Labels
- ၅၅၀ ဇာတ်တော် (4)
- Cocktails (13)
- Food & Beverage (25)
- Mocktail (5)
- ကျန်းမာရေး (21)
- စာအုပ်စင် (6)
- တိုင်းရင်းသားလူမျိုးများ (28)
- ဘဝတိုးတက်ရေးစာစုများ (60)
- ဘာသာရေး (72)
- ဘုရားသမိုင်း (52)
- မြန်မာတို့၏ဆယ့်နှစ်လရာသီဖြစ်ပေါ်လာပုံ (15)
- မြန်မာ့ရိုးရာဓလေ့ကိုးကွယ်မှုနှင့်ယုံကြည်မှု (39)
- လူငယ်ကဏ္ဏ (36)
- သမိုင်း (72)
- အင်္ဂလိပ်စာဝေါဟာရများ (44)
- အထွေထွေဗဟုသုတ (140)
Thursday, November 12, 2015
စကားကြီး (၁၀) မျိုး
စကားကြီး (၁၀) မျိုး
မြန်မာစကားမှာ စကားကြီးဆယ်မျိုးရှိတယ်။ တနည်းအားဖြင့် စကားအရာ အင်္ဂါလေးတန် စကားဆယ်မျိုးပါဝင်တဲ့ စကားတစ်ခွန်းဟာ တစ်ခွန်းဆို ဆိုသလောက် အဓိပ္ပါယ်ပြည့်ဝတဲ့ စကားဖြစ်ပါတယ်။ (ယခု စကားကြီးဆယ်မျိုး ပိုစ့်ကိုသန်းလွင် (သုတေသီ)ရေးသော စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)
စကားကြီး (၁၀)မျိုး
၁။ ရေကူးညာတင်
၂။ ကောက်ပင်ရိတ်လှီး
၃။ ရေစီးဖောင်ဆန်
၎။ အိုးတန်ဆန်ခတ်
၅။ ဆီပွတ်ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူယာခုတ်
၈။ ကြက်ဆုတ်ခွပ်ပစ်
၉။ ရေစစ်ခရား
၁၀။ ခတ်တင်မောင်းနှင်း
၁။ ရေကူးညာတင်
ဆိုရာမှာ မြစ်တစ်ဘက်ကမ်းကနေပြီး ကမ်းတစ်ဘက်ကို ကူးတဲ့ အခါမှာ မြစ်ညာက ကြိုပြီးကူးမှကိုယ်လိုတဲ့ နေရာကိုရောက်မှာ ဖြစ်ပါတယ်။
၂။ ကောက်ပင်ရိတ်လှီး
ကောက်ပင်ကို ဘယ်လိုရိတ်သလဲ၊ လက်တစ်ဖက်နဲ့ ဆုပ်ပြီးမှ ကျန်လက်တစ်ဖက်က တံစဉ်နဲ့ အရင်းကဖြတ်ယူရပါတယ်။
၃။ ရေစီးဖောင်ဆန်
ဖောင်းကြီး တစ်စင်းအနေနဲ့ မြစ်ညာကို ဆန်တက်တဲ့ အခါ လိုအပ်ရာကိုရောက်ဖို့ တဖြည်းဖြည်းကြိုတင်ပြီး ဆန်တက်ရပါတ်ယ။
၎။ အိုးတန်ဆန်ခတ်
ထမင်းချက်တဲ့ အခါ ဆန်ကို အိုးနဲ့ တန်ရုံသာ ထည့်ပြီးချက်မှသာ အနေတော်နူးနပ်တဲ့ ထမင်းကိုရနိုင်မှာဖြစ်ပါတယ်။
၅။ ဆီပွတ်ကျည်ပွေ့
ဆီထွက်တဲ့ အစေ့ကိုဆုံထဲထည့်ပြီး ကြိတ်တဲ့ အခါ အထပ်ထပ်ကြိတ်ရ ပွတ်ရပါမှ ဆီကောင်းကောင်းထွက်မှာဖြစ်ပါတယ်။
၆။ ဆင်ဝှေ့ရန်ရှောင်
ဆင်နဲ့တွေ့ပြီး ဆင်ကလိုက်တဲ့ အခါမှာ တည့်တည့်မပြေးရပါဘူး။ ကွေ့ရှောင်ပြေးမှ အသက်ချမ်းသာမှာဖြစ်ပါတယ်။
၇။ တောင်သူယာခုတ်
တောင်သူတွေယာခုတ်တဲ့ အခါ ချုံဖုတ်နဲ့ သစ်ပင်ငယ်တွေကို အရင်ခုတ်ရပါတယ်။ နောက်မှ သစ်ပင်ကြီးတွေကို ခုတ်လှဲရပါတယ်။
၈။ ကြက်ဆုပ်ခွပ်ပစ်
ကြက်များခွပ်တဲ့ အခါ နောက်ကိုဆုတ်ပြီးမှ အားယူပြီးအတက်နဲ့ အားသွင်းပြီး ခွပ်ရပါတယ်။
၉။ ရေစစ်ကရား
ရေစစ်ကရားဆိုတာ ရေစစ်ယူတဲ့ အခါ အမှိုက်မပါအောင်ရေထဲနှစ်ပြီး ရေသန့်ရအောင်စစ်ယူတဲ့ သဘောပါ။ ဒါမှလည်း ရေသန့်ရမှာဖြစ်ပါတယ်။
၁၀။ ခတ်တင်ဖောင်နှင်း
စကားပြောရာတွင် အလွန်အကျူးမပြောပဲ တိုးသာဆုတ်သာ ပြောခြင်းမျိုးကို ခတ်တင်ဖောင်နှင်း လို့ ဆိုပါတယ်။
လူတစ်ဦး ရည်မွန်တယ်ဆိုတာ အ၀တ်အစားနဲ့ အင်္ဂါရုပ်ထက် စကားအပြောအဆိုပေါ်မှာ မူတည်ပါတယ်။
သံကင်း တမန်ခင်းဆိုတာ စကားအရာအင်္ဂါလေးတန်နဲ့ စကားကြီးဆယ်မျိုးကို ကောင်းကောင်းနားလည်မှ လူရာဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားကို မြန်မာနားဝင်အောင်ပြောတတ်ဖို့ ခုတင်ပေးလိုက်တဲ့ စကားကြီးဆယ်မျိုးက အလွန်အရေးပါလှပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment