Sunday, November 15, 2015

မြန်မာ့နေ့များရဲ့အဓိပ္ပါယ်


ရက်သတ္တတစ်ပတ်တွင် ခုနှစ်ရက်ရှိရာ ထိုရက်များ တနင်္ဂနွေ၊ တနင်္လာ၊
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြသပတေး၊ သောကြာ၊ စနေ ဟူ၍ အားလုံးသိပြီး ဖြစ်မှာပါ။ မေးသူက ဘာနေ့လဲဟု မေးလျှင် ဘယ်နေ့ ၊ ဘယ်နေ့ ဟူ၍
ဖြေကြသလို မွေးနေ့၊ မွေးရက်များကို မေးလျှင်လည်း တနင်္လာသား ၊ အင်္ဂါသမီး စသဖြင့် ဖြေကြသမြဲပါ။
သို့ရာတွင် နေ့တစ်နေ့စီ၏ အဓိပ္ပါယ်ကို သိသူကား ရှားလှပါတယ်။ ထိုနေ့အမည်များကို ပုဂံခေတ်ကတည်းက စတင်ခေါ်ဝေါ်သုံးစွဲခဲ့တယ်
လို့ ဦးဖိုးလတ်ရဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ ၎င်းနေ့အမည်များကို ယနေ့ခေတ်ရေးဟန် နှင့် ဆက်စပ်ပြီး နေ့တစ်နေ့ချင်းစီ၏ အဓိပ္ပါယ်ကို ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။

တနင်္ဂနွေ = တန်ငင်ကုနယ် (ပုဂံခေတ်အရေး)
တန်နင် = နေ့ + ကုနယ် = နေ
နေ့နေ = နေနေ့
တနင်္လာ = တန်နင်လာ (ပုဂံခေတ်အရေး)
တနင် = နေ့ + လာ=လ
နေ့လ = လနေ့
အင်္ဂါ = အင်္ကာ။ အင်္ဂါ (ပုဂံခေတ်အရေး)
မီးကျီမီးခဲကဲ့သို့ နီရဲသောအဆင်းရှိသော ဂြိုဟ် = အင်္ဂါဂြိုဟ်
ဗုဒ္ဓဟူး = ပုတ္တဟူ ၊ ဗုဒ္ဓဟူ (ပုဂံခေတ်အရေး)
ဗုဒ္ဓဟူးဂြိုဟ်ကိုပင် ခေါ်ခြင်း
ရာဟု = ရာဟု = ဖမ်းသူ၊ နေလတို့ကိုဖမ်းသူ အသူရိန်နတ်
ဗုဒ္ဓဟူးနေ့နောက်ပိုင်း မွန်းတည့်ချိန်မှ ညဥ့်သန်းခေါင်အချိန်ကို ရာဟု ဟုမှတ်သားကြပါတယ်။
ကြာသပတေး = ကြသပတိယ်၊ ကြာသပတိ ( ပုဂံခေတ်အရေး )
စကား၏ အရှင် ၊ စကားကိုအစိုးရသူ။
သောကြာ = သုကြာ (ပုဂံခေတ်အရေး)
ဖြူစည်တောက်ထွန်းသော ဂြိုဟ်။
စနေ = စနိယ် (ပုဂံခေတ်အရေး)
ဖြည်ညင်းလေးဆေးစွာသွားသောဂြိုဟ်။
တကယ်တော့ မြန်မာနေ့အမည်အားလုံးမှာ ဂြိုဟ်အမည်များပင် ဖြစ် ပါတယ်။ ရှေးပညာရှိများက ဂြိုဟ်များကို အစွဲပြုကာ မြန်မာနေ့များကို အမှတ်အသားပြုခဲ့ဟန်တူပါတယ်။ ဤမျှဆိုလျှင် မြန်မာနေ့ အမည် များ၏ ရှေးအခေါ်အဝေါ်နှင့် အဓိပ္ပါယ်ကို အကြမ်းသဘောလောက်
တော့ အားလုံးသိကြပြီလို့ ထင်ပါတယ်။
Ref:
မြန်မာနေ့များ - ဦးဖိုးလတ်
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ - နန္ဒာမိုးကြယ်

No comments: