Sunday, November 15, 2015

Type Of Menu

"Types of Menu"
=============
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ခုတလော မအားလပ်တဲ့အတွက် ပို့စ်တွေ မတင်ဖြစ်တာကို နားလည်ပေးကြပါ ခင်ဗျာ။
ဒီနေ့မှာတော့ Menu အမျိုးအစားတွေအကြောင်း တင်ပြပေးပါမယ်။
'Menu' ဆိုတာဟာ ပြင်သစ်ဘာသာစကား 'menu de repas' မှ ဆင်းသက်လာတာ ဖြစ်ပြီး 'list of items for a meal' လို့ အဓိပ္ပါယ်ရပါတယ်။
Menuဟာ စားသောက်ဆိုင်တွေရဲ့ အဓိက Marketing plan တခုဆိုလည်း မမှားပါဘူး။ လာရောက် စားသုံးသူတွေဟာ ဆိုင်တစ်ဆိုင်ရဲ့ အပြင်အဆင်၊ ဝန်ဆောင်မှုသာမက၊ ဆိုင်ရဲ့ menuကိုပါ ကြည့်ပြီး ထိုဆိုင်ကို အကဲဖြတ်ကြပါတယ်။
ထို့ကြောင့် စားသောက်ဆိုင်တွေ အနေနဲ့ မိမိတို့ဆိုင်ရဲ့ menu ကို သန့်ရှင်းသပ်ရပ်ပြီး နားလည်လွယ်ရန်နှင့် ဈေးနှုန်းများကိုလဲ မှန်ကန်စွာ ဖော်ပြထားရန် အရေးကြီးလှပါတယ်။

ကမ္ဘာ့နေရာဒေသ အသီးသီးမှာ မတူညီကွဲပြားတဲ့ သဘာဝ၊ ရာသီဥတု၊ လူနေမှု ဓလေ့စရိုက်တွေအပေါ် မူတည်ပြီး Menuပုံစံကွဲများ များစွာရှိပါတယ်။
၁။ Table d'hote menu (တာဘယ်(လ်)ဒေါ)
ဒီ menu ပုံစံကတော့ starter, main course, dessert စတဲ့ courseတွေ ပေါင်းစပ်ပါဝင်ပြီး ဈေးနှုန်း ပုံသေ သတ်မှတ်ထားပါတယ်။
(fixed menu, fixed price)
ဟင်းပွဲရွေးချယ်မှုကို ကန့်သတ်ထားပါတယ်။
၂။ A la carte menu (အာလာကဒ်)
ဟင်းပွဲ တစ်ပွဲစီကို သီးခြားဈေးနှုန်း သတ်မှတ်ပေးထားပြီး စားသုံးသူအနေနဲ့ appetizer, soup, main course, dessert, drink စတာတွေကို မိမိစိတ်ကြိုက် ရွေးချယ်မှာယူလို့ ရပါတယ်။ A la carte မှာ table d'hote ထက် ရွေးချယ်စရာ ပိုမိုစုံလင်သလို မတူညီတဲ့ ဟင်းပွဲတွေအတွက် မတူညီတဲ့ ဈေးနှုန်းတွေ ကျသင့်မှာဖြစ်ပါတယ်။
'A la'ဟာ cooked to order လို့ အဓိပ္ပါယ် ရပါတယ်။ စားသုံးသူ မှာယူမှသာ စတင်ချက်ပြုတ်ပါတယ်။
၃။ Breakfast
Breakfastမှာတော့ Continental/light breakfastနှင့် Full English breakfast ဆိုပြီး နှစ်မျိုး ရှိပါတယ်။
light breakfastကတော့ sweet bread နဲ့ hot drink အဓိကပါ။
full lengthမှာတော့ ရွေးချယ်စရာ စုံလင်စွာ ပါရှိပါတယ်။ table service (သို့) buffet style ရရှိနိုင်ပါတယ်။
၎။ Afternoon tea
ယခုလက်ရှိမှာ popular ဖြစ်လာပါတယ်။
sandwiches၊ pastries စတာတွေကို standတွေပေါ် တင်ထားပြီး customer တွေကို ရွေးချယ်စေပါတယ်။ ထို့နောက် tea အမျိုးအစားပေါင်း များစွာဖြင့် တွဲဖက် စားသုံး ကြပါတယ်။
၅။ High tea
ညနေခင်း ၅နာရီမှ ၇နာရီအတွင်း စားသုံးလေ့ရှိပါတယ်။ အကင်တွေနဲ့ အကြော်တွေ အဓိကပါဝင်ပြီး bread, cake, pastry စတာတွေနဲ့ တွဲဖက်စားသုံး ကြပါတယ်။ coffee (or) tea လဲ ပါဝင်ပါတယ်။
၆။ Buffets
အမျိုးအစားစုံလင်တဲ့ ဟင်းလျာများကို ဈေးနှုန်းတစ်ခုထဲပေါ်မှာ စိတ်ကြိုက် စားသုံးခွင့် ရှိပါတယ်။
self-service (or) waiter service ပေးပါတယ်။
၇။ Functions
ဈေးနှုန်းပုံသေ သတ်မှတ်ထားတဲ့ မီနူးအမျိုးအစာ ဖြစ်ပါတယ်။ ဟင်းပွဲ ရွေးချယ်မှု ကန့်သတ်ချက်ရှိပါတယ်။
ကြိုတင်မှာယူရပြီး မင်္ဂလာဆောင်နှင့် မွေးနေ့ပါတီတွေမှာ အသုံးပြုလေ့ ရှိပါတယ်။
ဗဟသုတ ဖြစ်ဖွယ်များကို ဆက်လက်ဝေမျှ သွားပါအုံးမယ်။
အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။
Credit To-ဟိုတယ်နှင့်ခရီးသွား ရပ်ဝန်း    #HnTknowledge

No comments: