Monday, November 16, 2015

" သီဟာသနပလ္လင်ဆိုတာ"

သီဟာသနပလ္လင်ဆိုတာ
မြေနန်းရယ် လွှတ်တော်ရယ် ပေါင်းနှစ်နေရာမှာထားတယ်
နန်းတော်မှာရှိတဲ့ ပလ္လင်တွေထဲမှာ
ဒီပလ္လင်ဟာအရေးပါဆုံးဖြစ်တယ်
ပလ္လင်ရဲ့အဓိပ္ပာယ် ခြင်္သေ့မှာ ရဲရင့်ခြင်း
ခွန်အားကြီးခြင်း စတဲ့ အရည်သွေးရှိသလို
ဘုရင်မှာလဲ ဒီသတ္တိရှိရမယ်လို့
ရည်ညွှန်းတယ်
ဒီပလ္လင်ကို
အရေးပါတဲ့ ကိစ္စတွေဖြစ်တဲ့
နိုင်ငံခြားသံတမန်ကြီးတွေ ဝင်ရောက်ဖူးမြော်
ကန်တော့ခံတဲ့အခါ
ကျွန်တော်မျိုးတို့ကို သစ္စာရေတိုက်တဲ့အခါ
နှစ်စဉ် နှစ်ကူး ဝါဝင် ဝါကျွတ်ကန်တော့ခံတဲ့အခါ
ပဒေသရာဇ်တွေရဲ့ ကန်တော့ခံလက်ဆောင်
လက်ခံတဲ့အခါ

ပလ္လင်တစ်ဖက်စီမယ်
ထီးဖြူလေးလက်ထား ထီးဖြူရှစ်လက်ဖွင့်ပြီး
သုံးတော်မူတယ်
ပြီးတော့
လွှတ်တော်ကို ရှင်ဘုရင်ထွက်ပြီးလဲ
အမိန့်ပြန်တယ် တရားဆုံးဖြတ်တယ်
အဲ့ဒီခါမယ် လွှတ်တော်က သီဟာသနပလ္လင်ကိုသုံးတယ်
ပြီးတော့ ပလ္လင်ပြုလုပ်ထားပုံက ပလ္လင်တစ်ဖက်တစ်ချက်မယ်
ရွှေချထားတဲ့ခြင်္သေ့ရုပ်တွေရှိတယ်
ပလ္လင်ပေါ်ကို အနောက်က လှေခါးနဲ့တက်ရတယ်
ပြီးတော့ကာ
ရွှေချထားတဲ့ သံခေါက်တံခါးကို
( သံဆွဲတံခါး )
ဖွင့်ပြီးဝင်ရတယ်
ပလ္လင်ပုံက ဗုဒ္ဓဆင်းတုတော်မယ် လုပ်တဲ့ပလ္လင်လိုပဲခါးသိမ်တယ်
တံခါးပေါ်က ထုတ်တန်းမှာတော့ နဂါးနှစ်ကောင်နဲ့ နတ်တစ်ဆယ့်ခြောက်ပါးရုပ်တွေရှိတယ်
အောက်ခြေမယ် ကြာလန်ကြာမှောက်
နှစ်ပွင့်ဆက်ထားတယ်
ဂေါတမမြတ်စွာဘုရား ပလ္လင်နဲ့တစ်ပုံ
တည်းဖြစ်တယ်
ကြာနှစ်ပွင့်ထိတဲ့ တုရင်တွေမှာဆို အခေါင်းကလေးတွေ နှစ်တန်းလုပ်ထားပြီး
ခြင်္သေ့ရုပ်ကလေးတွေထည့်ထားပြန်တယ်
သီဟာသနပလ္လင်ရဲ့အမြင့်သည်
ထိပ်မှမြေကြီးအထိ
၃၄ ပေ ၆ ၃/၅ လက်္မရှိတယ်
ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတာက
ဒီပလ္လင်ကိုလုပ်တဲ့အခါ
နန်းတော်အထက် မြေခုံလုပ်ပြီး တင်ထားတယ်
အဲ့ဒီမြေက ရိုးရိုးမြေမဟုတ်
အိန္ဒိယအယူအတိုင်း စကြာဝဠာရဲ့
ဗဟိုချက်မဖြစ်တဲ့ မဇ္ဈိမဒေသက နေရာတစ်ဆယ့်နှစ်နေရာက သန့်ပြန့်တဲ့
မြေကိုယူပြီးလုပ်ထားတာဖြစ်တယ်
အဲ့ဒီတော့ ပလ္လင်ကြီးရဲ့
အဲ့ဒီခေတ်က
လုပ်ခဲ့တဲ့ကုန်ကျစရိတ်ကို
ဆက်ကြပါစို့
ပလ္လင်ကုန်ကျစရိတ်က
ရတနာပုံခေတ်
အဖိုးနဲ့စုစုပေါင်း ၄၇၇၄.၉ ကျပ်ကုန်တယ်
အသေးစိတ်အနေနဲ့ (ကျပ်)
၁၀၂(အရေအတွက်) ယမနေထပ်ပျဉ် ၁၂၄၇(ကျပ်)
၁၀ ယမနေသစ်တုံး ၄၇
၅၅ ကျွန်းပျဉ် ၇၉
၂ ကျွန်းတိုင် ၃
၎ ရေသဖန်းပျဉ် ၁၆
၂၀၀ ကပ္ပိလသံချောင်း ၄၀
၁၄၀၀ သံမှိုကြီး ၅၈
၂၀၀၀ သံအသေး ၅
၂၀၀ မျှော့ ၁၀
၁ တံခါးလမ်းသံပြား ၁၀
၃ သံဆိုင်း ၀.၅
၂ တံခါးညှပ်သံပြား ၆
၂ တံခါးရွက် ၃
၂ တမုတ်ကြိုးဆွဲသံကိုင်း ၂
၎ ဆည်းလည်းသီးသံချောင်း ၀.၆
၁ စိန်ပျံသံတိုင် ၅
၂ လောကနတ် (တံခါးရွက်ပေါ်တပ်) ၁၉.၅
၄၀ သံတံခါးရွက်ကြေးစက်လုံး ၁၉.၆
၁၈ ဆည်းလည်း ၁.၅
၂ ကြေးစက်ကြီး ၄.၅
၂ ခဲတုံး ၁၀
၂ ပိုးပြား ၁.၅
၃၀ သစ်စေး/ပိသာ ၃၀
၂ ကောက်ညှင်း/တင်း ၀.၂၅
၂ပိသာခြဲ ဟသာၤပဒါး ၅၆.၅
၂ ပိသာခွဲ ခဲပြား ၁၀
၁ ပိသာခွဲပြဒါး ၆၀
၁၀၀ ရွှေလှောင်စက္ကူ/ရွက် ၀.၅
၄၁၆ ရွှေနီ/ဗူး ၁၂၄၈
၂၀ မှန်/ပိသာ ၇၀
၆၄၃ လောကနတ်စီခြယ်ရန်ကျောက်မျက် ၁၂၈
ကျောက်စီခ ၄၀
လက်သမားခ ၈
ပွတ်သမားခ ၅
သစ်စေးသမားမှန်စီရွှေချခ ၁၅၀
၃၀ ကြေးဆင်စွယ်ကွင်း ၁
နဝရတ်အတု ၂၀
နတ်ပသ(ကန်တော့ပွဲ) ၄၃.၅ တို့ဖြစ်တယ်
ဒါကတော့ အများသိကြတဲ့
သီဟာသနပလ္လင်အကြောင်းလေးနဲ့
ပြုလုပ်ကုန်ကျမူ
အသေးစိတ်လေးဖြစ်ပါကြောင်း
သမိုင်းဗဟုသုတဝမ်းစာအလို့ငှာ
ဖော်ပြလိုက်ပါတယ်---ဗိုလ်ကျော်ခေါင်

No comments: