Monday, November 23, 2015

ရွေးကောက်ပွဲဆိုင်ရာဝေါဟာရများ - အပိုင်း (၁)




၁။ Absentee ballot - ပျက်ကွက်မဲ

မဲရုံသို့လာရောက် မဲပေးရန် ပျက်ကွက်သောမဲ။ စာတိုက်မှထည့်သောမဲ သို့မဟုတ် ကာယကံရှင်ကိုယ်စား အခြားတစ်ယောက်ယောက်မှ လာထည့်သောမဲမျိုးလည်းဖြစ်နိုင်သည်။

၂။ Agent- ကိုယ်စားလှယ်

ရွေးကောက်ပွဲနှင့်ဆိုင်သော ကိစ္စများတွင် စည်းရုံးလှုံ့ဆော်ခွင့် ရှိသည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအား ကိုယ်စားပြုသည့်သူ။


၃။ Ballot - မဲပေးသည်။

Vote ဟူသော အသုံးအနှုန်းနှင့် အဓိပ္ပါယ်အတူတူပင်ဖြစ်သည်။

၎။ Ballot box - မဲပုံး

မဲပေးသူများ၏ ဆန္ဒမဲများထည့်ရသည့် ချိတ်ပိတ်ထားသောပုံး။

၅။ Ballot paper - မဲပုံစံစာရွက်

မဲဆန္ဒနယ် အသီးသီးမှ ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများပါသော မဲပြား။ ထိုမဲပြားပေါ်တွင် ဆန္ဒမဲပေးသူများက မိမိတို့နှစ်သက်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ် မဲပေးနိုင်သည်။

၆။ Battlebus – မဲဆွယ်ယာဉ်

နိုင်ငံရေးပါတီများမှ သူတို့၏ပါတီခေါင်းဆောင်နင့် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန် စီးသည့်မော်တော်ယာဉ်။

၇။ Budget - ရန်ပုံငွေ

ဘဏ္ဍာနှစ် တစ်နှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာရေးနှင့် ရန်ပုံငွေအဖွဲ့ အကြီးအကဲမှ ချမှတ်ထားသည့် အစိုးရ၏ အခွန်ကောက်ခံမှုနှင့် ရန်ပုံငွေသုံးစွဲမှု။

၈။ By-election - ကြားဖြတ်ရွေးကောက်ပွဲ

အထွေထွေရွေးကောက်ပွဲကြီး နှစ်ခုကြားတွင် ပြုလုပ်သော ရွေးကောက်ပွဲ။ လက်ရှိလွှတ်တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးဦး နှုတ်ထွက်/သေဆုံးသည့် အခါတွင်ပြုလုပ်သည်။

၉။ Cabinet - ၀န်ကြီးအဖွဲ့

ထိပ်တန်းအစိုးရအဖွဲ့ဝင် ၀န်ကြီးများစုပေါင်းထားသော အဖွဲ့ဖြစ်သည်။

၁၀။ Candidate - ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း

ရွေးကောက်ခံရန်အတွက် ရွေးကောက်ပွဲဝင်မည့်သူများ။ တစ်ခါတစ်ရံလွှတ်တော်ကို ရပ်ဆိုင်းလိုက်သည့်အခါတွင် လွှတ်တော်ကိုယ်စားလှယ်များမရှိဘဲ၊ ကိုယ်စားလှယ်လောင်းများသာ ရှိတတ်သည်။

၁၁။ Canvassing – မဲဆွယ်စည်းရုံးခြင်း

စည်းရုံးရေးကာလအတွင်းတွင် ပါတီ၏မဲဆွယ်စည်းရုံးခွင့်ရှိသူများမှ ၄င်းတို့ပါတီဝင် ကိုယ်စားလှယ်လောင်းများကို ပြည်သူများက ထောက်ခံဆန္ဒမဲပေးရန် စည်းရုံးလှုံ့ဆော်ခြင်း။

၁၂။ Coalition - ညွှန်ပေါင်း အစိုးရဖွဲ့ခြင်း

ပါတီနှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသောပါတီများ စုပေါင်း၍အစိုးရဖွဲ့ခြင်း၊ အင်အားကြီးပါတီတစ်ခုတည်းမှလွှမ်းမိုးချုပ်ကိုင်မှုမရှိခြင်း။ ယူကေတွင် ၂၀၁၀ ရွေးကောက်ပွဲ အပြီး၌ the Conservatives ပါတီနဲ့ Lib Dems ပါတီတို့ ပူးပေါင်း၍ ငါးနှစ်ကြာညွှန့်ပေါင်း အစိုးရဖွဲ့ခဲ့သည်။

၁၃။ Constituency - မဲဆန္ဒနယ်

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီရွေးကောက်တင်မြှောက်နိုင်ရန်အတွက် ဒေသအလိုက်သတ်မှတ်ထားသော မဲဆန္ဒနယ်။ ယူကေတွင် မဲဆန္ဒနယ်ပေါင်း ၆၅၀ ရှိသည်။

၁၄။ Deposit - အာမခံငွေ

ကိုယ်စားလှယ်လောင်းများနှင့် ၄င်းတို့၏ပါတီများမှ မဲဆွယ်စည်းရုံးနိုင်ရန် ထည့်ဝင်ငွေ။ (ယူကေတွင် အနိုင်ရသောကိုယ်စားလှယ်လောင်းမှ ၅ ရာခိုင်နှုန်းပြန်လည် ပေးဆောင်ရသည်။)

၁၅။ Dissolution of Parliament - လွှတ်တော်ဖျက်သိမ်းခြင်း။

လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရပ်ဆိုင်းလိုက်ခြင်း။

၁၆။ Election expenses - ရွေးကောက်ပွဲ ကုန်ကျစရိတ်

ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ရဲ့ လှုံ့ဆော်ရေးကာလတွေမှာ သတ်မှတ်ထားတဲ့ ငွေပမာဏကို သုံးစွဲခွင့်ရှိပါတယ်။ စာရင်းဇယားနဲ့ တိတိကျကျတင်ပြရမှာဖြစ်ပြီး သတ်မှတ်တာထက်ပိုမိုသုံးစွဲခွင့်မရှိပါဘူး။

၁၇။ Electoral register - ရွေးကောက်ပွဲမှတ်ပုံတင်ခြင်း

သက်ဆိုင်ရာမဲဆန္ဒနယ်တွင် ရွေးကောက်ခံရန် စာရင်းတင်သွင်းခြင်း၊ မဲစာရင်းဟုလည်းခေါ်သည်။

၁၈။ Exit Poll - မဲရုံဝတွင် ကောက်သောစစ်တမ်း။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ သုတေသနပြုသူများက မဲထည့်ပြီးပြန်လာသူများကို ဘယ်လိုမဲထည့်ခဲ့သလဲ စသဖြင့် မေးမြန်းကာ သုတေသနလုပ်ထားသည့် လူထုသဘောထားစစ်တမ်း။

၁၉။ First past the post - မဲအများဆုံးရသူက အနိုင်ရသောစနစ်

ယူကေ၏ ရွေးကောက်ပွဲစနစ်တွင် ဖော်ပြသော အသုံးအနှုန်းဖြစ်သည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မဲအများဆုံးရရှိသော ကိုယ်စားလှယ်လောင်းက အနိုင်ရသော စနစ်ဟု အဓိပ္ပါယ်ရသည်။

၂၀။ General election - အထွေထွေရွေးကောက်ပွဲ

အောက်လွှတ်တော်တွင် ရွေးချယ်ခံရရန်အတွက် ပြိုင်ဆိုင် အရွေးခံခြင်း။

၂၁။ Hung parliament - သရေပွဲဖြစ်သွားသော လွှတ်တော်

ရွေးကောက်ပွဲနောက်ပိုင်းတွင် ပါတီတစ်ခုတည်းက လွှမ်းမိုးအနိုင်ယူထားခြင်းမရှိသော လွှတ်တော်။ အနိုင်ရပါတီကအခြားပါတီတစ်ခုခု (သို့မဟုတ်) ပါတီများနှင့် ညွှန်ပေါင်းအဖွဲ့ ဖွဲ့ထားသော လွှတ်တော်။

၂၂။ Landslide - မဲပြတ်အနိုင်ရခြင်း

မဲဆန္ဒနယ်တွင် ပါတီတစ်ခုမှ မဲအရေအတွက် အများဆုံးဖြင့် အပြတ်အသတ်အနိုင်ရရှိခြင်း။

၂၃။ Majority government – မဲအများစုရ အစိုးရအဖွဲ့

အောက်လွှတ်တော်တွင် မဲစာရင်းတစ်ဝက်ကျော်အနိုင်ရရှိထားသော ပါတီမှဖွဲ့ထားသော အစိုးရအဖွဲ့။

၂၄။ Manifesto – ပါတီ၏မူဝါဒကိုကြေငြာခြင်း

ယေဘူယျအားဖြင့် စည်းရုံးရေးကာလများတွင် ပါတီ၏မူဝါဒ၊ နိုင်ငံရေးသဘောထားများကို ပြည်သူများသိအောင် ပုံနှိပ်ထုတ်ဝေခြင်း။ အစိုးရအဖွဲ့တစ်ခုသည် ၄င်းတို့ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအပေါ် မည်မျှတာဝန်ကျေအောင် လုပ်နိုင်သည်ကိုကြည့်၍ ဆုံးဖြတ်ခြင်းခံရသည်။

၂၅။ Marginal constituencies - အနိုင်အရှုံးကွာဟမှုနည်းသော မဲဆန္ဒနယ်

အနိုင်ရပါတီများကြားတွင် မဲအရေအတွက် ကွားခြားမှုနည်းသော မဲဆန္ဒနယ်။

No comments: