Tuesday, November 17, 2015

သက္ကရာဇ်ဖြိုရင် သေတက်သည်

ဒီတစ်ခေါက်တော့လူအများသုံးပြီး လူသိနည်းသေးတဲ့ မြန်မာ့သက္ကရာဇ်ဖြစ်ပေါ်လာတဲ့အကြောင်း
လေးဖော်ပြပေးချင်ပါတယ် ဒီသက္ကရာဇ်ဖြိုတဲ့ထုံးတမ်းက ဘယ်ကစလဲဆိုတော့ လေ့လာတဲ့အခါ
အိန္ဒိယက စပါတယ်အိန္ဒိယမှာရှေးဟိန္ဒူပညာရှိ နက္ခတ်ဗေဒင် တက်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေဟာ
သက္ကရာဇ်တွေကို တွက်ချက်ပြီး ကိန်းခန်းကြုံရင် တန်ခိုးကြီးထွားသြဇာရှိတဲ့မင်းတွေက
သက္ကရာဇ်ဖြိုခဲ့ကြတဲ့ထုံးစံရှိပါတယ်ဘာလို့ဖြိုလဲဆိုတော့သက္ကရာဇ်ကိန်းခန်းကြုံလို့မဖြိုရင် ပြည်သူတွေမချမ်းမသာဖြစ်တက် ဒုက္ခရောက်တက်တယ်ဆိုပြီး ယုံကြည်ကြတာကြောင့်ပဲ ဖြိုတဲ့သက္ကရာဇ်ကိုလေ့လာတော့
မဇ္ဈိမဒေသ သာလိဝါဟနသက မင်းဟာကလိယုဂ်  (၃၁၈၀) မှာ (၃၁၇၉) ကိုဖြိုပြီး ကလိယုဂ်တစ်ခုအကြွင်းထားပါတယ် ဒီ သကမင်းကိုအစွဲပြုပြီး (သကရာဇ - သကရာဇ်) သက္ကရာဇ် ဆိုပြီးခေါ်ပါတယ်
 ပြီးတော့နှစ်ဟောင်းကို "ကောဝိန်နှစ်သစ်ကို ကောဇာ" လို့လဲခေါ်ပါတယ်
ပြီးတော့ သက္ကရာဇ်ဖြိုတဲ့ သမိုင်းအနေနဲ့ မြတ်စွာဘုရားရဲ့ ဘိုးတော် အဉ္စန မင်းကြီးဟာ
မဟာသက္ကရာဇ် (၈၆၄၅) ကိုဖြိုပြီး သက္ကရာဇ်အသစ်တည်ပါတယ် ဘိုးတော် အဉ္စနမင်းကြီးတည်တဲ့
သက္ကရာဇ် (၁၄၈) မှာမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပါတယ် ဘီစီက (၅၄၄) ပါ ပြီးတော့ သက္ကရာဇ် (၁၄၈) ကို အဇာတသတ်မင်းကဖြိုပြီး သာသနာတော်နဲ့ သက္ကရာဇ်ကို တညီတည်းဖြစ်စေခဲ့တယ်
ဒါ့ကြောင့် မြတ်စွာဘုရား ပိရိနိဗ္ဗာန်စံတဲ့နှစ် (ဘီစီ-၅၄၄)ဟာ သာသနသက္ကရာဇ်က (၁) ဖြစ်ပါတယ်
ပြီးတော့ သာသနာသက္ကရာဇ် (၆၂၄) ရောက်တော့ သရေခေတ္တရာပြည် သုမုန္ဒြီမင်းက ဒေါဒေါရသ
ကိန်းအရ (၆၂၂) ခုကို ဖြိုပြီး သက္ကရာဇ်တို (၂) ခုထားခဲ့ပါတယ်(အေဒီ -၈၀) ဖြစ်ပါတယ်
ပြီးတော့ သရေခေတ္တရာ သုမုန္ဒြီမင်းတည်ထားတဲ့  သက္ကရာဇ် (၂) မှစလို့ ရေတွက်ပြီး အဲ့ဒီသက္ကရာဇ် (၅၆၂) ရောက်တော့ ပုဂံ ပုပ္ပားစောရဟန်းသဃာင်္ရာဇာ မင်းက (ခ- ဆ- ပဉ္စ) ကိန်းကြုံတယ်ဆိုပြီး
(၅၆၀) ကိုဖြိုပြီး သက္ကရာဇ် (၂ )ခုထားခဲ့ပြန်ပါတယ်(အေဒီ-၆၃၈)ပေါ့
ဒီတော့သင်္ဃရာဇာသက္ကရာဇ်ဖြိုတဲ့နှစ်ဟာ သာသနာသက္ကရာဇ် (၆၂၂-၅၆၀ = ၁၁၈၂) ဖြစ်ပါတယ်
အဲ့ဒီတော့ သင်္ဃရာဇာထားတဲ့
သက္ကရာဇ်တို (၂) ကစပြီး ရေတွက်တဲ့ သက္ကရာဇ်ဟာ အခု မြန်မာကောဇာ သက္ကရာဇ်ပဲဖြစ်ပါတယ်
ဒါ့ကြောင့် 
ကောဇာသက္ကရာဇ် (၁၁၈၂) ကိုပေါင်းရင် သာသနာသက္ကရာဇ် ကိုရပါတယ်
ဥပမာအနေနဲ့
ကောဇာသက္ကရာဇ် (၁၃၁၈ + ၁၁၈၂ = သာသနာသက္ကရာဇ် ၂၅၀၀) ဖြစ်ပါတယ်
ဒါ့ကြောင့်
သာသနာသက္ကရာဇ်က သုမုန္ဒြီဖြိုတဲ့
(၆၂၂) နဲ့ ပုပ္ပားစောရဟန်းဖြိုတဲ့ (၅၆၂)
(၆၂၂ + ၅၆၀ ပေါင်း ၁၁၈၂) ကို နုတ်ပြီးကြွင်းတဲ့
သက္ကရာဇ်ဟာ ကောဇာသက္ကရာဇ်ပဲဖြစ်ပါတယ်
ဥပမာ သာသနာသက္ကရာဇ် (၂၅၀၀ - ၁၁၈၂ = ကောဇာသက္ကရာဇ် ၁၃၁၈) ဖြစ်ပါတယ်
ဒါကတော့
သက္ကရာဇ်ဖြိုခဲကြတဲ့သမိုင်းလေးပေါ့
အဲ့ဒီမှာထူးခြားတဲ့အချက်ကတော့
သက္ကရာဇ်ဖြိုတဲ့ မင်းတွေဟာ သက္ကရာဇ်ဖြိုခဲ့ကြတဲ့နှစ်မှာပဲ အနိစ္စရောက်ကြတာကြောင့်
မြန်မာ့သက္ကရာဇ်သမိုင်းမှာ
"သက္ကရာဇ်ဖြိုရင် သေတက်တယ်"လို့
အခိုင်အမာအယူရှိခဲ့ပါကြောင်း
သမိုင်းဗဟုသုတဝမ်းစာအလို့ငှာ
ရေးသားလိုက်ပါတယ်---ဗိုလ်ကျော်ခေါင်
( အကိုးကား--မင်းပုည ၏ "မြန်မာနိုင်ငံ နှင့်
မြန်မာနိုင်ငံရေး" နှင့် အခြားလေ့လာမူများမှ)

No comments: