ရှေးတုန်းကတင်ရှားခဲ့တဲ့ဒဏ္ဍာရီတစ်ခုမှာဆိုထားတာကတော့တစ်ခါကလက်ဘနွန်နိုင်ငံရဲ့လှပသာယာတဲ့
တောအုပ်လေးတစ်ခုမှာ ထင်းရှူးပင်လေးသုံးပင်ပေါက်လာခဲ့တယ်တဲ့။အားလုံးသိကြတဲ့အတိုင်းပဲထင်းရှူးပင်တွေဟာ ကြီးထွားနှုန်းနှေးလွန်းတာကြောင့်အဲဒီထင်းရှူးပင်လေးသုံးပင်ဟာရာစုနှစ်နဲ့ချီပြီး`ရှင်သန်ခြင်းနဲ့သဆုံးခြင်း´၊`သဘာဝနဲ့
လူသား´ အကြောင်းတွေကို တွေးတော ဖြတ်ကျော်လာခဲ့ကြတယ်။
သူတို့ဟာ ဆ်ာလမွန်ဘုရင်ကြီးရဲ့
စစ်သည်ရဲမက်တွေ လက်ဘနွန်နိုင်ငံကို ရောက်လာတာ၊ Assyrian လူမျိုးတွေနဲ့သွေးမြေလွှမ်းခဲ့တဲ့တိုက်ပွဲတွေကိုမြင်တွေ့ခဲ့ကြတယ်။ပြီးတော့ကမ္ဘာ့ရန်တွေဖြစ်တဲ့
ယေဇာဗလ်(Jezebel)နဲ့ပရောဖတ်အီလိယာ(Elijah)တို့ကိုလည်းတွေ့ဖူးခဲ့တယ်။
သူတို့ရှေ့မှောက်မှာပဲအက္ခရာကိုတီထွင်လာကြတယ်။ကုန်သည်တွေကလည်းရောင်စုံအထည်အလိပ်တွေတင်ပြီး
သူတို့နားက ဖြတ်သန်းသွားကြတယ်။ဒီလိုနဲ့သာတောင့်သာယာရှိတဲ့နေ့တစ်နေ့မှာထင်ရှူးပင်လေးသုံးပင်ဟာသူတို့ရဲ့အနာဂတ်တွေနဲ့
ပတ်သက်ပြီး ဆွေးနွေးကြဖို့ ဆုံးဖြတ်လိုက်တယ်။
ပထမတစ်ပင်ကပြောတယ်`သက်တမ်းတစ်လျှောက်လုံးကြုံတွေ့ခဲ့ရတာတွေ
အားလုံးနောက်မှာတော့ ငါ့မှာ ဖြစ်ချင်တာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ရန်ခပ်သိမ်းကို
အောင်နိုင်တဲ့ ဘုရင်တစ်ပါးရဲ့ ပလ္လင် ဖြစ်ဖို့ပဲ´`ငါ့အနေနဲ့ကတော့ မေတ္တာနဲ့
စွန့်လွတ်အနစ်နာ ခံမှုအကြောင်း ခေတ်အဆက်ဆက် ဥပမာပြု ပြောဆိုသွားကြရမယ်အရာတစ်ခုခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ချင်တယ်´
လို့ ဒုတိယတစ်ပင်က ပြောတယ်။
တတိယတစ်ယောက်ကတော့`လူတွေငါ့ကို
ကြည့်တဲ့အခါတိုင်း ဘုရားသခင်ကို အောက်မေ့ကြတာမျိုး ဖြစ်ချင်တယ်´လို့ပြောလိုက်တယ်။နှစ်တွေ၊နှစ်တွေကုန်လွန်သွားလိုက်တာနောက်ဆုံးမှာတော့
တောအုပ်လေးထဲကိုသစ်ခုတ်သမားတွေရောက်လာကြတယ်။သစ်ခုတ်သမားတွေဟာ
ထင်ရှူးပင်သုံးပင်လုံးကိုခုတ်ပြီး ခွဲစိတ် ပစ်လိုက်ကြတယ်။
ထင်ရှူးပင်သုံးပင်လုံးမှာတော့ကိုယ်စီကိုယ်စီစိတ်ကူးအိပ်မက်လေးတွေနဲ့ပေါ့။ဒါပေမယ့်
လက်တွေ့ဘ၀ကြီးဆိုတာကငါတို့ဘာတွေ ဖြစ်ချင်လဲဆိုတာ ဘယ်တုန်းကမှ မမေးဘူးလေ။
ပထမ
ထင်ရှူးပင်လေးကိုတော့ တင်းကုတ်လုပ်ပစ်လိုက်ကြတယ်။ နောက်ပြီးသူ့ဆီကပိုနေသေးတဲ့
အသားတွေနဲ့ စားခွက်ကလေးလုပ်လိုက်ကြတယ်။
ဒုတိယအပင်ကိုတော့
ခပ်ကြမ်းကြမ်းစားပွဲတစ်လုံးလုပ်လိုက်တယ်။ နောက်ပိုင်းမှာ ပရိဘောဂ ဆိုင်ကို
ပို့ပစ်ဖို့ပေါ့။
တတိယအပင်က
ရတဲ့သစ်ကိုတော့ ရောင်းမရတဲ့အတွက် ပျဉ်အဖြစ်စိပ်ပြီး မြို့ကြီးတစ်မြို့က
ဂိုထောင်ထဲမှာ သိမ်းထားလိုက်ကြတယ်။
ထင်းရှူးပင်သုံးပင်ဟာ
ခါးသီးစွာနဲ့ပဲ စိတ်ပျက်လက်ပျက် ညည်းညူမိကြတယ် ` ငါတို့ဟာ သစ်မျိုးကောင်းတွေ
ဖြစ်ပေမယ့် ငါတို့ကို ကောင်းကောင်းမွန်မွန်အသုံးပြုဖို့တော့ ဘယ်သူမှ
နေရာရှာမတွေ့ကြပါလား´ လို့ပေါ့။
ဒီလိုနဲ့
အချိန်တွေကုန်လာလိုက်တာ တစ်နေ့၊ ကြယ်တာရာတွေ စုံတဲ့ ညတစ်ညမှာ နားခိုစရာမရတတ်တဲ့
ဇနီးမောင်နှံတစ်စုံဟာ ပထမ ထင်းရှူးပင်လေးက ရတဲ့သစ်ကနေ ဆောက်ထားတဲ့ တင်းကုပ်လေးမှာ
ညအိပ်နားဖို့ ရောက်လာကြတယ်။ မိန်းမဖြစ်သူက ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့ပေါ့။
အဲဒီညမှာပဲ အဲဒီအမျိုးသမီးဟာ သားတစ်ယောက် ဖွားမြင်တယ်။ အဲဒီကလေးငယ်လေးကို
စားခွက်လေးထဲက မြက်ခြောက်လေးတွေပေါ် သိပ်လိုက်တယ်။
အဲဒီအခိုက်အတန့်မှာပဲ
ပထမ ထင်းရှူးပင်လေးဟာ သဘောပေါက်သွားတယ်။ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေဟာ
တကယ်ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးသော အောင်နိုင်သူ လူသားရဲ့
အထောက်အပံ အဖြစ်ကို သူရလိုက်ပြီလို့ပေါ့။
နောက်
နှစ်အနည်းငယ်အကြာမှာ အိမ် ခပ်သေးသေးတစ်လုံးထဲမှာ လူအချို့ စားကြသောက်ကြတယ်။ ဒုတိယ
ထင်းရှူးပင်ကနေ လုပ်ထားတဲ့ စားပွဲမှာပေါ့။ အဲဒီလူတွေထဲက တစ်ယောက်က
မစားသောက်ကြခင်မှာ စားပွဲပေါ်မှာတင်ထားတဲ့ ပေါင်မုန့်နဲ့ ၀ိုင် အချို့ကို
နမူနာထားပြီး စကားတစ်ချို့ပြောတယ်။
အဲဒီမှာ
ဒုတိယထင်းရှူးပင်ဟာလည်း သဘောပေါက်သွားတယ်။ သူဟာ ပေါင်မုန့်နဲ့ ၀ိုင်တင်တဲ့
စားပွဲသက်သက်မဟုတ်တော့ပဲ ၊ ဘုရားသခင်နဲ့ လူသားကြား ဆက်သွယ်မှုရဲ့ အထောက်အပံ့
အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။
နောက်တစ်နေ့မှာတော့
တတိယထင်းရှူးပင်လေးက ရတဲ့ ပျဉ်တွေနဲ့ လက်ဝါးကပ်တိုင်လုပ်လိုက်ကြတယ်။
နောက်နာရီအနည်းငယ်အကြာမှာတော့ ဒဏ်ရာတွေနဲ့ လူတစ်ယောက်ကို ခေါ်လာကြပြီး
အဲဒီလက်ဝါးကပ်တိုင်မှာ သံတွေနဲ့ ရိုက်လိုက်ကြတယ်။ တတိယမြောက် ထင်းရှူးပင်လေးဟာ
စိတ်ပျက်ဝမ်းနည်းစွာနဲ့ သူ့ရဲ့ အသုံးပြုခံနေရာအတွက် ကံကြမ္မာကို ကျိန်ဆိုမိတယ်။
ဒါပေမယ့်
သုံးရက်တောင် မလွန်ခင်မှာပဲ သူလည်းသဘောပေါက်သွားတယ်။ သူ့လက်ဝါးကပ်တိုင်မှာ
အချိတ်ခံရတဲ့ လူသားဟာ လောကရဲ့ အလင်းတန်ဆောင်ဖြစ်နေတာ။ သူ့ရဲ့ လက်ဝါးကပ်တိုင်ဟာ
နှိပ်စက်ညှဉ်းပန်းရာ လက်နက်အဖြစ်ကနေပြီး လွတ်မြောက်ရာ၊ အောင်မြင်ရာ
သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ၊ စတာတွေအားလုံးကိုပေါ့။
No comments:
Post a Comment