အရေးပေါ် ဆက်သွယ်မှုတွေမှာ အသုံးပြုပါတယ်။ဇာတ်ကားတွေထဲမှာသင်တွေ့ဖူးမှာပေါ့။ လေယာဉ်တစ်စီး
ကို ဒုံးကျည်နဲ့အပစ်ခံလိုက်ရတယ်ဆိုပါစို့။ လေယာဉ်မှုးက “Mayday, Mayday, Mayday” လို့အော်တာကို
သင်တွေ့ဖူးမယ်ထင်ပါတယ်။ဆိုလိုရင်းကတော့ သူ့လေယာဉ်အခက်အခဲဒုက္ခတွေ့နေပြီဆိုတာကို စကားပြော
စက်ထဲကနေ မြေပြင်ကိုသတင်းပို့တာပါ။
တကယ်တော့ “Mayday”ဆိုတဲ့စကားလုံးက မေလနဲ့ဘာမှမဆိုင်ပါဘူး။ အဲ့ဒိစာလုံးကပြင်သစ်ဘာသာစကား
“venez m’aider,” or “m’aidez,” ကနေဆင်းသက်လာတာပါ။”help me” နဲ့ဆိုလိုရင်းတူပါတယ်။
Frederick
Stanley Mockford ဆိုတဲ့ ရေဒီယိုအရာရှိက၁၉၂၀ ပြည့်နှစ်လောက်မှာ “Mayday”ဆိုတဲ့ အချက်ပြကုတ်ကို
တီထွင်ခဲ့ပါတယ်။ဒီစာလုံးကလေယာဉ်မှုးတွေရော လေဆိပ်ဝန်ထမ်းတွေရောအားလုံးနားလည်လွယ်တဲ့
စာလုံးဖြစ်တဲ့အပြင် အဲဒိတုန်းက Paris နားမှာလေကြောင်းလမ်းတွေကလည်း အရမ်းကိုများပြားနေခဲ့ပါတယ်။
ဒါကြောင့် “Mayday”ဆိုတဲ့စကားလုံးကိုရွေးချယ်ခဲ့တာပါ။
ယနေ့ခေတ်မှာတော့ အသက်အန္တရာယ်ရှိတဲ့အရေးကိစ္စတွေမှာ ဒီစာလုံးကိုအသုံးပြုနေကြပါပြီ။
အခြားစာလုံးတွေနဲ့နားကြားမမှားရအောင် ဒီစာလုံးကို “Mayday, Mayday, Mayday” ဆိုပြီး
သုံးခါပြောရပါတယ်။
ဗဟုသုတကြွဝကြပါစေ။

No comments:
Post a Comment