Friday, November 13, 2015

ထေရ၀ါဒ အဓိပ္ပါယ်



Theravada Dhamma Society of Florida

ထေရ၀ါဒ ဆိုတာ Originally maintenance teaching of the Buddha ပဲ။ Nothing changed through 2600 years of the journey နှစ်ပေါင်း ၂၆၀၀ အတွင်း ဘာမှပြောင်းလဲမှုမရှိပဲနဲ့ မူရင်း အတိုင်း ထိန်းသိမ်းလာခဲ့တဲ့ဓမ္မကို ထေရ၀ါဒဓမ္မ ခေါ်တယ်။

ပထမအဓိပ္ပါယ်က Nothing added new idea into original teaching of the Buddha. မူလ ပိဋကတ်သုံးပုံထဲမှာ Idea အသစ်တွေဘာမှမထည့်ဘူး။

နောက်ဒုတိယအဓိပ္ပါယ်က Nothing remove any original teaching from the Tipitaka. ပိဋကတ် သုံးပုံက မူရင်းအဆုံးအမတွေ ဘာမှနှုတ်မပစ်ဘူး။ ဘာမှ ထုတ်ပယ်မပစ်ဘူး။

နောက်တတိယအဓိပ္ပါယ်က Nothing changed and rewrite, no substitute. အစားထိုးပြောင်းလဲတဲ့အနေနဲ့ အသစ်ပြန်ရေးတာ ဘာမှမရှိဘူး။ အဲဒီ အချက်သုံးချက်နဲ့ပြည့်စုံတဲ့ဓမ္မကို ထေရ၀ါဒဓမ္မ ခေါ်တယ်။


ထေရ၀ါဒအသင်းကိုတည်ထောင်တဲ့သူတွေဟာ ထေရ၀ါဒအကြောင်းကို နားလည်ထား ဘို့လိုလိမ့် မယ်။ ထေရ၀ါဒဆိုတာဘာလဲလို့ မေးလာတဲ့အခါ ဘာမှမသိရင်တော့ မဖြစ်သေးဘူး။
ထေရ ဆိုတာ Great Elder Disciple of the Buddha. မြတ်စွာဘုရားရဲ့ တပည့်သာဝက မထေရ်ကြီး တွေကို ထေရ ခေါ်တယ်၊ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာမောဂ္ဂလာန်တို့၊ ရှင်မဟာကဿပတို့စတဲ့ ဘုရားထံမှာ ရဟန်းဖြစ်ကြတဲ့၊ ဘုရားလက်ထက်က ရဟန္တာမထေရ်ကြီး တွေကို ထေရလို့ခေါ်တယ်။ အဲဒီ ထေရ တို့ရဲ့လမ်းစဉ်ကိုလိုက်တဲ့ Tradition ကို Theravada tradition လို့ခေါ်တယ်။

နှစ်ပေါင်း ၂၆၀၀ ကာလအတွင်းမှာ () ကြိမ် သင်္ဂါယနာတင်ပြီးပြီ၊ သင်္ဂါယနာဆိုတာ Sangha Convention ခေါ်တယ်။  () ကြိမ်လုံးလုံး ဘာလုပ်သလဲဆိုရင် အထက်မှာ ပြောခဲ့တဲ့ အချက်သုံးခုနဲ့ အတည်ပြုခဲ့တဲ့ ပိဋကတ်သုံးပုံကို Reconfirm ပြုလုပ်တာကို သင်္ဂါယနာ တင်တယ်ခေါ်တယ်။
First Sangha Convention ကို three months after death of the Buddha. ပထမသင်္ဂါယနာကို ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့နောက် သုံးလအကြာ ရာဇဂြိုဟ်ပြည် ဝေဘာရတောင်စောင်းမှာ ကျင်းပခဲ့တယ်။ အဲဒီတုန်းက Great supporter က အဇာတသတ်မင်းကြီး။ သူက Sponsor ပေးတယ်ပေါ့။ အဲဒီ အစည်းအဝေးမှာ 500 Enlightenment monks were participated. သံဃမဟာနာယက ကတော့ မဟာကဿပ။ President သူ တစ်ပါးတည်းလုပ်သွားတယ်။ ရှင်အာနန္ဒာတို့ ရှင်ဥပါလိတို့က General Secretary တွေလုပ်သွားကြတယ်။ အဲဒီမှာ ဘုရား (၄၅) နှစ်လုံးဟောကြားခဲ့တဲ့တရားတွေ ကို Systematically organized and compiled the Dhamma whatever the Buddha taught within 45 years. Sutta, Vinaya, Abhidhamma. It has done according to the location, event, person, season, weather etc. အကြောင်းအားလျော်စွာ ဟောတော်မူတဲ့ဒေသနာမျိုးစုံဟာ Stretched in everywhere, especially North-Eastern part of India မှာ ပြန့်ကျဲပြီးတော့ကျန်ရစ်ခဲ့တယ်။ အဲဒါတွေကို Systematically organized and compiled. အမျိုးတူရာတူရာ ပေါင်းစပ်သွားတာပါပဲ။

(၄၅) နှစ်အတွင်းမှာ မြတ်စွာဘုရား သီတင်းသုံးသွားတာ (၁၄) နေရာရှိတယ်။ အဲဒီနေရာတွေမှာ ၀ါဆို ၀ါကပ်တော်မူပြီး နေရာအနှံ့ လူမျိုးစုံကို တရားတွေဟောတော်မူခဲ့တာ။ တရားတွေဟာ ပြန့်ကျဲပြီး တော့ကျန်ခဲ့တယ်။ အဲဒါတွေကိုစုဆောင်းပြီး သုတ္တန်ကို ဘယ်မှာဟောတယ်၊ ၀ိနည်းကိုဘယ်မှာ ဟောတယ်၊ အဘိဓမ္မာကို ဘယ်မှာဟောတယ်၊ ဘယ်သူ့ကိုဟောတယ်၊ ဘယ်လိုဟောတယ် စသဖြင့် အကန့်လိုက် အကန့်လိုက် Conpile လုပ်တာကို သင်္ဂါယနာတင်တယ်ခေါ်တာပဲ။ ပထမအကြိမ် လုပ်ပြီးတော့ နောက်ငါးကြိမ်က ဘာလုပ်တာလဲဆိုရင် Reconfirm ပြန်လုပ်တာ။

အဲဒီတော့ ထေရ၀ါဒဓမ္မ အသင်းသားတွေဟာ ထေရ၀ါဒဆိုတာ ဘာလဲလို့သိရအောင် ဒီကနေ့ အကျဉ်းလေးပြောပြခဲ့တာ။ အဲဒါ မှတ်သားထားကြ။ဗုဒ္ဓလက်ထက်တော်ကာလက ဗုဒ္ဓထံမှာ ရဟန်း ဖြစ်ကြသော တပည့်ကြီးများ၏ မူဝါဒစနစ်ကို ထေရ၀ါဒ ခေါ်တယ်အဲဒီမူဝါဒစနစ်ဟာ ဗုဒ္ဓပရိနိဗ္ဗာန် စံပြီးတဲ့နောက် ပထမအကြိမ်အစည်းအဝေးမှာ...
၁။ အသစ်ဘာမှ မထည့်စတမ်း။ We confirm the Dhamma as taught by the lord Buddha himself.
၂။ အဟောင်းတွေ ဘာမှ ထုတ်မပစ်စတမ်း။ Nothing added new idea into Tipitaka.
၃။ ပြောင်းလဲခြင်းဘာမှ မလုပ်စတမ်း။ Nothing removed any original teaching from Tipitaka.
Nothing changed, nothing rewrite as a new style, modern form as Tibet, China, Mongolia, Korea, Japan စသည်ပေါ့။ 
 ကြည့်ပါလား သင်္ကန်းတောင်မှ တိဘက်သင်္ကန်းကတစ်မျိုး၊ တရုပ်သင်္ကန်းကတစ်မျိုး၊ မွန်ဂိုးလီးယားကတစ်မျိုး၊ ကိုးရီးယားကတစ်မျိုး၊ ဂျပန်ကတစ်မျိုးဖြစ်နေတယ် မဟာယာနတွေ။ ထေရ၀ါဒက ဒီတမျိုးတည်းပဲ ဒီပုံစံပဲ။ ထေရ၀ါဒဆိုတာ အဲဒါပါပဲ။ Originally maintenance teaching of the Lord Buddha.
ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံက လာရောက်ကြတဲ့တပည့်တွေ ထေရ၀ါဒမူကိုလိုက်နာကျင့်သုံး တဲ့အဖွဲ့အစည်းတစ်ဖွဲ့ကို တည်ထောင်တော့မယ်ဆိုလို့ရှိရင် မိမိတို့ကိုယ်တိုင်ကလည်း ထေရ၀ါဒ Idea လေးတော့ ခေါင်းထဲထည့်ထားကြ။ ဗမာ့မူ ဗမာ့စနစ်ကို ဒို့ပြင်မပစ်ဘူး၊ ပြောင်းမပစ်ဘူး၊ ဖျက်သိမ်းမပစ်ဘူး၊ ဒါလေးတော့ ခေါင်းထဲမှာထည့်ထားလိုက်ကြ။


Credit To- သီတဂူဆရာတော်
မိုးဝသာန်@w.y.p

No comments: