Tuesday, November 17, 2015

Green Season Mocktail




ကဲဒီတစ်ခါ Alchohol မကြိုက်သူများအတွက်ကတော့ အထူးစဉ်းစားထားတဲ့ နွေရာသီ Mocktail လေးပါပဲ။ ကိုယ်နဲ့ အလွယ်တကူ လက်လှမ်းမှီရာပစ္စည်းတွေပဲမို့ လုပ်ရတာလွယ်ကူပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ နွေရာသီမှာ ဘယ်ကိုပဲ သွားသွား အလွယ်တကူ ဝယ်လို့ရနိုင်မယ့် ကြံရည်နဲ့ပါ။ နွေရာသီ ပူပြင်းတဲ့ရာသီဥတုမှာ ဆုံးရှုံးသွားတဲ့ Energy တွေ ကို ပြန်လည်ဖြည့်တင်းဖို့ အသီးအနှံဖျော်ရည် တစ်ခုကို ရွေးချယ်မယ်ဆိုရင်တော့ Sugar Cane Juice (ကြံရည်)က ပြိုင်ဘက် ကင်းပါပဲ။ သူ့ချည်းပဲ သောက်လို့ကောင်းသလို ချိုလို့ ကြံ ရည်ချည်းပဲ သောက်ရတာမကြိုက်ပါဘူးဆိုရင်တော့ ချင်း၊ Mint Leaves  ( ပူစီနံ) ရွက်တို့နဲ့ ပေါင်းစပ်ဖျော်သောက်ကြည့်လိုက်ပါ။ ချင်းနဲ့ ပူစီနံပါဝင်လို့ ပူရှိန်းပူရှိန်းနဲ့ ကျန်းမာရေးအတွက် ကောင်းမွန်သော Mocktail လေးပါပဲ။

ပါဝင်ပစ္စည်းများ
    Sugar Cane Juice (ကြံရည်)    –   240 ml
    Ginger (ချင်း)     –   2 – 3 slices
   Mint Leaves (ပူစီနံ)   –   2 – 3 spring
    Lime Juice (သံပုရာရည်)   –    10 ml
ပြုလုပ်နည်း
          ရှေးဦးစွာ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ယူထားသောကြံရည်ကို Blender တစ်လုံးထဲထည့်ကာ ပါးပါးလှီးထားသော ချင်း၊ အရွက်လေးတွေပဲခြေယူထားသော ပူစီနံရွက်တို့ကို အတူရောထည့်ကာ အရသာပိုကောင်းစေဖို့ သံပုရာရည်လေး နည်းနည်းထည့်ပေးပါ။ ပြီးလျှင် ရေခဲ နှစ်တုံးလောက်ထည့်ကာ ကြိတ်ပြီးလျှင် ဖန်ခွက်ထဲသို့ပြောင်းထည့်ကာ အသင့်သုံးဆောင်နိုင် ပါပြီ။ နွေရာသီကျောင်းပိတ်ရက် အလုပ်ပိတ်ရက်တွေမှာ နေ့လယ်နေ့ခင်း အပြင်းပြေ ဖျော်ရည်ဖျော်သောက်မယ်ဆိုရင် ကျန်းမာရေး အတွက်လည်းကောင်းမွန်စေတဲ့ ဖျော်ရည်လေးပဲဖြစ်ပါတယ်။

Credit -Food Magazine

No comments: