၁) အသုံးများတဲ့ Grammar Pattern အချို့ကိုလေ့လာပါ။
Grammar ကိုအများကြီးစလေ့လာစရာမလိုပါဘူး။ Pattern တွေအများကြီးလေ့လာရင် ထုံသွားတတ်ပါတယ်။
ဖြည်းဖြည်းသာလေ့လာပါ။ ဒါပေမယ့် အသုံးအများဆုံးတွေကို အရင်လေ့လာပါ။
(၂) နေ့တိုင်းစကားလုံးအသစ်လေ့လာပါ။
ကျွန်တော်လေ့လာခဲ့စဉ်က ကျွန်တော့်အိပ်ရာခြေရင်းမှာ နေ့တိုင်း စကားလုံး(၁၀)ရေးထားတဲ့ စာရွက်တစ်ရွက်
ကပ်ထားပါတယ်။ တစ်နေ့ကို (၁၀)လုံးလေ့လာပါတယ်။ (၅) လုံးနိုင်ရင် (၅) လုံးပဲလေ့လာပါ။ (၁) လုံးပဲလေ့
လာနိုင်ရင်လည်း (၁)လုံးပဲလေ့လာပါ။ အဓိကက မှတ်မိဖို့ပါ။ အများကြီးသိဖို့မလိုပါဘူး။ Native Speaker တွေ
တောင်သူတို့ Englishစာလုံးအကုန်မသိပါဘူး။ အရေးကြီးဆုံးအချက်က ထိုစာလုံးတွေကို ပြန်လည်အသုံးချဖို့
ပါ။
(၃) စာလုံးတွေကို ဒီအတိုင်းသာလိကာကျက်မကျက်ပါနဲ့။
စာလုံးတွေကို cat=ကြောင်လို့ ကျက်မယ့်အစား I love cats ကဲ့သို့သော ဝါကျနဲ့ကျက်ပါ။ အဲ့ဒိစာလုံးကိုအသုံး
ပြုပြီး အနည်းဆုံး ဝါကျသုံးကြောင်းလောက်ပြောပါ။ အသုံးမချရင် မကြာခင်မေ့သွားလိမ့်မယ်။
(၄) မပြောရင်ပြောတတ်မှာမဟုတ်ဘူး။
အိမ်မှာလေ့လာတယ်ဆိုတော့ Englishစကားပြောဖို့ အဖော်ရှားမှာသေချာပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး
တော့ စကားပြောဖော်ရှာဖွေပါ။ သူငယ်ချင်းစိတ်တူကိုယ်တူတွေကို English လိုပြောဖို့ စွဲဆောင်ပါ။နောက်ဆုံး
ပြောဖို့ အဖော်ဘယ်လိုမှ ရှာမရဘူးဆိုရင် မှန်ကြည့်ပြီးပြောပါ။ မှားမှာမကြောက်ပါနဲ့။ သူများဘာသာစကားကို
လေ့လာနေတာဖြစ်တဲ့အတွက် လူတိုင်းအစမှာ မှားလေ့ရှိပါတယ်။
(၅) ရုပ်ရှင်ကြည့်ပါ။
အရင်တုန်းကဆောင်းပါးတွေမှာလည်း ရုပ်ရှင်ကြည့်ဖို့ကိုအကြိမ်ကြိမ်ပြောခဲ့ပါတယ်။ အင်္ဂလိပ်စာတိုးတက်ချင်
တယ်လို့ပြောပြီး ကိုရီးယားကားပဲကြည့်နေတဲ့သူတွေကများနေပါတယ်။ Englishလိုပြောတဲ့ဇာတ်ကားတွေကို
ကြည့်ပါ။ Drama ကားတွေကိုပိုကြည့်စေချင်ပါတယ်။ ဒါမှမဟုတ်ကာတွန်းကားတွေကြည့်ပါ။ ဘာလို့လည်းဆို
တော့ ကာတွန်းကားတွေက ခက်ခဲတဲ့စကားလုံးတွေမသုံးထားပါဘူး။ လွယ်ကူတဲ့အသုံးအနှုန်းတွေနဲ့မို့ ပိုမိုနား
လည်ရလွယ်မှာပါ။
(၆) သီချင်းနားထောင်ပါ။ လိုက်ဆိုပါ။
တစ်ချို့တွေက Englishသီချင်းတွေနားထောင်လေ့မရှိပါဘူး။ ဒါပေမယ့် Englishစာတိုးတက်ချင်ရင်တော့
English သီချင်းတွေနားထောင်သင့်ပါတယ်။ နားထောင်ရုံနဲ့လည်းမပြီးပါဘူး။ လိုက်ဆိုပါ။ ဒါမှသင့်နှုတ်က
English လိုပြောဖို့ ပိုမိုရဲတင်းလာမှာပါ။ လူကြားသူကြားထဲမဆိုရဲရင် ရေချိုးခန်းထဲမှာ အရင်စဆိုပါ။
(၇) စာအုပ်တွေဖတ်ပါ။
စာအုပ်တွေဆိုလို့ အခက်အခဲကြီးတွေဖတ်စရာမလိုပါဘူး။ လွယ်တဲ့စာအုပ်လေးတွေစဖတ်ပါ။ ပုံပြင်စာအုပ်
လေးတွေကအထူးသင့်တော်ပါတယ်။
(၈) အင်တာနက်သည် အကောင်းဆုံးလက်နက်
Facebook ပေါ်မှာလည်း English စာလေ့လာလို့ရတဲ့ page လေးတွေအများကြီးရှိပါတယ်။ အင်္ဂလိပ်စာလေ့
လာလို့ရတဲ့ ဝက်ဘ်ဆိုဒ်ပေါင်းများစွာလည်းရှိပါတယ်။ အင်တာနက်ကို အကျိုးရှိစွာအသုံးချတတ်ပါစေ။
(၉) Englishစာဖြင့်ဝန်းရံပါ။
သင့်ရဲ့နေ့တစ်နေ့မှာ Engishစာနဲ့ပက်သက်တာ တစ်ခုခုတော့လုပ်ဖြစ်အောင်လုပ်ပါ။ကားပေါ်မှာအလုပ်သွား
ရင်း Listening တိုးတက်ဖို့ အသံဖိုင်တွေနားထောင်ပါ။ English သီချင်းတွေနားထောင်ပါ။
(၁၀) ဘာသာစကားကိုမြတ်နိုးပါ။
English လိုကောင်းကောင်းပြောတတ်ရင် အခြားသူတွေရဲ့အထင်တကြီးအကြည့်တွေကို ပိုင်ဆိုင်ရုံတင်
မဟုတ်ပါဘူး။ ဘယ်အလုပ်လျှောက်လျှောက် တင့်တယ်ပါတယ်။ သင့်အတွက် အလုပ်အကိုင်လည်း ပေါလာ
ပါလိမ့်မယ်။ အခွင့်အရေးတွေလည်း အများကြီးရလာပါလိမ့်မယ်။ ဒါကြောင့် ဘာသာစကားကို သေသေ
ချာချာ လေးလေးစားစားနဲ့ နေ့တိုင်းအချိန်ပေးပြီး လေ့လာပါ။

No comments:
Post a Comment