Monday, November 23, 2015

ရွေးကောက်ပွဲဆိုင်ရာဝေါဟာရများ အပိုင်း (၂)




၂၆။ Minority government – အမတ်နေရာနဲနဲနှင့် ဖွဲ့သော အစိုးရအဖွဲ့
အောက်လွှတ်တော်တွင် အနိုင်ရမဲ အရေအတွက်နဲနဲနှင့် ဖွဲ့ထားသော အစိုးရအဖွဲ့

၂၇။ MP (Member of Parliament) - လွှတ်တော်ကိုယ်စားလှယ်
အထက်လွှတ်တော်နှင့် အောက်လွှတ်တော် မှကိုယ်စားလှယ်များဖြစ်သည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် ပါလီမန်ကိုဖျက်သိမ်းပြီး နောက်တစ်ကြိမ် ရွေးကောက်တင်မြှောက်သည်အထိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ မရှိပေ။

၂၈။ Opinion poll - ပြည်သူ့သဘောထား စစ်တမ်း
အကြောင်းအရာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသော အကြောင်းအရာများအပေါ်တွင် ပြည်သူတွေရဲ့ သဘောထားများကို လေ့လာ၍ စစ်တမ်းကောက်ထားခြင်းဖြစ်သည်။


၂၉။ Opposition - အတိုက်အခံပါတီ
အစိုးရအဖွဲ့ မဟုတ်သော အင်အားအကြီးဆုံးပါတီကို အတိုက်အခံပါတီဟု ဆိုလိုသည်။

၃၀။ Party Election Broadcast (PEB) – ရုပ်သံဌာနများမှ မဲဆွယ်စည်းရုံးခြင်း
ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများမှတဆင့် နိုင်ငံရေးပါတီများမှ သတ်မှတ်ထားသော အချိန်အတွင်းတွင် မဲဆွယ်စည်းရုံးဟောပြောခြင်း။

၃၁။ Personation – အယောင်ဆောင်မဲပေးခြင်း
အခြားသူတစ်ယောက်ကဲ့သို့ဟန်ဆောင်မဲပေးခြင်းကို ဆိုလိုသည်။

၃၂။ Poll - မဲပေးခြင်း
မဲပေးခြင်း (vote) သို့မဟုတ် ရွေးကောက်ပွဲ (election) တို့နှင့် အဓိပ္ပါယ်တူသော စကားလုံးဖြစ်သည်။

၃၃။ Polling Clerk - မဲရုံစာရေး
မဲရုံတွင် မဲစာရင်းများကို စစ်ဆေး၍ အတည်ပြုပေးပြီး၊ မဲပေးမည့်သူများကို မဲရုံတွင် စနစ်တကျမဲပေးနိုင်ရန် ကူညီပေးသောသူ။

၃၄။ Polling day – ရွေးကောက်ပွဲ ကျင်းပသောနေ့
Election day နှင့် အတူတူပင်ဖြစ်သည်။

၃၅။ Polling station - မဲရုံ
ပြည်သူများမဲပေးရန် သွားရသည့်နေရာ။

၃၆။ Postal vote – ကြိုတင်မဲ
မဲပေးရမည့်နေတွင် မဲရုံသို့မလာနိုင်သော သူများ၏ တောင်းဆိုချက်အရစာတိုက်မှ ကြိုတင်မဲပေးခြင်း။

၃၇။ Proportional representation (PR) – အချိုးကျ ကိုယ်စားပြုစနစ်
လွှတ်တော်ကိုယ်စားလှယ်အတွက် ပါတီဝင်များကို အချိုးကျမဲပေးရသော စနစ်ဖြစ်သည်။

၃၈။ Presiding officer – မဲရုံအုပ်ချုပ်ရေးမှူး၊ မဲရုံမှူး
မဲရုံတွင် မဲစာရင်းများကို သေချာမှုရှိစေရန် စနစ်တကျစီမံခန့်ခွဲပေးရသောသူ။ မဲပုံးများကို လုံခြုံစွာ ထိမ်းသိမ်းထားရန်နှင့် မဲစာရင်းများရေတွက်မည့်နေရာသို့ လုံခြုံစွာလွဲပြောင်းပေးရန် တာဝန်ယူထားရသူ။

၃၉။ Proxy vote - ကာယကံရှင်ကိုယ်စား အခြားတစ်ယောက်ကထည့်ပေးသောမဲ
မဲရုံသို့ မလာနိုင်သောသူများက လျှောက်ထားတောင်းဆိုသည့်အခါ ထိုသို့မလာနိုင်သောသူများအတွက် အခြားသူများက ကိုယ်စားထည့်ပေးရသောမဲ။

၄၀။ Psephology - ရွေးကောက်ပွဲတွင် မဲပေးမှုပုံစံကို လေ့လာခြင်း
မဲပေးပုံနှင့် မဲပေးသည့် စနစ်ကို လေ့လာသောပုံစံဖြစ်သည်။

၄၁။ Recount – မဲအရေအတွက်ပြန်လည်စီစစ်ခြင်း
မဲရုံပိတ်ပြီးနောက် ကိုယ်စားလှယ်လောင်းမှ မဲအရေအတွက်ကို ပြန်လည်စီစစ်ရန် တောင်းဆိုခြင်း။ ကိုယ်စားလှယ်လောင်း ကျေနပ်သည်အထိ မဲအရေအတွက်ကို ထပ်ကာထပ်ကာရေတွက်နိုင်သည်။

၄၂။ Referendum - ပြည်သူ့ဆန္ဒခံယူပွဲ
အကြောင်းအရာတစ်ခုပေါ်တွင် တစ်နိုင်ငံလုံး၏ သဘောတူညီချက်ကို ရယူခြင်း။

၄၃။ Returning officer - မဲအနိုင်အရှုံးကြေငြာသူ အရာရှိ
မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲအတွက် မဲအနိုင်အရှုံးကြေငြာနိုင်ရန် တရားဝင်ခန့်အပ်ထားခြင်း ခံရသောသူ။

၄၄။ Safe seat – အတိုက်အခံပြုလုပ်ရန် လုံလောက်သည့်နေရာ
လုံလောက်သော မဲအရေအတွက်အသာရနိုင်သည့် မဲဆန္ဒနယ်။ အနည်းဆုံး အခြားပါတီများထက် မဲအရေအတွက် ၁၅မှ၂၉ ရာခိုင်နှုန်းနှင့်အထက်ကို ပိုမိုရနိုင်သောနေရာ။

၄၅။ Speaker - လွှတ်တော်ဥက္ကဋ္ဌ
လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဥက္ကဋ္ဌအဖြစ် ရွေးခြယ်ခံထားရသူတစ်ယောက်ဖြစ်ပြီး၊ လွှတ်တော်၏ လုပ်ငန်းလည်ပတ်မှုကို ဦးဆောင်ရသောသူဖြစ်သည်။

၄၆။ Spin – ကိုယ်စားလှယ်လောင်းများကို မဲပေးရန်လှုံ့ဆော်ခြင်း
လူကိုယ်တိုင် (သို့မဟုတ်) မီဒီယာမှတဆင့် မိမိနှစ်သက်သည့်ပါတီကို မဲထည့်ရန် စည်းရုံးသိမ်းသွင်းခြင်း။ ထိုအပြုအမူမျိုးကို Spin doctor ဟုလည်းခေါ်သည်။

၄၇။ Spoil ballots - ပျက်ပယ်မဲများ
မှားယွင်းစွာပေးမိသောမဲစာရွက်၊ မဲရုံအရာရှိမှ မဲပေးသည့်ပုံစံမှားယွင်းမှုကြောင့် ပျက်ပယ်မဲအဖြစ် သတ်မှတ်ထားသည့်မဲ။

၄၈။ Swing - မဲလွှဲ/ ခွဲပေးခြင်း
ပါတီတစ်ခုမှ အခြားပါတီတစ်ခုသို့ အနိုင်ရသည့်မဲကိုလွှဲပေးခြင်း။ တကယ်တမ်းတွင် မဲလွှဲပြောင်းပေးရန်မှာ ရှုတ်ထွေးသောကြောင့် ပါတီနှစ်ခုကြားတွင် ဦးဆောင်မှု အခန်းကဏ္ဍကို ခွဲဝေယူခြင်းဖြစ်သည်။

၄၉။ Tactical voting – ပရိယာယ်ဆင်ထားသောမဲပေးခြင်း
မိမိနှစ်သက်သောပါတီကို မဲမပေးပဲ တခြားပြိုင်ဖက်ပါတီကို ပရိယာယ်ဆင်၍မဲပေးခြင်း။

၅၀။ Teller - မဲစာရင်းနံပါတ်မေးသောသူ
ပါတီ၏ကိုယ်စားလှယ်ဖြစ်ပြီး မဲရုံ၏ရှေ့တွင်စောင့်ကာ မိမိပါတီကို ထောက်ခံမဲပေးမည့်သူများ၏ မဲစာရင်းနံပါတ်ကို မေးမြန်းသောသူဖြစ်သည်။ တရားဝင် ရာထူးအဆင့်သတ်မှတ်ထားခြင်းမဟုတ်ဘဲ မိမိပါတီကို ထောက်ခံမဲပေးမည့်သူများကို သေချာအောင် ကူညီပေးခြင်းဖြစ်သည်။

၅၁။ Turnout -အမှန်တကယ် မဲပေးရမည့် မဲပေးသူအရေအတွက်
မဲဆန္ဒနယ် အသီးသီးတွင် အမှန်တကယ်မဲပေးမည့်သူ ရာခိုင်နှုန်းအရေအတွက် (ကြိုတင်မဲအပါအ၀င်)။



No comments: