Friday, November 13, 2015

Tropical Daiquiri Cocktail



Tropical Daiquiri Cocktail ကတော့ အခုလို မိုးရာသီမှာပေါ်တဲ့ အသီးတွေနဲ့လုပ်ထားတဲ့အတွက် အရသာက လတ်ဆတ်ပြီး အရသာရှိစေမှာ သေချာပါတယ်။ ကျွန်တော်တို့ Novotel ဟိုတယ်မှာဆိုရင်လည်း လူကြိုက်များတဲ့ Cocktail တစ်ခွက်ပါ။ သူက သောက်ကြည့်လိုက်ရင် အရက်အရသာ သိပ်မပေါ်ဘဲနဲ့ စတော်ဘယ်ရီ၊ Coconut ငှက်ပျောသီး ပေါင်းစပ်အရသာတွေကို ခံစားရစေမှာပါ။ များသောအားဖြင့် မိန်းကလေးတွေ ပိုကြိုက်ကြတဲ့ Cocktail တစ်ခွက်ပါ။

   ပါဝင်ပစ္စည်း
   Bacardi White Rum   –   45 ml
   Triple;Sec   –   15 ml
   Strawberry Syrup   –   20 ml (သို့) စတော်ဘယ်ရီသီး လုံး
   Banana Syrup   –   20 ml (သို့) ငှက်ပျောသီး လုံး
   Coconut Cream   –   30 ml
   ပြုလုပ်နည်း
          ပထမဆုံး စတော်ဘယ်ရီသီး ၄လုံး၊ ငှက်ပျောသီးတစ်လုံး၊ Rum အချိုးကျနှင့် အခြားပါဝင်ပစ္စည်းများအားလုံးနှင့် ရေခဲ အနည်းငယ်ကို Blander ထဲ ထည့်မွှေပါ။ ပြီးပါက Alcohol ခပ်ပျော့ပျော့လေးသာပါဝင်ပြီး အရသာရှိလှတဲ့ Tropical Daiquiri ဆိုတဲ့ Cocktail လေးကို သုံးဆောင်နိုင်ပါပြီ။ လုပ်နည်းလေးကလည်း လွယ်ကူလို့ အိမ်မှာ လွယ်လင့်တကူလည်း လုပ်သောက်သုံးနိုင်ပါတယ်။ အခုလို အေးစိမ့်စိမ့်ဖြစ်နေတဲ့ ရာသီဥတုနဲ့လည်း အထူးသင့်လျော်ပါတယ်။

Credit- Food Magazine

No comments: