Sunday, November 15, 2015

လူတွေကြောက်တဲ့(13)ဂဏာန်း

Friday 13 ကို ဘာလို့ ကြောက်ကြသလဲ ?

  မနေ့က(13.11.2015)Friday13မှာပြင်သစ်နိုင်ငံParisမြို့မှာအကြမ်းဖက်တိုက်ခိုက်မှု
တွေ ဖြစ်သွားခဲ့ပြီး လူ ၁၅၀ ကျော် သေဆုံးခဲ့ပါတယ်။
တိုက်ဆိုင်မှုလို့ပဲ ပြောပြော အယူသီးတဲ့ လူအတော်များများဟာ Friday 13 ကို ကြောက်လန့်ကြပါတယ်။ အဓိက ကတော့ နံပါတ်၁၃ ကို ကံဆိုးစေတဲ့ ဂဏန်းအဖြစ် ယူဆကြတာပါ။
ယူဆကြတဲ့ အကြောင်းလေးတွေထဲက အချို့ကို ပြောပြပါ့မယ်။
(၁) ခရစ်တော်ကို သစ္စာဖောက်ခဲ့တဲ့ သူဟာ နောက်ဆုံးစားပွဲရဲ့ ၁၃ ယောက်မြောက် လူဖြစ်နေခဲ့ပါတယ်။
(၂)ကြိုးစင် ကို တက်တဲ့လှေကားဟာလဲ ရိုးရာအရ ၁၃ ထစ် ရှိနေပါတယ်။
(၃) အပိုလို ၁၃ ဟာ လပေါ်ကို မတက်နိုင်ဘဲ ပျက်ကျခဲ့ပါတယ်။
(၄) ရှေးတုန်းက coven လို့ ခေါ်တဲ့ စုန်းအဖွဲ့အစည်းဟာ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းရပါတယ်။
(၅) ဒါ့အပြင် နာမည်မှာ စာလုံး ၁၃ လုံး ပါတဲ့သူတွေဟာ နတ်ဆိုးရဲ့ ကံကောင်းမှုနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ထင်ရှားတဲ့ ကြောက်စရာလူတွေဟာ နာမည် စာလုံး ၁၃ လုံးနဲ့ပါ။
(ဥပမာကတော့ Charles Manson, Jack the Ripper, Jeffrey Dahmer, Theodore Bundy and Albert De Salvo တို့ဟာ နာမည် ၁၃ လုံး ရှိပါတယ်)
(၆) လူအတော်များများယုံကြည်ကြတာတော့ ၁၂ ဟာ ပြည့်စုံတဲ့ ဂဏန်းတစ်ခုဖြစ်ပါတယ်(ဥပမာ ၁၂ ရာသီခွင် စသည်ဖြင့်ပေါ့) ဒါကြောင့် ၁၃ ဟာ ကံဆိုးခြင်း နံပါတ်တစ်ခု ဖြစ်လာပါတယ်တဲ့။
===========================================
အယူသီးတယ်လို့ပြောလို့ရပေမယ့် အဲလိုသီးရတဲ့ အကြောင်းက အဲဒီနေ့မှာ သမိုင်းတစ်လျှောက် ဆိုးဝါးတဲ့ အဖြစ်အပျက်တွေရှိခဲ့တာလဲ ပါပါတယ်။ အခုတော့ အဲဒီအဖြစ်အပျက်တွေထဲက ထင်ရှားတဲ့ အဖြစ်အပျက်တချို့ကို ဓာတ်ပုံနဲ့ ပြောပြလိုက်ပါတယ်။
(၁) Friday 13 အောက်တိုဘာ ၁၃၀၇ မှာ ခရူးဆိတ်စစ်သား ထောင်ပေါင်းများစွာ ဟာ ပြင်သစ်ဘုရင် အမိန့်နဲ့ ဖမ်းဆီးခံခဲ့ရပြီး အတော်များများ သေဆုံးခဲ့ရပါတယ်။
(၂) Friday 13 ဂျူလိုင် ၁၈၂၁ မှာ ဒုတိယဗိုလ်ချုပ်ကြီး နေသန် ဘဒ်ဖို့ဒ် ဖောရက်စ်ထ် ကို မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန်ပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ သူပါ။ ဘာလို့ သူ့မွေးဖွားလာမှုကို ကြောက်စရာအကောင်းဆုံး အဖြစ်ထဲထည့်ရသလဲဆိုတာ နောက်တော့ ရေးပါဦးမယ်။
(၃) Friday 13 မေ ၁၉၂၅ မှာ Tenenssee ပြည်နယ်မှာ ကျောင်းသားတွေကို လူသားဖြစ်စဉ်ပြောင်းလဲမှုအကြောင်းသင်ကြားမှုကို ဥပဒေနဲ့ တားမြစ်ခဲ့ပါတယ်။ သမ္မာကျမ်းစာ မှာပါဝင်တဲ့ အကြောင်းတွေကိုပဲ သင်ကြားစေခဲ့ပါတယ်။
(၄) Firday 13 စက်တင်ဘာ ၁၉၄၀ မှာ နာဇီတွေက ဘက်ကင်ဟမ် နန်းတော်ကို တော်ဝင်မိသားစုတွေ ရှိနေတုန်းမှာ ဗုန်းကျဲခဲ့ပါတယ်။
(၅) Friday 13 အောက်တိုဘာ ၁၉၇၂ မှာ Andes မှာ လေယာဉ်ပျက်ကျခဲ့ပြီးတော့ လူ ၁၂ ယောက်ချက်ချင်းသေပြီး နောက်ထပ်လူတွေ နှင်းပြိုတာမှာ သေဆုံးခဲ့ပါတယ်။ ကျန်ခဲ့တဲ့သူတွေဟာ လူသားစားပြီး အသက်ရှင်ခဲ့ကြရပါတယ်။
(၆) Friday 13 နိုဝင်ဘာ ၁၉၇၀ မှာ ဆိုင်ကလုန်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူ ၅ သိန်းသေဆုံးခဲ့ရပါတယ်။
(၇)Friday 13 ကို ကြောက်လန့်မှုကြောင့် လူတွေ ခရီးမသွားတာ အလုပ်မလုပ်ချင်တာတွေအတွက် ဒေါ်လာ ဘီလီယံပေါင်း ၈၀၀ ကျော် ဆုံးရှုံးပြီးခဲ့ပါပြီ။
ဒါပေမယ့် အီတလီမှာတော့ ၁၃ ဟာ Lucky number ဖြစ်ပြီး ၁၇ က မှ ကံဆိုးတဲ့ နံပါတ်ပါတဲ့ဗျာ။ :D :D
ဒါပေမယ့် ဒါတွေ အားလုံးဟာ အနောက်တိုင်းအယူအဆတွေနဲ့ သာ ဆက်စပ်နေတာကြောင့် ကျွန်တော်တို့တွေတော့ လိုက်ပြီး အယူသီးစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ကိုယ့်မှာကိုတောင် ပြသဒါးတွေ နဂါးခေါင်းတွေနဲ့ လုံလောက်အောင် ရှုပ်နေပါပြီလို့။ ဗဟုသုတ ရရုံအတွက်ပဲ အကျဉ်းချုံး ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
Littleneo

No comments: