Tuesday, November 17, 2015

Go Green Mocktail





ဒီတစ်ခါ Mocktail အနေနဲ့ကတော့ ပင်စိမ်းနံ့ သင်းသင်းလေးနဲ့ လွယ်လွယ်ကူကူ ဖျော်သောက်လို့ ကောင်းမယ့် Non-Alcohol Mocktail လေးပါပဲ။ စပျစ်သီးဖျော်ရည်နှင့် ဖျော်ထားတာမို့ စပျစ်သီးက ဝိတ်လည်းကျစေသလို ပင်စိမ်းကလည်း ကျန်းမာရေးအတွက်ကောင်းစေတာမို့ စပျစ်သီး Crazy တွေအတွက် အဆင်ပြေမှာပါ။
 ပါဝင်ပစ္စည်းတွေကတော့
   Grape Juice   –   240 ml
   Lime Juice   –   20 ml
   Basil Leaves   –   3 – 4 spring
   White sugar   –   2 spoons
ပြုလုပ်ပုံကတော့
          ရှေးဦးစွာ ပင်စိမ်းရွက် သုံးလေးရွက်ခန့်ကို ခြွေယူကာ ရေစင်စင်ဆေးပြီး ဖန်ခွက်ထဲကို ထည့်လိုက်ပါ။ ပြီးလျှင် စားပွဲတင်သကြား အဖြူနှစ်ဇွန်းခန့်ကိုထည့်ပြီး ပင်စိမ်းအနံ့လေးထွက်အောင် ည်းနည်းကြိတ်ခြေလိုက်ပါ။
ပြီးနောက် လတ်လတ်ဆတ်ဆတ် ညှစ်ယူထားသော သံပရာရည်ကိုထည့်ပြီးလျှင် ရေခဲအမွလေးများကို ထည့်ကာ အပေါ်က စပျစ်သီးဖျော်ရည်ကို လောင်းထည့်ပြီးလျှင် ဇွန်းနှင့် အထက်အောက် မွှေလိုက်ပြီးလျှင် သုံးဆောင်လို့ရပါပြီ။ Grape Juice အတွက် Fresh မရလည်း စိတ်ပူစရာမလိုပါဘူးနော်။ ဆိုင်မှာရောင်းတဲ့ အသင့်သုံးဘူးတွေထဲကမှ Red Grape Juice White Grape Juice စသဖြင့် အမျိုးမျိုးရှိတာမို့ ကြိုက်နှစ်သက်ရာ စပျစ်သီးဖျော်ရည်ကို လွယ်ကူစွာ ဝယ်ယူနိုင်ပါတယ်။ ကဲ စပျစ်သီး Mocktail လေး သောက်ပြီး စိတ်ကျေနပ်နိုင်ကြပါစေ။

Credit- Food Magazine

No comments: