ကို ရောစပ်ပါတော့တယ်။ ထို့နောက် သူငယ်ချင်းများအား လျှို့ဝှက်ချက် တစ်ခုပြမယ်ဟုဆိုကာ သူ၏ဝက်အူလှည့်ဖြင့် အရက်ရောထားတဲ့ လိမ္မော်ရည်ကို မွှေပါတော့တယ်။ ထို့နောက် ဤအတိုင်းဧည့်ခံရာ သူ၏ ဝက်အူလှည့်ကပဲ စွမ်းသလား၊ အချိုးအစားပဲကောင်းသလား၊ မည်သို့မည်ပုံမသိ အလွန်သောက်လို့ကောင်းဟု ဆိုပါတယ် ဤနေ့မှ စ၍ သူ့ သူငယ်ချင်းများလည်း
သူနှင့်အတူ ညနေတိုင်း ဇရက်မင်း စည်း စိမ်ကို ဤသို့ခံစားရင်း တဖြည်းဖြည်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် နာမည်ရလာပြီး ယနေ့ Bar တိုင်းတွင် မရှိမဖြစ်၊ မရမနေဖြစ်တဲ့ Screw Driver ဆိုတဲ့ Cocktail တစ်ခွက်အဖြစ် နာမည်ကျော်ခဲ့ပါတယ်။
Food Magazine
စာဖတ်ပရိသတ်ကြီးလည်း ပြုလုပ်ရ အလွန်လွယ်ကူတဲ့ Screw Driver Cocktail ကို အိမ်မှာပဲ ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ပဲဖြစ်စေ စမ်းကြည့်ချင်တယ်ဆိုလျှင်တော့ စမ်းကြည့်ပါ။ စမ်းကြည့်လို့အားမရဘဲ ဝက်အူလှည့်နဲ့ ကိုယ်တိုင်ကိုယ်ကျ မွှေကြည့်ချင်ရင်လည်း သဘောပါပဲ။
ပါဝင်ပစ္စည်းလေးတွေရဲ့ အချိုးအစားကို ကြည့်လိုက်ပါဦးနော်။
ပါဝင်ပစ္စည်းများ
• Vodka - 60 ml
ဗော့ဒ်ကာ အရက် - ပတ်
• Orange Juice - 90 ml
လိမ္မော်ရည် - ပတ်
ပြုလုပ်ပုံ
အရင်ဦးစွာ High Ball Glass ထဲသို့ ရေခဲအပြည့်ထည့်ပါ။ ထို့နောက် Vodka နှင့် Orange Juice အား အချိုးအစားတိုင်းထည့်၍ သမစွာမွှေပေးပါ။ ယခုဆိုလျှင်တော့ အလွန်လွယ်ကူပြီး သောက်သုံးရ အဆင်ပြေတဲ့ Screw Driver ကို ရရှိပါပြီ။
(
စာကြွင်း အရက်အပါအဝင် အရည် မျိုးထက် ပိုမိုပါဝင်ပါက Cocktail ဟု သတ်မှတ်ပါတယ်။ Screw Driver တွင် Ice, Vodka, Orange Juice သုံးမျိုးပါဝင်ပါတယ်။ Ice ရေခဲအရည်ပျော်လျှင် ရေဖြစ်ပါသဖြင့် Screw Driver အား Cocktail ဟု သတ်မှတ်ရခြင်းပင် ဖြစ်ပါတယ်။)
Credit- Food Magazine

No comments: