Sunday, November 15, 2015

"သူငယ်ချင်းကောင်း ကို.......လက်မလွတ်ပါစေနဲ့


သင့်ကိုယ် သင် ငါ မတော်ပါဘူးလို့ စိတ်ထဲမှာအမြဲ တွေးထင်မနေပါနဲ့။ လူတစ်ဦး ချင်းတစ်ယောက်ချင်းစီမှာ မတူညီတဲ့ ကိုယ်ပိုင် အားသာချက် အရည်အချင်းတွေ ရှိပါတယ်။ ဒါကြောင့် သင် ဒီလို အတွေးမျိုးတွေ ဝင်လာပြီဆိုရင် သင့်ဦးနှောက်ထဲ ကနေ ထုတ်ပစ်လိုက်ပါ။ သင် မှာ သူငယ်ချင်းမိတ်ဆွေကောင်း တွေ ရှိဖို့တော့ လိုအပ်တာ အမှန်ပဲလေ။ ဒါမှ သင်လမ်းမှားကို သွားတဲ့အခါ သူတို့က သင့်ကို လမ်းမှန်ပြန်ရောက်အောင် ပို့ပေးနိုင်မှာပေါ့။ ဒါပေမယ့် သင်ကလဲ မိတ်ဆွေကောင်း စိတ်ဓါတ် တော့ ရှိဖို့ လိုလိမ့်မယ်။
လောကမှာ အသွား အပြန်ရှိမှ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတာ အဆင်ပြေနိုင်မှာပေါ့။ သင်လဲ လူသားတစ်ယောက်မှန်ရင် အောင်မြင်ဖူးမယ်၊ ရှုံးနိမ့်ဖူးမယ်… သင် အောင်မြင်တဲ့ အချိန် သင်ဘေးမှာ ဝိုင်းပြီး လက်ခုပ်တီးနေတဲ့ သူတွေထက် သင်ဒီအောင်မြင်မှုကို ဘယ်လို ဆက်ထိန်းရမလဲဆိုတဲ့ အကြံကောင်းပေး တဲ့ သူငယ်ချင်းမျိုးကို သင်လက်မလွတ်သင့်ပါဘူး။
ပြီးတော့ သင်ရှုံးနိမ့်နေချိန်မှာ အားလုံး သင့်အနားက ထွက်ခွာသွားနေတဲ့အချိန်မှာ သင့်ဘေးမှာ နေပြီး အားပေးစကား ပြောတဲ့ သူငယ်ချင်းကို လဲ လက်မလွတ်သင့်ပါဘူး။

အကယ်၍ တစ်စုံတစ်ယောက်က သင့် အားသာချက်ကို မတွေ့ဘဲ သင့် အားနည်းချက်တွေကို ထုတ်ဖော်ပြောနေမယ်ဆိုရင် အဲဒီလူက သင့်ဘဝအတွက် အဖော်မွန်ကောင်း တစ်ယောက် မဖြစ်နိုင်ပါဘူး။ သင် မမြင်နိုင်တဲ့ သင်အားသာချက် အရည်အချင်းတွေကို လူပုံအလယ်ထုတ်ဖော် ပြောရဲတဲ့ သူငယ်ချင်း၊လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးတဲ့ သူငယ်ချင်းကို သင်ဘဝ တစ်ခုလုံးအတွက် အဖော်မွန်ကောင်းတစ်ယောက် အဖြစ်ရွေးချယ်ပြီး ထာဝရ ပေါင်းသင်းပါ။ တန်ဖိုးရှိတဲ့ အရာတွေဆိုတာ အလကား ရနေတုန်း တန်ဖိုး မထားတတ်လို့ပါပဲ။ သင်မှာ မိတ်ဆွေကောင်းတွေလိုချင်ပါသလား။ သင် ကိုယ်တိုင် မိတ်ဆွေကောင်း စိတ်ဓါတ်အရင် မွေးမြူလိုက်ပါ။
ကိုကို (မိုမိုလေး)

No comments: